/
news/အလှအပနှင့်ကျန်းမာရေး/အမာရွတ်နဲ့-လှတစ်မျက်နှာ

အမာရွတ်နဲ့ လှတစ်မျက်နှာ

Category
အလှအပနှင့်ကျန်းမာရေး

(Zawgyi)

    အမာ႐ြတ္ဆိုတာ ခႏၶာကိုယ္ရဲ႕ သဘာဝျပဳျပင္ေရးျဖစ္စဥ္ေၾကာင့္ ထြက္ေပၚလာတာပါ။ အေရျပားနဲ႔ တစ္သွ်ဴးေတြမွာ အနာျဖစ္တဲ့အခါ ျပန္လည္ျပဳျပင္ရာကေန အမာ႐ြတ္ဆိုၿပီး ျဖစ္လာတာေပါ့။ အနာေသးေသးေလးေတြကလြဲလို႔ အနာအမ်ားစုဟာ အမာ႐ြတ္ အနည္းနဲ႔အမ်ားေတာ့ က်န္တတ္တာပါပဲ။ ထိခိုက္ဒဏ္ရာေတြ၊ ေရာဂါေတြ၊ ဝက္ၿခံလိုမ်ဳိး အေရျပားျပႆနာေတြ၊ ခြဲစိတ္တာေတြေၾကာင့္ အမာ႐ြတ္ က်န္ႏိုင္ပါတယ္။

>>    အမာ႐ြတ္ဆိုတာ ဘယ္လိုျဖစ္လာတာလဲ?
    အေရျပားေအာက္အလႊာ ထိခိုက္မိတဲ့အခါ အမာ႐ြတ္ဆိုတာ က်န္တတ္ပါတယ္။ ခႏၶာကိုယ္က ထိခိုက္မိတာကို ျပန္လည္ျပဳျပင္ဖို႔ ေကာ္လဂ်င္ေတြထုတ္တာေၾကာင့္ အမာ႐ြတ္ ျဖစ္လာပါတယ္။ ဒီအမာ႐ြတ္ အေရျပား အသစ္ေလးဟာ ေဘးပတ္ဝန္းက်င္က အေရျပားနဲ႔ မတူပါဘူး။ အနာတစ္ခု လုံးဝအနာက်က္သြားၿပီဆိုေတာ့မွ အမာ႐ြတ္ဆိုတာ ျဖစ္လာပါတယ္။
    အမာ႐ြတ္ဆိုရာမွာလည္း အမ်ဳိးမ်ဳိး ရွိပါတယ္။ အမ်ားစုကေတာ့ ျဖဴျဖဴေဖ်ာ့ေဖ်ာ့ပါးပါးေလးပါပဲ။ ဒါေပမယ့္ တစ္ခါတေလ ခႏၶာကိုယ္က ေကာ္လဂ်င္ထုတ္တာမ်ားတဲ့အခါ အမာ႐ြတ္ႀကီးက ထုတက္ေနတတ္ပါတယ္။ ထုတက္ေနတဲ့ အမာ႐ြတ္ကို hypertrophic scar ဒါမွမဟုတ္ keloid scar လို႔ ေခၚပါတယ္။ ဒီလိုအမာ႐ြတ္မ်ဳိးဟာ အသက္ငယ္ငယ္၊ အသားညိဳသူေတြမွာ ပိုအျဖစ္မ်ားပါတယ္။
    တခ်ဳိ႕အမာ႐ြတ္ေတြက်ေတာ့ ခ်ဳိင့္ေတြ ျဖစ္သြားတတ္ပါတယ္။ အေရျပားကို ထိန္းေပးထားတဲ့ေအာက္က (အဆီတို႔၊ ႂကြက္သားတို႔လိုမ်ိဳး) အရာေတြ ပ်က္စီးသြားတာေၾကာင့္ ဒီလိုအမာ႐ြတ္ခ်ဳိင့္ခ်ဳိင့္ႀကီးေတြ ျဖစ္လာတတ္ပါတယ္။ ခြဲစိတ္ၿပီး က်န္ခဲ့တဲ့အမာ႐ြတ္တခ်ိဳ႕နဲ႔ ဝက္ၿခံအမာ႐ြတ္တခ်ဳိ႕ေတြက ဒီလိုအခ်ဳိင့္ေတြ ျဖစ္တတ္ပါတယ္။
    တစ္ခါတစ္ခါ အေၾကာျပတ္ရာလိုမ်ဳိး အမာ႐ြတ္ေတြလည္း ျဖစ္ႏိုင္ပါေသးတယ္။ ႐ုတ္တရက္ ႀကီးေကာင္ဝင္ခ်ိန္ေတြ၊ ကိုယ္ဝန္ေဆာင္ခ်ိန္ေတြမွာလိုမ်ိဳး အေရျပားကို ႐ုတ္တရက္ ဆြဲဆန႔္လိုက္သလို ျဖစ္သြားတဲ့အခါ ေတြ႕ရတတ္ပါတယ္။ ေနာက္ၿပီး အဆစ္နားမွာလိုမ်ဳိး တင္းေနတဲ့ေနရာမ်ိဳးေတြမွာ အမာ႐ြတ္ ျဖစ္သြားရင္လည္း ေတြ႕ရတတ္ပါတယ္။

