/
news/အလှအပနှင့်ကျန်းမာရေး/ဝက်ခြံတွေကို-တိုက်ဖျက်ကြဖို့-0

ဝက်ခြံတွေကို တိုက်ဖျက်ကြဖို့

Category
အလှအပနှင့်ကျန်းမာရေး

(Zawgyi)

    ဆယ္ေက်ာ္သက္အရြယ္ လြန္လာေပမယ့္ ဝက္ၿခံေတြက ဒုကၡေပးေနတုန္းလား။ ဝက္ၿခံေတြကို သက္သာေစမယ့္ ႐ိုး႐ိုးရွင္းရွင္း နည္းလမ္းေကာင္းေလးေတြကို ေဝမွ်ေပးပါ့မယ္။

၁။    မ်က္ႏွာကို တစ္ေန႔ႏွစ္ႀကိမ္ သစ္ပါ။
    အမႈိက္ေတြ၊ ဖုန္မႈန႔္ေတြနဲ႔ အဆီပိုေတြက ေခၽြးေပါက္ေတြကို ပိတ္ေစၿပီး ဝက္ၿခံျဖစ္လာ ေစႏိုင္ပါတယ္။ ဝက္ၿခံအတြက္ ထုတ္လုပ္ထားတဲ့မ်က္ႏွာသစ္ေဆးနဲ႔ တစ္ေန႔ ႏွစ္ႀကိမ္သာသစ္ေပးရင္ ဝက္ၿခံေတြ သက္သာလာမွာပါ။

၂။    မ်က္ႏွာ ေခ်းခၽြတ္သန႔္စင္ပါ။
    အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြမွာ မ်က္ႏွာျပင္အေပၚယံလႊာက ဆဲလ္အေသေတြကို ဖယ္ရွားေပးတာက ေခၽြးေပါက္ေတြကို သန႔္စင္ေစတာမို႔ တစ္ပတ္ ႏွစ္ႀကိမ္ေလာက္ လုပ္ေပးႏိုင္ရင္ ၾကည္လင္ဝင္းမြတ္တဲ့ အသားအေရကို ရရွိေစႏုိင္မွာပါ။ ဒါ့အျပင္ အဆီဖုေတြ၊ ဆားဝက္ၿခံေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ အရမ္းႀကီး ေခ်းခၽြတ္သန႔္စင္ပါ မ်ားရင္လည္း အသားအေရ အလြန္အမင္း ေျခာက္ေသြ႕ႏိုင္တာမို႔ အဆီေတြ ပိုထြက္လာႏိုင္ပါတယ္။

၃။    ေလထုညစ္ညမ္းမႈကို ကာကြယ္တားဆီးေပးႏိုင္တဲ့ ပစၥည္းေတြကို သုံးပါ။
    ေလထုညစ္ညမ္းမႈနဲ႔ အိုဇုန္းညစ္ညမ္းမႈေတြေၾကာင့္ အသားအေရဟာ ဓာတ္တိုးပစၥည္းေတြနဲ႔ ေတာက္ေလ်ာက္ကို ထိေတြ႕ေနရပါတယ္။ ဒါေၾကာင့္လည္း ဝက္ၿခံေတြ ပိုျဖစ္လာႏိုင္တာေပါ့။ ညစ္ညမ္းမႈကို ကာကြယ္ႏိုင္တဲ့ အလွကုန္ပစၥည္းေတြ သုံးေပးျခင္းျဖင့္ ဝက္ၿခံကို ကာကြယ္ေပးၿပီး အသားအေရကို ၾကည္လင္ဝင္းပေစႏိုင္ပါတယ္။

Vicee 1

၄။    ကစီဓာတ္ကို မွန္မွန္ကန္ကန္ ေရြးခ်ယ္စားသုံးတတ္ပါေစ။
    ေပါင္မုန႔္ျဖဴ၊ ပီဇာ၊ အာလူးေၾကာ္၊ ပါစတာစသျဖင့္ ျပဳျပင္ထားတဲ့ ကစီဓာတ္ေတြက ေသြးတြင္းအခ်ိဳဓာတ္ပမာဏကို ျမင့္တက္ေစၿပီး ဝက္ၿခံေတြကို ျဖစ္လာေစႏိုင္ပါတယ္။ အေရာင္မခၽြတ္ထားတဲ့ ဂ်ဳံထြက္ပစၥည္းေတြ၊ အသီးအႏွံေတြက ဝက္ၿခံထြက္ႏႈန္းကို ေလ်ာ့ေစႏုိင္ပါသတဲ့ေနာ္။

၅။    လူေနမႈပုံစံ ေျပာင္းလဲပါ။
    ေရမ်ားမ်ားေသာက္ၿပီး ေလ့က်င့္ခန္း မွန္မွန္လုပ္ေပးျခင္းက ပိတ္ဆို႔ေနတဲ့ေခၽြးေပါက္ေတြကို ဖြင့္ေပးတာေၾကာင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။
    ဗီတာမင္ C ႂကြယ္၀တဲ့ အစားအေသာက္နဲ႔ သစ္သီး၀လံေတြ၊ Vicee လို ဗီတာမင္ C ပါ၀င္တဲ့ အားေဆးေတြကို ၀က္ၿခံ မၾကာမၾကာ ထြက္တတ္သူေတြအေနနဲ႔ ေန႔စဥ္မွန္မွန္ မွီ၀ဲသင့္ပါတယ္။ အေရျပားရဲ႕ pH ပမာဏကို ျမင့္တက္ေစႏိုင္ၿပီး ဝက္ၿခံကိုအားေပးတဲ့ အပူအစပ္ေတြကိုေတာ့ တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္သင့္ပါတယ္။

