/
news/အလှအပနှင့်ကျန်းမာရေး/အရေးအကြောင်းတွေကင်းစင်ဖို့

အရေးအကြောင်းတွေကင်းစင်ဖို့

Category
အလှအပနှင့်ကျန်းမာရေး

စောစောစီးစီးအရွယ်မတိုင်ခင် အရေးအကြောင်းတွေဖြစ်မှာကို ဘယ်သူမှမလိုချင်ပါဘူးနော်။ ဒီတော့ အရေပြားအထူးကုဆရာဝန်တွေဝေမျှထားတဲ့ အရေးအကြောင်းကင်းစင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါမယ်နော်။

 

၁။ တီဗီကိုပိတ်လိုက်ပါ။

 

ညဘက်အိပ်ရေးဝဝအိပ်ဖို့က အသားအရည်ပြန်လည်ပြုပြင်ရေးမှာ အင်မတန်အရေးကြီးပါတယ်။ ကောင်းကောင်းအနားမယူတဲ့အခါ အရေပြားကကောင်းကောင်းပြန်လည်မမွေးဖွားနိုင်ဘဲ အရေးအကြောင်းတွေ ပိုဖြစ်လာနိုင်ပါတယ်။ အိပ်ရေးမဝတဲ့သူတွေဟာ ပြင်ပဖိစီးမှုတွေဒဏ်ကနေ အရေပြားကိုပြန်လည်မပြုပြင်နိုင်လို့ အရွယ်မတိုင်မီအိုမင်းရင့်ရော်လာစေနိုင်ပါတယ်။

 

၂။ ပက်လက်အိပ်ပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ။

 

အိပ်ရေးဝဖို့အရေးကြီးသလို ဘေးစောင်းအိပ်သူတွေမှာ ခေါင်းအုံးနဲ့မျက်နှာအပ်မိပြီး အရေးအကြောင်းတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ပိုးခေါင်းအုံးစွပ်နဲ့အိပ်ဖို့ အကြံပြုတတ်ကြပါတယ်။ ‌‌နောက် ပက်လက်အိပ်ပေးပါ။

 

၃။ အရေးအကြောင်းတွေကိုဖုံးကွယ်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။

 

ခြောက်သွေ့တဲ့အသားအရည်က အရေးအကြောင်းတွေကို မဖြစ်လာစေပေမယ့် အသားခြောက်သွေ့နေရင်တော့ အရေးအကြောင်း ပိုဖြစ်စေနိုင်ကြောင်း တွေ့ရပါတယ်။ အစိုဓာတ်ပြည့်ဝနေရင် အသားအရည်ဟာ ပိုပြီးတင်းရင်းနေပြီး အရေးအကြောင်းနည်းနေတတ်ပါတယ်။ ဒါကြောင့် အစိုထိန်းခရင်မ်နေ့တိုင်းလိမ်းပေးပါ။ Bio-Oil ကိုလည်း လိမ်းပေးလို့ရပါတယ်။

 

၄။ ကော်လဂျင်ထုတ်လုပ်မှုကို တိုးမြှင့်ပေးပါ။

 

ဆယ်ကျော်သက်အရွယ်က ဝက်ခြံတွေပျောက်အောင်ဆိုပြီး ချေးချွတ်နေမိတယ်ဆိုရင် ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်ပစ်တာပါပဲ။ ချေးချွတ်တာဟာ ဝက်ခြံကိုသက်သာစေနိုင်ရုံတင်မကပါဘူး။ အရေပြားအလယ်လွှာကို ကော်လဂျင်တွေထုတ်အောင် လှုံ့ဆော်ပေးရာလည်း ရောက်ပါတယ်။ အသက်၁၇နှစ်လောက်မှာ ဝက်ခြံကြောင့် ချေးချွတ်သန့်စင်နေမိရင် အသက်၂၀၊၃ဝနှောင်းပိုင်းမှာ ကော်လဂျင်ထုတ်လုပ်မှုအဆင်သင့်ဖြစ်နေမှာပါ။