Bio-Oil 1

>>    အမာ႐ြတ္ေပ်ာက္ေအာင္ ဘယ္လိုကုသႏိုင္မလဲ?
●    လိမ္းေဆး : ဗီတာမင္အီး၊ ကိုကိုးေထာပတ္ခရင္မ္၊ အလွကုန္ပစၥည္း အေတာ္မ်ားမ်ား (ဥပမာ - Bio Oil) က အမာ႐ြတ္ေတြကို ေမွးမွိန္ေစႏိုင္ပါတယ္။
●    ခြဲစိတ္နည္း : အမာ႐ြတ္ကို မေပ်ာက္ေစႏိုင္ေပမယ့္ အမာ႐ြတ္ပုံသဏၭာန္ကို ေျပာင္းသြားေစၿပီး သိပ္မသိသာေအာင္ လုပ္ေပးပါတယ္။ ဒါေပမဲ့ ထုတက္တတ္တဲ့ hypertrophic scar သို႔ keloid scar မ်ဳိးမွာေတာ့ အမာ႐ြတ္ ပိုထင္တတ္လို႔ ခြဲစိတ္နည္းကို မသုံးသင့္ပါဘူး။
●    စတီး႐ြိဳက္ထိုးေဆး : အမာ႐ြတ္ထဲ စတီး႐ြိဳက္ထိုးေဆး ထိုးေပးတာကလည္း အမာ႐ြတ္ကို ခ်ပ္သြားေစႏိုင္ပါတယ္။ ထုတက္ေနတဲ့ hypertrophic scar သို႔ keloid scar မ်ဳိးအတြက္ သုံးႏိုင္ပါတယ္။
●    ဓာတ္ေရာင္ျခည္ကုထုံး : အရမ္းဆိုးတဲ့ ထုတက္အမာ႐ြတ္မ်ဳိးေတြအတြက္ အေပၚယံဓာတ္ေရာင္ျခည္နည္းနဲ႔ ကုသႏိုင္ပါတယ္။ ဒါေပမဲ့ ေရရွည္ေနာက္ဆက္တြဲေတြရွိတာမို႔ အရမ္းဆိုးတဲ့အခါမ်ဳိးမွာမွ ဒီကုထုံးကို သုံးပါတယ္။
●    Dermabrasion လို႔ေခၚတဲ့ အထူးကိရိယာတစ္မ်ိဳးနဲ႔ အေပၚယံအေရျပားလႊာထုတ္ကုထုံး : ဖုတက္ေနတဲ့ အမာ႐ြတ္ေတြျဖစ္ျဖစ္၊ ခ်ိဳင့္ေနတဲ့အမာ႐ြတ္ေတြျဖစ္ျဖစ္ အမာ႐ြတ္ကို ညီသြားေစခ်င္ရင္ ဒီကုထုံးကို သုံးပါတယ္။
●    ေလဆာနဲ႔ အသားျပန္ျဖည့္ျခင္း : Dermabrasion လိုမ်ိဳးပဲ အေရျပားရဲ႕ အေပၚယံအလႊာကို ေလဆာ တစ္မ်ိဳးနဲ႔ ဖယ္ရွားတာပါပဲ။ ေလဆာအသစ္ေတြမွာဆိုရင္ အေရျပားရဲ႕ အေပၚယံအလႊာကို မဖယ္ရွားဘဲ ေအာက္အေရျပားလႊာက ေကာ္လဂ်င္ေတြကို လႈံ႕ေဆာ္ေပးပါတယ္။ ဒီလို တိုးတက္လာတဲ့ နည္းပညာ‌ေတြေၾကာင့္ ႐ိုး႐ိုးေလဆာေတြ၊ dermabrasion ေတြေလာက္ အနာက်က္ခ်ိန္ မၾကာေတာ့ဘူးေပါ့။
●    အသားျဖည့္ ေဆးထိုးျခင္း : ဒီကုထုံးကေတာ့ ခ်ဳိင့္ခြက္အမာ႐ြတ္ေတြကို ေဘးအသားေတြလို ျပန္ျပည့္လာေအာင္ လုပ္ေပးတာပါ။
●    Microneedling လို႔ေခၚတဲ့ အပ္စိုက္ကုထုံး : အေပၚယံအေရျပားထဲကို အေပါက္ရာ ေသးေသးေလးေတြ လုပ္ၿပီးေတာ့ ေကာ္လဂ်င္ထုတ္ႏႈန္းကို လႈံ႕ေဆာ္ေပးတာပါ။ ေကာ္လဂ်င္ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးတဲ့ ေဆးေတြပါ တစ္ခါတည္း ထိုးေပးလို႔ရပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio-Oil 2

