/
news/အလှအပနှင့်ကျန်းမာရေး/ရှောင်လွှဲရခက်တဲ့-ဝက်ခြံ

ရှောင်လွှဲရခက်တဲ့ ဝက်ခြံ

Category
အလှအပနှင့်ကျန်းမာရေး

လူတိုင်းလူတိုင်းဟာ တစ်သက်မှာတစ်ခါလောက်တော့ ဝက်ခြံပြဿနာကြုံတွေ့ရတတ်ပါတယ်။ 

 

အရေပြားရဲ့အဆီဂလင်းတွေကနေ အဆီတွေအများကြီးထွက်လာပြီး မွေးညင်းပေါက်တွေကိုပိတ်တဲ့အခါ ဝက်ခြံဆိုတာဖြစ်လာတော့တာပါပဲ။ ချွေးပေါက်ကကြီးရင် ဆားဝက်ခြံဆိုတဲ့ အမည်းစက်တွေဖြစ်တော့တာပေါ့။ တကယ်လို့အပေါက်ကသေးသေးလေးဆိုရင်တော့ အဖြူရောင်အဆီဖုကလေးတွေ ဖြစ်လာပါတော့တယ်။ ဒီလိုချွေးပေါက်ပိတ်တာနှစ်မျိုးလုံးက ရောင်ရမ်းတာတွေ၊ ဝက်ခြံတွေ၊ အဖုအကြိတ်တွေ ဖြစ်လာတော့တာပေါ့။ ဝက်ခြံအဖုအကြိတ်ကြီးတွေ အရေပြား‌အောက်မှာ နီရဲရောင်ရမ်းလာပြီး အရမ်းကြီးလာတဲ့အခါ ဆင်ဝက်ခြံလို့ခေါ်တဲ့ ဝက်ခြံအမျိုးအစားတွေဖြစ်လာတော့တာပေါ့။ 

 

ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်၊ အဆီပြန်တတ်သူ‌တွေမှာ ဖြစ်တာများပါတယ်။ ဆယ်ကျော်သက်ဝက်ခြံဟာ ၅နှစ်ကနေ၁ဝနှစ်လောက်အထိ ကြာတတ်ပြီး အသက်၂ဝအစောပိုင်းလောက်မှာ သက်သာသွားတတ်ကြပါတယ်။ မျက်နှာမှာအဖြစ်များတယ်ဆိုပေမယ့် လည်ပင်း၊ ရင်ဘတ်၊ ကျောကုန်း၊ ပုခုံးနဲ့ လက်အပေါ်ပိုင်းတွေမှာ ဖြစ်တာများပါတယ်။

 

အလွဲကြီးလွဲနေတာတွေက ဝက်ခြံဆိုတာ အစားအသောက်ကြောင့်၊ မသန့်ရှင်းတာကြောင့်၊ လိင်စိတ်ထကြွတာတွေကြောင့်ဖြစ်တာမျိုး မဟုတ်ပါဘူး။ မျိုးရိုးနဲ့ ဟော်မုန်းတွေက ဝက်ခြံအများစုရဲ့ အဓိကတရားခံပါ။ ချော့ကလက်ရှောင်တာ၊ မျက်နှာကိုတစ်နေ့၁ဝကြိမ်လောက်သစ်တာလောက်နဲ့တော့ ဝက်ခြံကပျောက်သွားမှာမဟုတ်ပါဘူး။

Vicee 1

>> ဒါဆိုရင် ဝက်ခြံဘာကြောင့်ဖြစ်ရသလဲ?

 

ဟော်မုန်း : ဆယ်ကျော်သက်အရွယ်မှာစတဲ့ဝက်ခြံဟာ ဟော်မုန်းထုတ်လုပ်မှုများလာလို့ဖြစ်တာပါ။ လူပျို၊ အပျိုဖော်ဝင်ချိန်မှာ အမျိုးသားဟော်မုန်း တက်စတိုစတီရုံးထုတ်တာများတာကြောင့် အဆီဂလင်းကနေ အဆီတွေပိုထွက်လာပါတော့တယ်။

 

ဘတ်တီးရီးယား : အဆီတွေပိုလျှံနေခြင်းကြောင့် မျက်နှာ၊ လည်ပင်း၊ နောက်ကျောနဲ့ ရင်ဘတ်တွေမှာရှိတဲ့ မွေးညင်းပေါက်ကလေးတွေပိတ်သွားတတ်ပါတယ်။ ဒီလိုပိတ်နေတဲ့ချွေးပေါက်တွေထဲ ဘတ်တီးရီးယားတွေပေါက်ဖွားလာပါတယ်။ ဒါကြောင့် အရေပြားပေါ်မှာ အဆီဖုတွေ၊ ဆားဝက်ခြံတွေ ထွက်လာတော့တာပေါ့။ တစ်ခါတစ်လေ ဒီအဖုတွေရဲ့ဖိအားကြောင့် မွေးညှင်းပေါက်နံရံတွေပေါက်ထွက်ပြီး ဘေးပတ်ဝန်းကျင်တစ်ရှူးတွေကို အဆီတွေစိမ့်ထွက်တဲ့အခါ ရောင်ရမ်းဝက်ခြံဖြစ်တော့တာပေါ့။ ဒီ့ထက်ပိုကြီးပြီး ပိုနာလာတဲ့အခါ ဝက်ခြံဖုကြီးဖြစ်လာပါတယ်။