Bio-Oil 1

၅။ နေရောင်ကိုရှောင်ပါ။

 

နေရောင်ဆိုတာ မသိလိုက်မသိဘာသာနဲ့ သေးသေးသေးသေးလေးတွေစုပုံလာပြီး အရေးအကြောင်းကိုဖြစ်လာစေတာပါ။ တစ်ပတ်ကို၅ရက်အလုပ်သွားတယ်ဆိုပါစို့။ တိုက်ခန်းကနေမှတ်တိုင်ကို၄မိနစ်လမ်းလျောက်ရတယ်၊ မှတ်တိုင်ကနေရုံးကို ၆မိနစ်လမ်းလျောက်ရတယ်ဆိုရင် တစ်နေ့ကိုနေရောင်ထိတွေ့ချိန် အသွား၁ဝမိနစ်အပြန်၁ဝမိနစ်ရှိပါတယ်။ တစ်ပတ်ကြာတဲ့အခါ နေရောင်ကာခရင်မ်မလိမ်းဘဲ ကမ်းခြေမှာ၁နာရီနဲ့မိနစ်၄ဝ နေရောင်ခံသလိုပါပဲ။ အိမ်ထဲမှာနေရင်တောင် နေရောင်ကာခရင်မ်က လိုအပ်ပါတယ်။ ပြတင်းပေါက်ကိုဖြတ်ပြီး ခရမ်းလွန်ရောင်ခြည်ကဝင်ရောက်နိုင်တာကြောင့် နေရောင်ကာခရင်မ်လိုအပ်တာပေါ့။ SPF30နဲ့အထက်ပါတဲ့ နေရောင်ကာခရင်မ်မျိုးကို ရွေးချယ်ပါ။

 

၆။ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအ‌သောက်တွေကို ရှောင်ကြဉ်ပါ။

 

အစားအသောက်ဆိုရာမှာ အရောင်ချွတ်ထားတဲ့သကြားဖြူက ကျန်းမာရေးအတွက် မကောင်းမှန်းသိမှာပါ။ သကြားဖြူက လူကိုပိုအိုစေတယ်ဆိုတာတော့ သိချင်မှသိကြမှာပေါ့။ သကြားကကော်လဂျင်ကို သွားပေါင်းပြီး တောင့်တင်းသွားစေတဲ့အတွက် အရေးအကြောင်းဖြစ်စေနိုင်ပါတယ်။ အချိုကိုရှောင်ဆိုပေမယ့် အသီးအရွက်တွေကိုတော့ စားပေးသင့်ပါတယ်။ ကော်လဂျင်တည်ဆောက်ဖို့နဲ့ အရေပြားနဲ့ဆံပင်တွေသန်မာစေဖို့ အင်တီအောက်စီဒန့်နဲ့ ဗီတာမင်စီတွေလိုအပ်ပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့အစားအသောက်တွေ ကောင်းကောင်းမစားတဲ့အခါ အရေပြားကိုကြည့်ပြီးသိသာပါတယ်။ အရေးအကြောင်းဖြစ်စေရုံတင်မကဘဲ အသားအရောင်မွဲတေတေဖြစ်တတ်ပါတယ်။

 

၇။ မကောင်းတဲ့အမူအကျင့်တွေကိုဖျောက်ပါ။

 

အအေးကို ပိုက်နဲ့သောက်တာ၊ ပီကေဝါးတာ၊ ပီကေမှုတ်တာ၊ ဆေးလိပ်သောက်တာ စတာတွေဟာ ပါးစပ်နားတစ်ဝိုက်အရေးအကြောင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုက မျက်မှောင်ကြုံ့တာပါ။ နေရောင်ထဲထွက်ချိန် မကြာမကြာမျက်မှောင်ကြုံ့တာဟာ မျက်လုံးဘေးအရေးကြောင်းတွေဖြစ်စေနိုင်လို့ မျက်မှန်တပ်ပါ။

 

