/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများ-သိထားသင့်သော-ကျန်းမာရေးအလေ့အထများ

အမျိုးသားများ သိထားသင့်သော ကျန်းမာရေးအလေ့အထများ

Category
အမျိုးသားများနှင့်ကျန်းမာရေး

    ကျန်းမာခြင်းဟာ ဘဝရဲ့ဆုလာဘ်တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး ယောကျ်ားမိန်းမမရွေးအတွက် ကျန်းမာခြင်းက အရေးအကြီးဆုံးနေရာတွင် ရပ်တည်နေပါတယ်။ အမျိုးသမီးများနည်းတူ အမျိုးသားတွေအနေနဲ့လည်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စားသောက်နေထိုင်မှုပုံစံ အလေးထားခြင်းစသော ကျန်းမာရေးကို ဂရုစိုက်ခြင်း အလေ့အထကောင်းများ မွေးမြူသင့်ပါတယ်။ ဒါဆို ဘယ်အလေ့အထကောင်းလေးတွေကို အဓိကထား မွေးမြူသင့်လဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦး။

(၁)     ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးပါ။
    အမျိုးသားများအနေဖြင့်လည်း တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ ကိုလက်စထရော၊ ဆီးချိုပမာဏနဲ့ သွေးပေါင်ချိန်များကို အထူးဂရုပြု စစ်ဆေးသင့်တယ်နော်။

(၂)     အာဟာရမျှတအောင် စားသောက်ပါ။
    ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို နေ့စဉ်စားမိနေလား မိမိဘာသာ ပြန်သုံးသပ်ပါ။ ဟင်းအနှစ်ရွှဲရွှဲ၊ ငါးပိရည်ရွှဲရွှဲနဲ့ နယ်ဖယ်စားနေတာမျိုးလား၊ ဟင်းတွေထဲမှာ ဆားများနေလား၊ အချိုများတဲ့ အစားအစားတွေ အစားများနေလား၊ အသင့်စား အစားအသောက်တွေ အစားများနေလားဆိုတာ ပြန်လည် စဉ်းစားဆင်ခြင်ပါ။
    ဒီလိုမျိုး စားသောက်မိနေတာ များနေပြီဆိုရင်တော့ သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ရောဂါတွေ ဝင်ရောက်နိုင်ခြေ များနေပါပြီ။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မယ့် အစားအသောက်တွေကိုသာ ရွေးချယ်စားသောက်ပါ။ ရေများများသောက်၊ အသီးအရွက်များများ၊ ထမင်းနဲ့ အသားကို သင့်တင့်မျှတအောင်စားပါ။ တကယ်လို့ အစားအသောက်ကနေ အာဟာရဓာတ်တွေ အစုံရအောင် မျှမျှတတစားဖို့ အဆင်မပြေရင် အားဆေးတွေ သောက်သုံးပေးလို့လည်း ရပါတယ်။ Revicon လို အားဆေးမျိုးဆိုရင် အာဟာရဓာတ်စုံလင်စွာ ပါဝင်တဲ့အပြင် ညဘက်မှာ သောက်ထားရင် မနက် အိပ်ရာထချိန်မှာ လူကို လန်းဆန်းစေပြီး အလုပ်ထဲမှာ ပိုမိုတက်ကြွစေနိုင်ပါတယ်။

(၃)     နေထိုင်မကောင်းဖြစ်ပါက ဆေးခန်းပြဖို့ ဝန်မလေးပါနဲ့။
    အမျိုးသားများအနေဖြင့် တော်ရုံနေမကောင်းဖြစ်ပါက ဆေးရုံ၊ ဆေးခန်းသွားဖို့ ဝန်လေးတတ်ကြပါတယ်။ ဒီအချက်က မှားယွင်းတဲ့အချက်လို့ ဆိုပါရစေ။
    ကြီးမားသောရောဂါတွေကို စသိသိချင်းကုသရင် ပိုမိုရလဒ်ကောင်းများ ရနိုင်တာမို့ အသေးအဖွဲ ရောဂါလက္ခဏာများကိုလည်း လျစ်လျူမရှုဘဲ ကူသမှုခံယူသင့်ပါတယ်။

Revicon 1

(၄)     မျိုးရိုးရှိသော ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
    မိမိဖခင်နဲ့ အခြားမိသားစုဝင်များတွင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာစသော ရောဂါများရှိပါက ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ဒီအတွက် ဆရာဝန်နှင့် ဆွေးနွေးအဖြေရှာဖို့ မမေ့ပါနဲ့နော်။

(၅)     လေ့ကျင့်ခန်း ပြုလုပ်ပါ။
    နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ အချိန်မရရင်တောင် မိနစ် ၂၀ ခန့် မြန်မြန်လမ်းလျှောက်ခြင်း၊ ကလေးများနဲ့ ဆော့ကစားခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။