 

ကိုယ်ဝန်တားဆေးအမျိုးအစားပေါ်မူတည်ပြီး တစ်ချို့တွေက ဝက်ခြံကိုပိုဖြစ်စေပြီး တစ်ချို့တွေက ဝက်ခြံဖြစ်တာကိုတားဆီးပေးနိုင်ပါတယ်။ တစ်ချို့တားဆေးထိုးဆေးတွေနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေဟာလည်း ဝက်ခြံကိုဖြစ်စေနိုင်ပါတယ်။ တစ်ချို့အလေးမသမားတွေနဲ့ အားကစားသမားတွေသောက်တဲ့ စတီးရိုက်တွေကလည်း ဝက်ခြံဆိုးဆိုးရွားရွားဖြစ်စေနိုင်ပါတယ်။

 

ဝက်ခြံအမျိုးအစားတွေအများကြီးရှိပါတယ်။ မွေးကင်းစလေးတွေနဲ့ လသားလေးတွေ၊ အထူးသဖြင့် ယောင်္ကျားလေးတွေမှာဖြစ်တဲ့ ဝက်ခြံမျိုးကို acne neonatorum, acne infantum လို့ခေါ်ပါတယ်။ ဝက်ခြံလိုအနီကွက်လေးတွေမျက်နှာမှာပေါ်လာပြီး ရက်သတ္တပတ်အတွင်းမှာတင် ဘာမှမဖြစ်ဘဲ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် လသားလေးတွေမှာဖြစ်တဲ့ acne infantum ကတော့ ဖြစ်တာပိုကြာ၊ ပိုဆိုးပြီး အမာရွတ်တွေကျန်တတ်ပါတယ်။

 

ဆယ်ကျော်သက်ဘဝမှာ ဝက်ခြံတစ်လုံးမှမပေါက်ခဲ့ဘဲ အသက်ကြီးလာမှ လူကြီးဝက်ခြံတွေပေါက်လာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ androgen များလာလို့ပေါက်တာဆိုပေမယ့် ဆရာဝန်တစ်ချို့ကတော့ ဝက်ခြံထထပေါက်တယ်ဆိုတာ androgen ဟော်မုန်းပမာဏထက် အဆီထွက်နှုန်းနဲ့ ဝက်ခြံဖြစ်စေတဲ့ဘတ်တီးရီးယားပိုးကို လူ့အရေပြားတုန့်ပြန်မှုအ‌ပေါ်မှာပဲ မူတည်တယ်လို့ဆိုပါတယ်။ Propionibacterium acnes ဆိုတဲ့ဘတ်တီးရီးယားပိုးဟာ မွေးညှင်းပေါက်တွေထဲ ပုံမှန်ရှိနေကျပိုးတစ်မျိုးပါ။ ဒီပိုးတွေအများကြီးစုဝေးလာတဲ့အခါ အဆီတွေကိုဖြိုခွဲဖို့ အင်ဇိုင်းတွေထုတ်ပြီး ရောင်ရမ်းစေနိုင်ပါတယ်။ တစ်ချို့တွေက ဒီလိုဓာတ်ပြုမှုကို ပုံမှန်ထက်ပိုတုန့်ပြန်တတ်ကြပါတယ်။ လူတစ်ယောက်မှာ ဝက်ခြံတစ်လုံးနှစ်လုံးလောက်ပေါက်စေလောက်ရုံ အဆီပမာဏဟာ နောက်တစ်ယောက်မှာတော့ ဝက်ခြံအကြီးအကျယ်ထွက်တာ၊ ဆင်ဝက်ခြံကြီးတွေဖြစ်တာမျိုး ဖြစ်စေတတ်ပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Vicee 2

လူတိုင္းလူတိုင္းဟာ တစ္သက္မွာတစ္ခါေလာက္ေတာ့ ဝက္ၿခံျပႆနာႀကဳံေတြ႕ရတတ္ပါတယ္။

 

