/
news/အရေးပေါ်ကုသနည်းများ/လက်သည်း၊-ခြေသည်းပိုး၀င်ခြင်းအတွက်-ရှေးဦးကုသမှု

လက်သည်း၊ ခြေသည်းပိုး၀င်ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။      လက်သည်း၊ ခြေသည်းကိုကာကွယ်ပါ။

-        ပိုး၀င်နေသည့်လက်သည်းခွံ (သို့) ခြေသည်းခွံကို ဆွဲခွာခြင်းမပြုပါနှင့်။

-        အနာဖြစ်နေတဲ့ လက်သည်း (သို့) ခြေသည်းပေါ်တွင် လက်သည်းတု (သို့) ခြေသည်းတုတပ်ထားပါက ဖယ်ရှားပစ်ပါ။

၂။      နာကျင်မှု၊ ရောင်ရမ်းမှုတွေကို သက်သာအောင်ပြုလုပ်ပါ။

-        နာကျင်ရောင်ရမ်းမှုသက်သာအောင် ရေနွေးတွင် တနေ့ ၂ ကြိမ်မှ ၃ ကြိမ်နေ့တိုင်းစိမ်ပေးပါ။ ရောဂါပိုး မ၀င်အောင် ပဋိဇီ၀လိမ်းဆေးလိမ်းပြီး ပတ်တီးစည်းထားပါ။

၃။      ဆရာ၀န်နဲ့ပြသသင့်သောအခြေအနေ

-        နှစ်ရက်၊ သုံးရက်အတွင်းမှာ အနာမသက်သာလျှင်

-        ပြည်တည်လာလျှင်

-        လက်သည်း၊ ခြေသည်းအရောင်ပြောင်းလာလျှင်

-        အဆစ်အမြစ်နာကျင်လာလျှင်

-        အဖျား၀င်လာလျှင်

-        ဆီးချိုရောဂါေ၀ဒနာခံစားနေရသူဖြစ်လျှင် ဆရာ၀န်နဲ့ပြသရပါမယ်။

၄။      နောက်ဆက်တွဲလိုက်နာသင့်သောအချက်

-        ဆရာ၀န်က ပြည်တည်နာ (သို့) အရည်ကြည်ဖုကို စစ်ဆေးပြီး antibiotic (သို့) anti-fungal ဆေးတွေကို ညွှန်ကြားပေးခြင်း၊

-        ပြည်အိတ်ကို ဖောက်ထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