၈။ အသားအရေကောင်းတယ်ဆိုတာ ကံမဟုတ်ပါဘူး။

 

အရေးအကြောင်းတွေကို တားဆီးကာကွယ်ဖို့ စောလွန်းတယ်၊ နောက်ကျလွန်းတယ်ဆိုတာ မရှိပါဘူး။ တစ်သက်လုံး ကာကွယ်နိုင်ပါတယ်။ အရေးအကြောင်းတွေပေါ်လာမှ ကုမယ်မလုပ်ပါနဲ့။ ကလေးဘဝကတည်းက စပြီးကာကွယ်သင့်ပါတယ်။ နေရောင်ကနေ ကာကွယ်မယ်၊ သေချာချေးချွတ်မယ်၊ အစိုထိန်းခရင်မ်လိမ်းမယ်စတဲ့အဆင့်တွေကို ကြိုလုပ်ထားသင့်ပါတယ်။ နောက်ပိုင်းမှာလည်း အရေပြားပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ဖို့ အချိန်မီပါသေးတယ်။ နေရောင်ကြောင့်ပျက်စီးပြီးသား အသားအရည်တွေတောင် နေရောင်ကာခရင်မ်မှန်မှန်လိမ်းပေးမယ်ဆိုရင် ၅နှစ်အကြာမှာ ပြန်လည်နုပျိုလာတာကိုတွေ့ရမှာပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio-Oil 2

ေစာေစာစီးစီးအ႐ြယ္မတိုင္ခင္ အေရးအေၾကာင္းေတြျဖစ္မွာကို ဘယ္သူမွမလိုခ်င္ပါဘူးေနာ္။ ဒီေတာ့ အေရျပားအထူးကုဆရာဝန္ေတြေဝမွ်ထားတဲ့ အေရးအေၾကာင္းကင္းစင္ေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးလိုက္ပါမယ္ေနာ္။

 

၁။ တီဗီကိုပိတ္လိုက္ပါ။

 

ညဘက္အိပ္ေရးဝဝအိပ္ဖို႔က အသားအရည္ျပန္လည္ျပဳျပင္ေရးမွာ အင္မတန္အေရးႀကီးပါတယ္။ ေကာင္းေကာင္းအနားမယူတဲ့အခါ အေရျပားကေကာင္းေကာင္းျပန္လည္မေမြးဖြားႏိုင္ဘဲ အေရးအေၾကာင္းေတြ ပိုျဖစ္လာႏိုင္ပါတယ္။ အိပ္ေရးမဝတဲ့သူေတြဟာ ျပင္ပဖိစီးမႈေတြဒဏ္ကေန အေရျပားကိုျပန္လည္မျပဳျပင္ႏိုင္လို႔ အ႐ြယ္မတိုင္မီအိုမင္းရင့္ေရာ္လာေစႏိုင္ပါတယ္။

 

၂။ ပက္လက္အိပ္ပါ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ပါ။

 

အိပ္ေရးဝဖို႔အေရးႀကီးသလို ေဘးေစာင္းအိပ္သူေတြမွာ ေခါင္းအုံးနဲ႔မ်က္ႏွာအပ္မိၿပီး အေရးအေၾကာင္းေတြျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ျဖစ္ႏိုင္ရင္ ပိုးေခါင္းအုံးစြပ္နဲ႔အိပ္ဖို႔ အႀကံျပဳတတ္ၾကပါတယ္။ ‌‌ေနာက္ ပက္လက္အိပ္ေပးပါ။

 

၃။ အေရးအေၾကာင္းေတြကိုဖုံးကြယ္ႏိုင္မယ့္နည္းလမ္းေတြ ရွိပါတယ္။

 