အေရျပားရဲ႕အဆီဂလင္းေတြကေန အဆီေတြအမ်ားႀကီးထြက္လာၿပီး ေမြးညင္းေပါက္ေတြကိုပိတ္တဲ့အခါ ဝက္ၿခံဆိုတာျဖစ္လာေတာ့တာပါပဲ။ ေခြၽးေပါက္ကႀကီးရင္ ဆားဝက္ၿခံဆိုတဲ့ အမည္းစက္ေတြျဖစ္ေတာ့တာေပါ့။ တကယ္လို႔အေပါက္ကေသးေသးေလးဆိုရင္ေတာ့ အျဖဴေရာင္အဆီဖုကေလးေတြ ျဖစ္လာပါေတာ့တယ္။ ဒီလိုေခြၽးေပါက္ပိတ္တာႏွစ္မ်ိဳးလုံးက ေရာင္ရမ္းတာေတြ၊ ဝက္ၿခံေတြ၊ အဖုအႀကိတ္ေတြ ျဖစ္လာေတာ့တာေပါ့။ ဝက္ၿခံအဖုအႀကိတ္ႀကီးေတြ အေရျပား‌ေအာက္မွာ နီရဲေရာင္ရမ္းလာၿပီး အရမ္းႀကီးလာတဲ့အခါ ဆင္ဝက္ၿခံလို႔ေခၚတဲ့ ဝက္ၿခံအမ်ိဳးအစားေတြျဖစ္လာေတာ့တာေပါ့။

 

ဝက္ၿခံဆိုတာ ဆယ္ေက်ာ္သက္အ႐ြယ္၊ အဆီျပန္တတ္သူ‌ေတြမွာ ျဖစ္တာမ်ားပါတယ္။ ဆယ္ေက်ာ္သက္ဝက္ၿခံဟာ ၅ႏွစ္ကေန၁ဝႏွစ္ေလာက္အထိ ၾကာတတ္ၿပီး အသက္၂ဝအေစာပိုင္းေလာက္မွာ သက္သာသြားတတ္ၾကပါတယ္။ မ်က္ႏွာမွာအျဖစ္မ်ားတယ္ဆိုေပမယ့္ လည္ပင္း၊ ရင္ဘတ္၊ ေက်ာကုန္း၊ ပုခုံးနဲ႔ လက္အေပၚပိုင္းေတြမွာ ျဖစ္တာမ်ားပါတယ္။

 

အလြဲႀကီးလြဲေနတာေတြက ဝက္ၿခံဆိုတာ အစားအေသာက္ေၾကာင့္၊ မသန႔္ရွင္းတာေၾကာင့္၊ လိင္စိတ္ထႂကြတာေတြေၾကာင့္ျဖစ္တာမ်ိဳး မဟုတ္ပါဘူး။ မ်ိဳး႐ိုးနဲ႔ ေဟာ္မုန္းေတြက ဝက္ၿခံအမ်ားစုရဲ႕ အဓိကတရားခံပါ။ ေခ်ာ့ကလက္ေရွာင္တာ၊ မ်က္ႏွာကိုတစ္ေန႔၁ဝႀကိမ္ေလာက္သစ္တာေလာက္နဲ႔ေတာ့ ဝက္ၿခံကေပ်ာက္သြားမွာမဟုတ္ပါဘူး။

 

>> ဒါဆိုရင္ ဝက္ၿခံဘာေၾကာင့္ျဖစ္ရသလဲ?

 

ေဟာ္မုန္း : ဆယ္ေက်ာ္သက္အ႐ြယ္မွာစတဲ့ဝက္ၿခံဟာ ေဟာ္မုန္းထုတ္လုပ္မႈမ်ားလာလို႔ျဖစ္တာပါ။ လူပ်ိဳ၊ အပ်ိဳေဖာ္ဝင္ခ်ိန္မွာ အမ်ိဳးသားေဟာ္မုန္း တက္စတိုစတီ႐ုံးထုတ္တာမ်ားတာေၾကာင့္ အဆီဂလင္းကေန အဆီေတြပိုထြက္လာပါေတာ့တယ္။

 

ဘတ္တီးရီးယား : အဆီေတြပိုလွ်ံေနျခင္းေၾကာင့္ မ်က္ႏွာ၊ လည္ပင္း၊ ေနာက္ေက်ာနဲ႔ ရင္ဘတ္ေတြမွာရွိတဲ့ ေမြးညင္းေပါက္ကေလးေတြပိတ္သြားတတ္ပါတယ္။ ဒီလိုပိတ္ေနတဲ့ေခြၽးေပါက္ေတြထဲ ဘတ္တီးရီးယားေတြေပါက္ဖြားလာပါတယ္။ ဒါေၾကာင့္ အေရျပားေပၚမွာ အဆီဖုေတြ၊ ဆားဝက္ၿခံေတြ ထြက္လာေတာ့တာေပါ့။ တစ္ခါတစ္ေလ ဒီအဖုေတြရဲ႕ဖိအားေၾကာင့္ ေမြးညွင္းေပါက္နံရံေတြေပါက္ထြက္ၿပီး ေဘးပတ္ဝန္းက်င္တစ္ရႉးေတြကို အဆီေတြစိမ့္ထြက္တဲ့အခါ ေရာင္ရမ္းဝက္ၿခံျဖစ္ေတာ့တာေပါ့။ ဒီ့ထက္ပိုႀကီးၿပီး ပိုနာလာတဲ့အခါ ဝက္ၿခံဖုႀကီးျဖစ္လာပါတယ္။