(Unicode)

    အမာရွတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝပြုပြင်ရေးဖြစ်စဉ်ကြောင့် ထွက်ပေါ်လာတာပါ။ အရေပြားနဲ့ တစ်သျှူးတွေမှာ အနာဖြစ်တဲ့အခါ ပြန်လည်ပြုပြင်ရာကနေ အမာရွတ်ဆိုပြီး ဖြစ်လာတာပေါ့။ အနာသေးသေးလေးတွေကလွဲလို့ အနာအများစုဟာ အမာရွတ် အနည်းနဲ့အများတော့ ကျန်တတ်တာပါပဲ။ ထိခိုက်ဒဏ်ရာတွေ၊ ရောဂါတွေ၊ ဝက်ခြံလိုမျိုး အရေပြားပြဿနာတွေ၊ ခွဲစိတ်တာတွေကြောင့် အမာရွတ် ကျန်နိုင်ပါတယ်။

>>    အမာရွတ်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ?
    အရေပြားအောက်အလွှာ ထိခိုက်မိတဲ့အခါ အမာရွတ်ဆိုတာ ကျန်တတ်ပါတယ်။ ခန္ဓာကိုယ်က ထိခိုက်မိတာကို ပြန်လည်ပြုပြင်ဖို့ ကော်လဂျင်တွေထုတ်တာကြောင့် အမာရွတ် ဖြစ်လာပါတယ်။ ဒီအမာရွတ် အရေပြား အသစ်လေးဟာ ဘေးပတ်ဝန်းကျင်က အရေပြားနဲ့ မတူပါဘူး။ အနာတစ်ခု လုံးဝအနာကျက်သွားပြီဆိုတော့မှ အမာရွတ်ဆိုတာ ဖြစ်လာပါတယ်။
    အမာရွတ်ဆိုရာမှာလည်း အမျိုးမျိုး ရှိပါတယ်။ အများစုကတော့ ဖြူဖြူဖျော့ဖျော့ပါးပါးလေးပါပဲ။ ဒါပေမယ့် တစ်ခါတလေ ခန္ဓာကိုယ်က ကော်လဂျင်ထုတ်တာများတဲ့အခါ အမာရွတ်ကြီးက ထုတက်နေတတ်ပါတယ်။ ထုတက်နေတဲ့ အမာရွတ်ကို hypertrophic scar ဒါမှမဟုတ် keloid scar လို့ ခေါ်ပါတယ်။ ဒီလိုအမာရွတ်မျိုးဟာ အသက်ငယ်ငယ်၊ အသားညိုသူတွေမှာ ပိုအဖြစ်များပါတယ်။
    တချို့အမာရွတ်တွေကျတော့ ချိုင့်တွေ ဖြစ်သွားတတ်ပါတယ်။ အရေပြားကို ထိန်းပေးထားတဲ့အောက်က (အဆီတို့၊ ကြွက်သားတို့လိုမျိုး) အရာတွေ ပျက်စီးသွားတာကြောင့် ဒီလိုအမာရွတ်ချိုင့်ချိုင့်ကြီးတွေ ဖြစ်လာတတ်ပါတယ်။ ခွဲစိတ်ပြီး ကျန်ခဲ့တဲ့အမာရွတ်တချို့နဲ့ ဝက်ခြံအမာရွတ်တချို့တွေက ဒီလိုအချိုင့်တွေ ဖြစ်တတ်ပါတယ်။
    တစ်ခါတစ်ခါ အကြောပြတ်ရာလိုမျိုး အမာရွတ်တွေလည်း ဖြစ်နိုင်ပါသေးတယ်။ ရုတ်တရက် ကြီးကောင်ဝင်ချိန်တွေ၊ ကိုယ်ဝန်ဆောင်ချိန်တွေမှာလိုမျိုး အရေပြားကို ရုတ်တရက် ဆွဲဆန့်လိုက်သလို ဖြစ်သွားတဲ့အခါ တွေ့ရတတ်ပါတယ်။ နောက်ပြီး အဆစ်နားမှာလိုမျိုး တင်းနေတဲ့နေရာမျိုးတွေမှာ အမာရွတ် ဖြစ်သွားရင်လည်း တွေ့ရတတ်ပါတယ်။

