/
news/အလှအပနှင့်ကျန်းမာရေး/အသားအရေထိန်းသိမ်းမှု-ပုံမှန်လုပ်သင့်တဲ့-အကြောင်းရင်းများ

အသားအရေထိန်းသိမ်းမှု ပုံမှန်လုပ်သင့်တဲ့ အကြောင်းရင်းများ

Category
အလှအပနှင့်ကျန်းမာရေး

နေ့စဉ် skin care ပြုလုပ်ရမှာကို သိပ်အရေးမပါဘူးဟု ယူဆသူများ ရှိနိုင်ပါတယ်။ တကယ်ကတော့ အရေပြားဟာ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အကြီးမားဆုံးအစိတ်အပိုင်းထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် အရေပြားကျန်းမာရေးဟာလည်း အရေးကြီးတဲ့အခန်းကနေ ပါဝင်နေပါတယ်။ ဒါဆိုရင် ဘာကြောင့် skin care လုပ်သင့်တယ်ဆိုတဲ့ အကြောင်းရင်းလေးတွေကို လေ့လာကြည့်ရအောင်။

(၁)  အရေပြားဟာ နေ့စဉ် သူ့အလိုလို ကွာကျနေတယ်။
အရေပြားဆဲလ်တွေဟာ မိနစ်တိုင်းမှာ အသစ်လဲပြီး ကွာကျနေတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ဒီနေ့ ကျန်းမာနေတဲ့အရေပြားဆဲလ်တွေဟာ နောက်နေ့မှာ ကွာကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကိုယ့်အရေပြားတွေကို ဂရုမစိုက်မိရင် မနက်ဖြန်ဆိုရင် ပိုမိုညစ်ထေးတဲ့အရေပြားကို ပိုင်ဆိုင်ရပါလိမ့်မယ်။

Vicee 1

(၂)  အရေပြားအမျိုးအစားတွေဟာ မတူညီကြပါဘူး။
ကိုယ့်သူငယ်ချင်းက skin care မလုပ်တာတောင် အရေပြားက ကောင်းနေပေမယ့် အရေပြားအမျိုးအစားဟာ တစ်ယောက်နှင့်တစ်ယောက် မတူတဲ့အတွက် ကိုယ့်မှာကျတော့ skin care မလုပ်ရင် အရေပြားက ကောင်းချင်မှ ကောင်းနိုင်ပါလိမ့်မယ်။

(၃)  လှပတဲ့အရေပြားကို ဘဝတစ်လျှောက်လုံးအတွက် ထိန်းသိမ်းသင့်ပါတယ်။
နောက်နှစ် ၃၀ ထိ ကောင်းမွန်တဲ့အရေပြားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အခုချိန်မှာကတည်း က skin care ကို ဂရုတစိုက် ပြုလုပ်သင့်ပါတယ်။

(၄)  ကြိုတင်ကာကွယ်ခြင်းက လွယ်ကူပါတယ်။
ဝက်ခြံတွေ၊ တင်းတိပ်တွေ ထွက်လာတဲ့အချိန်ကျမှ skin care ထလုပ်တာ အရေပြားဆေးခန်းပြတာထက်စာရင် ပုံမှန်လေးနေ့စဉ် skincare လုပ်ခြင်းက ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် နေ့စဉ်အချိန်အနည်းငယ်ပေးပြီး skin care ပြုလုပ်ခြင်းဖြင့် အရေပြားပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေကို နေ့စဉ်စားသောက်ပေးခြင်း၊ နေ့စဉ်မစားဖြစ်ရင်လည်း ဗီတာမင် C ပါဝင်တဲ့ဆေးများ (ဥပမာ ViCee) ကို ပုံမှန်လေး မှီဝဲပေးခြင်းကလည်း အသားအရေ ကျန်းမာလှပဖို့အတွက် အထောက်အကူပြုစေပါတယ်။

Vicee 2

(၅)  ငွေကြေးကုန်ကျမှု သက်သာစေတယ်။
အရေပြားကို ပုံမှန်လေး ဂရုစိုက်ပေးခြင်းဟာ အရေပြားပြဿနာတွေကို ကာကွယ်ပေးတဲ့အတွက် တစ်ခုခုဖြစ်မှ ငွေကြေးအများကြီးကုန်ကျပြီး ကုသရခြင်းကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၆)  ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်။
ကြည်လင်တဲ့အရေပြားကို ပိုင်ဆိုင်နေခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။ လူတစ်ဦးနှင့်တစ်ဦး တွေ့ကြတဲ့အခါ မျက်နှာကို အရင်ဆုံးကြည့်ကြတဲ့အတွက် မျက်နှာလေး ကြည်လင်ချောမွေ့ နေခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုတိုးပွားနေမှာ ဖြစ်ပါတယ်။

(၇)  အခြားကျန်းမာရေးအလေ့အထများကိုပါ တွဲဖက်လုပ်ဆောင်သင့်ပါတယ်။
နေ့စဉ်လုပ်ငန်းဆောင်တာများမှာ skin care ပြုလုပ်ခြင်းကိုပါ ထည့်သွင်းခြင်းဖြင့် အခြားကျန်းမာရေး အလေ့အထကောင်းတွေကိုလည်း မွေးမြူပြီးသား ဖြစ်နိုင်ပါတယ်။ သွားကျန်းမာရေးဆိုင်ရာ အလေ့အထ၊ ဦးရေပြားကျန်းမာရေးဆိုင်ရာ အလေ့အထ စသည်ဖြင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် ပိုမိုကျန်းမာပြီး လှပတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)