 

ကိုယ္ဝန္တားေဆးအမ်ိဳးအစားေပၚမူတည္ၿပီး တစ္ခ်ိဳ႕ေတြက ဝက္ၿခံကိုပိုျဖစ္ေစၿပီး တစ္ခ်ိဳ႕ေတြက ဝက္ၿခံျဖစ္တာကိုတားဆီးေပးႏိုင္ပါတယ္။ တစ္ခ်ိဳ႕တားေဆးထိုးေဆးေတြနဲ႔ သားအိမ္တြင္းထည့္ပစၥည္းေတြဟာလည္း ဝက္ၿခံကိုျဖစ္ေစႏိုင္ပါတယ္။ တစ္ခ်ိဳ႕အေလးမသမားေတြနဲ႔ အားကစားသမားေတြေသာက္တဲ့ စတီး႐ိုက္ေတြကလည္း ဝက္ၿခံဆိုးဆိုး႐ြား႐ြားျဖစ္ေစႏိုင္ပါတယ္။

 

ဝက္ၿခံအမ်ိဳးအစားေတြအမ်ားႀကီးရွိပါတယ္။ ေမြးကင္းစေလးေတြနဲ႔ လသားေလးေတြ၊ အထူးသျဖင့္ ေယာက်ၤားေလးေတြမွာျဖစ္တဲ့ ဝက္ၿခံမ်ိဳးကို acne neonatorum, acne infantum လို႔ေခၚပါတယ္။ ဝက္ၿခံလိုအနီကြက္ေလးေတြမ်က္ႏွာမွာေပၚလာၿပီး ရက္သတၱပတ္အတြင္းမွာတင္ ဘာမွမျဖစ္ဘဲ ေပ်ာက္သြားတတ္ပါတယ္။ ဒါေပမယ့္ လသားေလးေတြမွာျဖစ္တဲ့ acne infantum ကေတာ့ ျဖစ္တာပိုၾကာ၊ ပိုဆိုးၿပီး အမာ႐ြတ္ေတြက်န္တတ္ပါတယ္။

 

ဆယ္ေက်ာ္သက္ဘဝမွာ ဝက္ၿခံတစ္လုံးမွမေပါက္ခဲ့ဘဲ အသက္ႀကီးလာမွ လူႀကီးဝက္ၿခံေတြေပါက္လာတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ androgen မ်ားလာလို႔ေပါက္တာဆိုေပမယ့္ ဆရာဝန္တစ္ခ်ိဳ႕ကေတာ့ ဝက္ၿခံထထေပါက္တယ္ဆိုတာ androgen ေဟာ္မုန္းပမာဏထက္ အဆီထြက္ႏႈန္းနဲ႔ ဝက္ၿခံျဖစ္ေစတဲ့ဘတ္တီးရီးယားပိုးကို လူ႔အေရျပားတုန႔္ျပန္မႈအ‌ေပၚမွာပဲ မူတည္တယ္လို႔ဆိုပါတယ္။ Propionibacterium acnes ဆိုတဲ့ဘတ္တီးရီးယားပိုးဟာ ေမြးညႇင္းေပါက္ေတြထဲ ပုံမွန္ရွိေနက်ပိုးတစ္မ်ိဳးပါ။ ဒီပိုးေတြအမ်ားႀကီးစုေဝးလာတဲ့အခါ အဆီေတြကိုၿဖိဳခြဲဖို႔ အင္ဇိုင္းေတြထုတ္ၿပီး ေရာင္ရမ္းေစႏိုင္ပါတယ္။ တစ္ခ်ိဳ႕ေတြက ဒီလိုဓာတ္ျပဳမႈကို ပုံမွန္ထက္ပိုတုန႔္ျပန္တတ္ၾကပါတယ္။ လူတစ္ေယာက္မွာ ဝက္ၿခံတစ္လုံးႏွစ္လုံးေလာက္ေပါက္ေစေလာက္႐ုံ အဆီပမာဏဟာ ေနာက္တစ္ေယာက္မွာေတာ့ ဝက္ၿခံအႀကီးအက်ယ္ထြက္တာ၊ ဆင္ဝက္ၿခံႀကီးေတြျဖစ္တာမ်ိဳး ျဖစ္ေစတတ္ပါတယ္။

 

Dr. Mya Phoo Ngon (www.drmyanmar.com)