>>    အမာရွတ်ပျောက်အောင် ဘယ်လိုကုသနိုင်မလဲ?
●    လိမ်းဆေး : ဗီတာမင်အီး၊ ကိုကိုးထောပတ်ခရင်မ်၊ အလှကုန်ပစ္စည်း အတော်များများ (ဥပမာ - Bio Oil) က အမာရွတ်တွေကို မှေးမှိန်စေနိုင်ပါတယ်။
●    ခွဲစိတ်နည်း : အမာရွတ်ကို မပျောက်စေနိုင်ပေမယ့် အမာရွတ်ပုံသဏ္ဌာန်ကို ပြောင်းသွားစေပြီး သိပ်မသိသာအောင် လုပ်ပေးပါတယ်။ ဒါပေမဲ့ ထုတက်တတ်တဲ့ hypertrophic scar သို့ keloid scar မျိုးမှာတော့ အမာရွတ် ပိုထင်တတ်လို့ ခွဲစိတ်နည်းကို မသုံးသင့်ပါဘူး။
●    စတီးရွိုက်ထိုးဆေး : အမာရွတ်ထဲ စတီးရွိုက်ထိုးဆေး ထိုးပေးတာကလည်း အမာရွတ်ကို ချပ်သွားစေနိုင်ပါတယ်။ ထုတက်နေတဲ့ hypertrophic scar သို့ keloid scar မျိုးအတွက် သုံးနိုင်ပါတယ်။
●    ဓာတ်ရောင်ခြည်ကုထုံး : အရမ်းဆိုးတဲ့ ထုတက်အမာရွတ်မျိုးတွေအတွက် အပေါ်ယံဓာတ်ရောင်ခြည်နည်းနဲ့ ကုသနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်နောက်ဆက်တွဲတွေရှိတာမို့ အရမ်းဆိုးတဲ့အခါမျိုးမှာမှ ဒီကုထုံးကို သုံးပါတယ်။
●    Dermabrasion လို့ခေါ်တဲ့ အထူးကိရိယာတစ်မျိုးနဲ့ အပေါ်ယံအရေပြားလွှာထုတ်ကုထုံး : ဖုတက်နေတဲ့ အမာရွတ်တွေဖြစ်ဖြစ်၊ ချိုင့်နေတဲ့အမာရွတ်တွေဖြစ်ဖြစ် အမာရွတ်ကို ညီသွားစေချင်ရင် ဒီကုထုံးကို သုံးပါတယ်။
●    လေဆာနဲ့ အသားပြန်ဖြည့်ခြင်း : Dermabrasion လိုမျိုးပဲ အရေပြားရဲ့ အပေါ်ယံအလွှာကို လေဆာ တစ်မျိုးနဲ့ ဖယ်ရှားတာပါပဲ။ လေဆာအသစ်တွေမှာဆိုရင် အရေပြားရဲ့ အပေါ်ယံအလွှာကို မဖယ်ရှားဘဲ အောက်အရေပြားလွှာက ကော်လဂျင်တွေကို လှုံ့ဆော်ပေးပါတယ်။ ဒီလို တိုးတက်လာတဲ့ နည်းပညာ‌တွေကြောင့် ရိုးရိုးလေဆာတွေ၊ dermabrasion တွေလောက် အနာကျက်ချိန် မကြာတော့ဘူးပေါ့။
●    အသားဖြည့် ဆေးထိုးခြင်း : ဒီကုထုံးကတော့ ချိုင့်ခွက်အမာရွတ်တွေကို ဘေးအသားတွေလို ပြန်ပြည့်လာအောင် လုပ်ပေးတာပါ။
●    Microneedling လို့ခေါ်တဲ့ အပ်စိုက်ကုထုံး : အပေါ်ယံအရေပြားထဲကို အပေါက်ရာ သေးသေးလေးတွေ လုပ်ပြီးတော့ ကော်လဂျင်ထုတ်နှုန်းကို လှုံ့ဆော်ပေးတာပါ။ ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ ဆေးတွေပါ တစ်ခါတည်း ထိုးပေးလို့ရပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)