(၆)     ကိုယ်ပိုင်အနားယူချိန် ထားရှိပါ။
    အလုပ်အားလပ်ချိန်များတွင် Golf ရိုက်ခြင်း၊ မိသားစုနဲ့ အချိန်ပေးခြင်း၊ မိမိဝါသနာပါသော လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စိတ်ရောကိုယ်ပါ အနားယူနိုင်ပါတယ်။

(၇)     ကင်ဆာရောဂါအတွက် စစ်ဆေးမှုများ ပြုလုပ်ပါ။
    အမျိုးသားများတွင် အဖြစ်များသော အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာရောဂါများအတွက် နှစ်စဉ်စစ်ဆေးမှုများ ပြုလုပ်ပါ။

(၈)     ဆေးလိပ်ဖြတ်ပါ။
    ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒါဟာ ဆေးလိပ်ဘူးပေါ်က စာကြောင်းတစ်ကြောင်းမျှသာ မဟုတ်ပါဘူး။ လက်တွေ့မှာလည်း ဆေးလိပ်ကြောင့် ကျန်းမာရေးဆိုးကျိုးများစွာ ဖြစ်ပေါ်စေတဲ့အတွက် ဆေးလိပ်ကို ဖြတ်ဖို့ အကြံပြုလိုပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)

Revicon 2

(Zawgyi)

    က်န္းမာျခင္းဟာ ဘဝရဲ႕ဆုလာဘ္တစ္ခုျဖစ္ၿပီး အသက္အ႐ြယ္မေ႐ြး ေယာက်္ားမိန္းမမေ႐ြးအတြက္ က်န္းမာျခင္းက အေရးအႀကီးဆုံးေနရာတြင္ ရပ္တည္ေနပါတယ္။ အမ်ိဳးသမီးမ်ားနည္းတူ အမ်ိဳးသားေတြအေနနဲ႔လည္း က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ျခင္း၊ စားေသာက္ေနထိုင္မႈပုံစံ အေလးထားျခင္းစေသာ က်န္းမာေရးကို ဂ႐ုစိုက္ျခင္း အေလ့အထေကာင္းမ်ား ေမြးျမဴသင့္ပါတယ္။ ဒါဆို ဘယ္အေလ့အထေကာင္းေလးေတြကို အဓိကထား ေမြးျမဴသင့္လဲဆိုတာ ဆက္လက္ဖတ္ရႈေပးပါဦး။

(၁)     ပုံမွန္က်န္းမာေရး စစ္ေဆးမႈမ်ား ျပဳလုပ္ေပးပါ။
    အမ်ိဳးသားမ်ားအေနျဖင့္လည္း တစ္ႏွစ္မွာ အနည္းဆုံး တစ္ခါေတာ့ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္သင့္ပါတယ္။ ကိုလက္စထေရာ၊ ဆီးခ်ိဳပမာဏနဲ႔ ေသြးေပါင္ခ်ိန္မ်ားကို အထူးဂ႐ုျပဳ စစ္ေဆးသင့္တယ္ေနာ္။

(၂)     အာဟာရမွ်တေအာင္ စားေသာက္ပါ။
    က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအေသာက္ေတြကို ေန႔စဥ္စားမိေနလား မိမိဘာသာ ျပန္သုံးသပ္ပါ။ ဟင္းအႏွစ္႐ႊဲ႐ႊဲ၊ ငါးပိရည္႐ႊဲ႐ႊဲနဲ႔ နယ္ဖယ္စားေနတာမ်ိဳးလား၊ ဟင္းေတြထဲမွာ ဆားမ်ားေနလား၊ အခ်ိဳမ်ားတဲ့ အစားအစားေတြ အစားမ်ားေနလား၊ အသင့္စား အစားအေသာက္ေတြ အစားမ်ားေနလားဆိုတာ ျပန္လည္ စဥ္းစားဆင္ျခင္ပါ။
    ဒီလိုမ်ိဳး စားေသာက္မိေနတာ မ်ားေနၿပီဆိုရင္ေတာ့ ေသြးတိုး၊ ဆီးခ်ိဳစတဲ့ နာတာရွည္ေရာဂါေတြ ဝင္ေရာက္ႏိုင္ေျခ မ်ားေနပါၿပီ။ ဒါ့ေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္မယ့္ အစားအေသာက္ေတြကိုသာ ေ႐ြးခ်ယ္စားေသာက္ပါ။ ေရမ်ားမ်ားေသာက္၊ အသီးအ႐ြက္မ်ားမ်ား၊ ထမင္းနဲ႔ အသားကို သင့္တင့္မွ်တေအာင္စားပါ။ တကယ္လို႔ အစားအေသာက္ကေန အာဟာရဓာတ္ေတြ အစုံရေအာင္ မွ်မွ်တတစားဖို႔ အဆင္မေျပရင္ အားေဆးေတြ ေသာက္သုံးေပးလို႔လည္း ရပါတယ္။ Revicon လို အားေဆးမ်ိဳးဆိုရင္ အာဟာရဓာတ္စုံလင္စြာ ပါဝင္တဲ့အျပင္ ညဘက္မွာ ေသာက္ထားရင္ မနက္ အိပ္ရာထခ်ိန္မွာ လူကို လန္းဆန္းေစၿပီး အလုပ္ထဲမွာ ပိုမိုတက္ႂကြေစႏိုင္ပါတယ္။