၆။    အရက္ျပန္မပါတဲ့ အလွကုန္ေတြကို ေရြးခ်ယ္ပါ။
    အက္သေနာလိုမ်ိဳး အသားအေရအတြက္မေကာင္းတဲ့ အရက္ျပန္ေတြက သဘာဝအဆီလႊာကို ေျခာက္ေသြ႕ေစၿပီး ေခၽြးေပါက္ေတြပိတ္ကာ ဝက္ၿခံေတြ ထြက္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ အရက္ျပန္မပါတဲ့ အလွကုန္ေတြကို ေရြးခ်ယ္အသုံးျပဳျခင္းအားျဖင့္ အေရျပားရဲ႕လွပမႈကို ထိန္းထားႏိုင္ပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)

Vicee 2

(Unicode)

    ဆယ်ကျော်သက်အရွယ် လွန်လာပေမယ့် ဝက်ခြံတွေက ဒုက္ခပေးနေတုန်းလား။ ဝက်ခြံတွေကို သက်သာစေမယ့် ရိုးရိုးရှင်းရှင်း နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးပါ့မယ်။

၁။    မျက်နှာကို တစ်နေ့နှစ်ကြိမ် သစ်ပါ။
    အမှိုက်တွေ၊ ဖုန်မှုန့်တွေနဲ့ အဆီပိုတွေက ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်လာ စေနိုင်ပါတယ်။ ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့မျက်နှာသစ်ဆေးနဲ့ တစ်နေ့ နှစ်ကြိမ်သာသစ်ပေးရင် ဝက်ခြံတွေ သက်သာလာမှာပါ။

၂။    မျက်နှာ ချေးချွတ်သန့်စင်ပါ။
    အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေမှာ မျက်နှာပြင်အပေါ်ယံလွှာက ဆဲလ်အသေတွေကို ဖယ်ရှားပေးတာက ချွေးပေါက်တွေကို သန့်စင်စေတာမို့ တစ်ပတ် နှစ်ကြိမ်လောက် လုပ်ပေးနိုင်ရင် ကြည်လင်ဝင်းမွတ်တဲ့ အသားအရေကို ရရှိစေနိုင်မှာပါ။ ဒါ့အပြင် အဆီဖုတွေ၊ ဆားဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရမ်းကြီး ချေးချွတ်သန့်စင်ပါ များရင်လည်း အသားအရေ အလွန်အမင်း ခြောက်သွေ့နိုင်တာမို့ အဆီတွေ ပိုထွက်လာနိုင်ပါတယ်။

၃။    လေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးပေးနိုင်တဲ့ ပစ္စည်းတွေကို သုံးပါ။
    လေထုညစ်ညမ်းမှုနဲ့ အိုဇုန်းညစ်ညမ်းမှုတွေကြောင့် အသားအရေဟာ ဓာတ်တိုးပစ္စည်းတွေနဲ့ တောက်လျောက်ကို ထိတွေ့နေရပါတယ်။ ဒါကြောင့်လည်း ဝက်ခြံတွေ ပိုဖြစ်လာနိုင်တာပေါ့။ ညစ်ညမ်းမှုကို ကာကွယ်နိုင်တဲ့ အလှကုန်ပစ္စည်းတွေ သုံးပေးခြင်းဖြင့် ဝက်ခြံကို ကာကွယ်ပေးပြီး အသားအရေကို ကြည်လင်ဝင်းပစေနိုင်ပါတယ်။

၄။    ကစီဓာတ်ကို မှန်မှန်ကန်ကန် ရွေးချယ်စားသုံးတတ်ပါစေ။
    ပေါင်မုန့်ဖြူ၊ ပီဇာ၊ အာလူးကြော်၊ ပါစတာစသဖြင့် ပြုပြင်ထားတဲ့ ကစီဓာတ်တွေက သွေးတွင်းအချိုဓာတ်ပမာဏကို မြင့်တက်စေပြီး ဝက်ခြံတွေကို ဖြစ်လာစေနိုင်ပါတယ်။ အရောင်မချွတ်ထားတဲ့ ဂျုံထွက်ပစ္စည်းတွေ၊ အသီးအနှံတွေက ဝက်ခြံထွက်နှုန်းကို လျော့စေနိုင်ပါသတဲ့နော်။

၅။    လူနေမှုပုံစံ ပြောင်းလဲပါ။
    ရေများများသောက်ပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းက ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကို ဖွင့်ပေးတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
    ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်နဲ့ သစ်သီးဝလံတွေ၊ Vicee လို ဗီတာမင် C ပါဝင်တဲ့ အားဆေးတွေကို ဝက်ခြံ မကြာမကြာ ထွက်တတ်သူတွေအနေနဲ့ နေ့စဉ်မှန်မှန် မှီဝဲသင့်ပါတယ်။ အရေပြားရဲ့ pH ပမာဏကို မြင့်တက်စေနိုင်ပြီး ဝက်ခြံကိုအားပေးတဲ့ အပူအစပ်တွေကိုတော့ တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

၆။    အရက်ပြန်မပါတဲ့ အလှကုန်တွေကို ရွေးချယ်ပါ။
    အက်သနောလိုမျိုး အသားအရေအတွက်မကောင်းတဲ့ အရက်ပြန်တွေက သဘာဝအဆီလွှာကို ခြောက်သွေ့စေပြီး ချွေးပေါက်တွေပိတ်ကာ ဝက်ခြံတွေ ထွက်လာစေနိုင်ပါတယ်။ ဒါကြောင့် အရက်ပြန်မပါတဲ့ အလှကုန်တွေကို ရွေးချယ်အသုံးပြုခြင်းအားဖြင့် အရေပြားရဲ့လှပမှုကို ထိန်းထားနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)