ေျခာက္ေသြ႕တဲ့အသားအရည္က အေရးအေၾကာင္းေတြကို မျဖစ္လာေစေပမယ့္ အသားေျခာက္ေသြ႕ေနရင္ေတာ့ အေရးအေၾကာင္း ပိုျဖစ္ေစႏိုင္ေၾကာင္း ေတြ႕ရပါတယ္။ အစိုဓာတ္ျပည့္ဝေနရင္ အသားအရည္ဟာ ပိုၿပီးတင္းရင္းေနၿပီး အေရးအေၾကာင္းနည္းေနတတ္ပါတယ္။ ဒါေၾကာင့္ အစိုထိန္းခရင္မ္ေန႔တိုင္းလိမ္းေပးပါ။ Bio-Oil ကိုလည္း လိမ္းေပးလို႔ရပါတယ္။

 

၄။ ေကာ္လဂ်င္ထုတ္လုပ္မႈကို တိုးျမႇင့္ေပးပါ။

 

ဆယ္ေက်ာ္သက္အ႐ြယ္က ဝက္ၿခံေတြေပ်ာက္ေအာင္ဆိုၿပီး ေခ်းခြၽတ္ေနမိတယ္ဆိုရင္ ခဲတစ္လုံးတည္းနဲ႔ငွက္ႏွစ္ေကာင္ပစ္တာပါပဲ။ ေခ်းခြၽတ္တာဟာ ဝက္ၿခံကိုသက္သာေစႏိုင္႐ုံတင္မကပါဘူး။ အေရျပားအလယ္လႊာကို ေကာ္လဂ်င္ေတြထုတ္ေအာင္ လႈံ႕ေဆာ္ေပးရာလည္း ေရာက္ပါတယ္။ အသက္၁၇ႏွစ္ေလာက္မွာ ဝက္ၿခံေၾကာင့္ ေခ်းခြၽတ္သန႔္စင္ေနမိရင္ အသက္၂၀၊၃ဝေႏွာင္းပိုင္းမွာ ေကာ္လဂ်င္ထုတ္လုပ္မႈအဆင္သင့္ျဖစ္ေနမွာပါ။

 

၅။ ေနေရာင္ကိုေရွာင္ပါ။

 

ေနေရာင္ဆိုတာ မသိလိုက္မသိဘာသာနဲ႔ ေသးေသးေသးေသးေလးေတြစုပုံလာၿပီး အေရးအေၾကာင္းကိုျဖစ္လာေစတာပါ။ တစ္ပတ္ကို၅ရက္အလုပ္သြားတယ္ဆိုပါစို႔။ တိုက္ခန္းကေနမွတ္တိုင္ကို၄မိနစ္လမ္းေလ်ာက္ရတယ္၊ မွတ္တိုင္ကေန႐ုံးကို ၆မိနစ္လမ္းေလ်ာက္ရတယ္ဆိုရင္ တစ္ေန႔ကိုေနေရာင္ထိေတြ႕ခ်ိန္ အသြား၁ဝမိနစ္အျပန္၁ဝမိနစ္ရွိပါတယ္။ တစ္ပတ္ၾကာတဲ့အခါ ေနေရာင္ကာခရင္မ္မလိမ္းဘဲ ကမ္းေျခမွာ၁နာရီနဲ႔မိနစ္၄ဝ ေနေရာင္ခံသလိုပါပဲ။ အိမ္ထဲမွာေနရင္ေတာင္ ေနေရာင္ကာခရင္မ္က လိုအပ္ပါတယ္။ ျပတင္းေပါက္ကိုျဖတ္ၿပီး ခရမ္းလြန္ေရာင္ျခည္ကဝင္ေရာက္ႏိုင္တာေၾကာင့္ ေနေရာင္ကာခရင္မ္လိုအပ္တာေပါ့။ SPF30နဲ႔အထက္ပါတဲ့ ေနေရာင္ကာခရင္မ္မ်ိဳးကို ေ႐ြးခ်ယ္ပါ။

 

၆။ က်န္းမာေရးနဲ႔မညီၫြတ္တဲ့အစားအ‌ေသာက္ေတြကို ေရွာင္ၾကဥ္ပါ။

 