(၃)     ေနထိုင္မေကာင္းျဖစ္ပါက ေဆးခန္းျပဖို႔ ဝန္မေလးပါနဲ႔။
    အမ်ိဳးသားမ်ားအေနျဖင့္ ေတာ္႐ုံေနမေကာင္းျဖစ္ပါက ေဆး႐ုံ၊ ေဆးခန္းသြားဖို႔ ဝန္ေလးတတ္ၾကပါတယ္။ ဒီအခ်က္က မွားယြင္းတဲ့အခ်က္လို႔ ဆိုပါရေစ။
    ႀကီးမားေသာေရာဂါေတြကို စသိသိခ်င္းကုသရင္ ပိုမိုရလဒ္ေကာင္းမ်ား ရႏိုင္တာမို႔ အေသးအဖြဲ ေရာဂါလကၡဏာမ်ားကိုလည္း လ်စ္လ်ဴမရႈဘဲ ကူသမႈခံယူသင့္ပါတယ္။

(၄)     မ်ိဳး႐ိုးရွိေသာ ေရာဂါမ်ားကို ႀကိဳတင္ကာကြယ္ႏိုင္ရန္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။
    မိမိဖခင္နဲ႔ အျခားမိသားစုဝင္မ်ားတြင္ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါ၊ ကင္ဆာစေသာ ေရာဂါမ်ားရွိပါက ႀကိဳတင္ကာကြယ္ဖို႔ လိုပါတယ္။ ဒီအတြက္ ဆရာဝန္ႏွင့္ ေဆြးေႏြးအေျဖရွာဖို႔ မေမ့ပါနဲ႔ေနာ္။

(၅)     ေလ့က်င့္ခန္း ျပဳလုပ္ပါ။
    ေန႔စဥ္ မိနစ္ ၃၀ ခန႔္ ေလ့က်င့္ခန္း ျပဳလုပ္သင့္ပါတယ္။ အခ်ိန္မရရင္ေတာင္ မိနစ္ ၂၀ ခန႔္ ျမန္ျမန္လမ္းေလွ်ာက္ျခင္း၊ ကေလးမ်ားနဲ႔ ေဆာ့ကစားျခင္း စသည္တို႔ကို ျပဳလုပ္ေပးပါ။

(၆)     ကိုယ္ပိုင္အနားယူခ်ိန္ ထားရွိပါ။
    အလုပ္အားလပ္ခ်ိန္မ်ားတြင္ Golf ႐ိုက္ျခင္း၊ မိသားစုနဲ႔ အခ်ိန္ေပးျခင္း၊ မိမိဝါသနာပါေသာ လႈပ္ရွားမႈမ်ား ျပဳလုပ္ျခင္းျဖင့္ စိတ္ေရာကိုယ္ပါ အနားယူႏိုင္ပါတယ္။

(၇)     ကင္ဆာေရာဂါအတြက္ စစ္ေဆးမႈမ်ား ျပဳလုပ္ပါ။
    အမ်ိဳးသားမ်ားတြင္ အျဖစ္မ်ားေသာ အူမႀကီးကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အဆုတ္ကင္ဆာေရာဂါမ်ားအတြက္ ႏွစ္စဥ္စစ္ေဆးမႈမ်ား ျပဳလုပ္ပါ။

(၈)     ေဆးလိပ္ျဖတ္ပါ။
    ေဆးလိပ္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးကို ဆိုး႐ြားစြာ ထိခိုက္ႏိုင္ပါတယ္။ ဒါဟာ ေဆးလိပ္ဘူးေပၚက စာေၾကာင္းတစ္ေၾကာင္းမွ်သာ မဟုတ္ပါဘူး။ လက္ေတြ႕မွာလည္း ေဆးလိပ္ေၾကာင့္ က်န္းမာေရးဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚေစတဲ့အတြက္ ေဆးလိပ္ကို ျဖတ္ဖို႔ အႀကံျပဳလိုပါတယ္။

ေလေျပႏုေသြး (ေဆး၂) (www.drmyanmar.com)