အစားအေသာက္ဆိုရာမွာ အေရာင္ခြၽတ္ထားတဲ့သၾကားျဖဴက က်န္းမာေရးအတြက္ မေကာင္းမွန္းသိမွာပါ။ သၾကားျဖဴက လူကိုပိုအိုေစတယ္ဆိုတာေတာ့ သိခ်င္မွသိၾကမွာေပါ့။ သၾကားကေကာ္လဂ်င္ကို သြားေပါင္းၿပီး ေတာင့္တင္းသြားေစတဲ့အတြက္ အေရးအေၾကာင္းျဖစ္ေစႏိုင္ပါတယ္။ အခ်ိဳကိုေရွာင္ဆိုေပမယ့္ အသီးအ႐ြက္ေတြကိုေတာ့ စားေပးသင့္ပါတယ္။ ေကာ္လဂ်င္တည္ေဆာက္ဖို႔နဲ႔ အေရျပားနဲ႔ဆံပင္ေတြသန္မာေစဖို႔ အင္တီေအာက္စီဒန႔္နဲ႔ ဗီတာမင္စီေတြလိုအပ္ပါတယ္။ ဗီတာမင္ႂကြယ္ဝတဲ့အစားအေသာက္ေတြ ေကာင္းေကာင္းမစားတဲ့အခါ အေရျပားကိုၾကည့္ၿပီးသိသာပါတယ္။ အေရးအေၾကာင္းျဖစ္ေစ႐ုံတင္မကဘဲ အသားအေရာင္မြဲေတေတျဖစ္တတ္ပါတယ္။

 

၇။ မေကာင္းတဲ့အမူအက်င့္ေတြကိုေဖ်ာက္ပါ။

 

အေအးကို ပိုက္နဲ႔ေသာက္တာ၊ ပီေကဝါးတာ၊ ပီေကမႈတ္တာ၊ ေဆးလိပ္ေသာက္တာ စတာေတြဟာ ပါးစပ္နားတစ္ဝိုက္အေရးအေၾကာင္းကို ျဖစ္ေစႏိုင္ပါတယ္။ ေနာက္တစ္ခုက မ်က္ေမွာင္ႀကဳံ႕တာပါ။ ေနေရာင္ထဲထြက္ခ်ိန္ မၾကာမၾကာမ်က္ေမွာင္ႀကဳံ႕တာဟာ မ်က္လုံးေဘးအေရးေၾကာင္းေတြျဖစ္ေစႏိုင္လို႔ မ်က္မွန္တပ္ပါ။

 

၈။ အသားအေရေကာင္းတယ္ဆိုတာ ကံမဟုတ္ပါဘူး။

 

အေရးအေၾကာင္းေတြကို တားဆီးကာကြယ္ဖို႔ ေစာလြန္းတယ္၊ ေနာက္က်လြန္းတယ္ဆိုတာ မရွိပါဘူး။ တစ္သက္လုံး ကာကြယ္ႏိုင္ပါတယ္။ အေရးအေၾကာင္းေတြေပၚလာမွ ကုမယ္မလုပ္ပါနဲ႔။ ကေလးဘဝကတည္းက စၿပီးကာကြယ္သင့္ပါတယ္။ ေနေရာင္ကေန ကာကြယ္မယ္၊ ေသခ်ာေခ်းခြၽတ္မယ္၊ အစိုထိန္းခရင္မ္လိမ္းမယ္စတဲ့အဆင့္ေတြကို ႀကိဳလုပ္ထားသင့္ပါတယ္။ ေနာက္ပိုင္းမွာလည္း အေရျပားပ်က္စီးမႈေတြကို ျပန္လည္ျပဳျပင္ဖို႔ အခ်ိန္မီပါေသးတယ္။ ေနေရာင္ေၾကာင့္ပ်က္စီးၿပီးသား အသားအရည္ေတြေတာင္ ေနေရာင္ကာခရင္မ္မွန္မွန္လိမ္းေပးမယ္ဆိုရင္ ၅ႏွစ္အၾကာမွာ ျပန္လည္ႏုပ်ိဳလာတာကိုေတြ႕ရမွာပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)