/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများ-ဘဝတစ်လျှောက်-ကျန်းမာစေဖို့နည်းလမ်းများ

အမျိုးသားများ ဘဝတစ်လျှောက် ကျန်းမာစေဖို့နည်းလမ်းများ

Category
အမျိုးသားများနှင့်ကျန်းမာရေး

အမျိုးသမီးတွေနဲ့ယှဉ်ရင် အမျိုးသားတွေက ဆရာဝန်ဆီသွားဖို့၊ ဆေးရုံဆေးခန်းသွားပြဖို့ကို ပိုပြီးဝန်လေးတတ်ကြပါတယ်။ တကယ်ကို ပြင်းပြင်းထန်ထန်ဖျားမှ၊ မခံမရပ်နိုင်အောင် ခံစားရမှသာ ဆေးခန်းသွားဖို့ စဉ်းစားတတ်ကြပါတယ်။ ဒါ့အပြင် ရောဂါ နည်းနည်းသက်သာပြီဆိုတာနဲ့ ဆေးရုံဆေးခန်းကို ဆက်မပြချင်တော့ပါဘူး။ ဒါက ဖြစ်နေကျသဘာဝပဲ ဖြစ်ပါတယ်။ မျိုးရိုးလိုက်တတ်တဲ့ရောဂါတို့၊ အသက်ကြီးလို့ဖြစ်တဲ့ ရောဂါတွေမှအပ တခြားသောရောဂါ တော်တော်များများကို နေ့စဉ်ပြုမူနေတဲ့ အမူအကျင့်တွေကိုပြောင်းလဲတာနဲ့တင် ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေအတွက် ဘဝတစ်လျှောက်လုံးမှာ ကျန်းမာနေစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

●  ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။
ကျန်းမာရေးစစ်ဆေးမှု (regular check-up) ကို ပုံမှန်ပြုလုပ်ပေးပါ။ ရောဂါတွေ စစ်ဆေးခြင်းအပြင် သွားနှင့်ခံတွင်းကျန်းမာရေးကိုလည်း စစ်ဆေးပါ။ ဒီလိုစစ်ဆေးပေးခြင်းအားဖြင့် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အချိန်မီထိုးနှံနိုင်မယ်။ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို အမြန်ဆုံး ဆွေးနွေးနိုင်မယ်။ ဒါ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေကိုလည်း ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

●  ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာများကိုစားပါ။
အဆီတွေ၊ ကိုလက်စထရောတွေ၊ ဆားတွေ၊ အချိုမှုန့်တွေ ပါဝင်မှုနည်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးပါ။ လတ်ဆတ်သောအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါ။ အစေ့အဆံတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကလည်း နှလုံးရောဂါ၊ ဆီးချိုနဲ့ တချို့သောကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် များများစားပေးသင့်ပါတယ်။

●  ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။
တစ်ရက်ကို အနည်းဆုံး နာရီဝက်လောက် သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ဖို့ ကြိုးစားကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှုဆိုရာမှာ လမ်းလျှောက်တာ၊ Jogging ပြေးတာ၊ ရေကူးတာ၊ အားလုံးအကျုံးဝင်ပါတယ်။ ဒါပေမဲ့ တစ်ပတ်လုံးမှာ ဘာကိုယ်လက်လှုပ်ရှားမှုမှမလုပ်ဘဲ အလုပ်အားတဲ့နေ့ကျမှ ကိုယ်လက်လှုပ်ရှားမှုကို အပြင်းအထန်လုပ်ခြင်းကို ရှောင်ကြဉ်ပါ။ ကိုယ်လက်လှုပ်ရှားမှု စလုပ်မယ်ဆို ဖြည်းဖြည်းချင်း စလုပ်ပါ။ အချိန်သိပ်မရရင် တစ်ရက်ကို ၁၀ မိနစ်လောက် လေ့ကျင့်ခန်း အပြင်းအထန် လုပ်ပေးတာကလည်း ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။

●  ကိုယ်အလေးချိန်ကို ရှိသင့်တဲ့အလေးချိန်မှာပဲ ထိန်းထားပါ။
ကိုယ်အလေးချိန် လိုတာထက်ပိုများနေခြင်းက သင့်ရဲ့အရိုးကျန်းမာရေးအတွက် မကောင်းသလို နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ဖြစ်နိုင်ချေ ပိုများစေတဲ့အတွက် ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။

Revicon 1

●  အရက် အလွန်အကျွံသောက်တာကို ရှောင်ကြဉ်ပါ။
အရက်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကိုတော့ လူတိုင်းသိကြပါတယ်။ ဒါ့ကြောင့် တစ်ရက်ကို အရက် ၂ ပက်ထက်ပိုပြီး မသောက်သင့်ပါဘူး။

●  ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
ဆေးလိပ်သောက်ခြင်းကလည်း ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

●  လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုကိုသာ ပြုလုပ်ပါ။
အကယ်၍ သင်ဟာ လိင်ဆက်ဆံမှုကို ပြုလုပ်မည်ဆိုပါက မိမိကိုယ်ကိုလည်း အန္တရာယ်ကင်းအောင်၊ တခြားသူကိုလည်းအန္တရာယ်ကင်းအောင် ပြုလုပ်တတ်တဲ့ အလေ့အကျင့်ကိုလုပ်ဆောင်ပါ။

●  အိပ်ရေး၀၀အိပ်ပါ။
အမျိုးသားတွေမှာ ကိုယ့်ဘဝရှေ့ရေး၊ မိသားစုအရေး၊ စားဝတ်နေရေးစတဲ့ အရေးပေါင်းများစွာအတွက် စိတ်ဖိစီးမှုတွေ ဖိစီးတတ်ကြပါတယ်။ ဒီလိုတွေ ဖြစ်လာပြီဆိုရင်တော့ အိပ်မပျော်တာ၊ စိတ်ဆတ်တာ၊ ဇက်ကြောတွေ၊ ပခုံးတွေ တင်းနေတာ၊ ညအိပ်ရင် သွားတွေကြိတ်တာ စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို ဖြေလျော့ဖို့ အားကစားလုပ်တာ၊ တရားထိုင်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ဆရာဝန် ညွှန်ကြားတဲ့ ဆေးဝါးတွေ မှီဝဲတာ၊ ဗီတာမင် B6, ဗီတာမင် C, ဗီတာမင် D နဲ့ ဗီတာမင် E တို့ပါဝင်တဲ့ အစားအသောက်တွေ (သို့) အားဆေးတွေ မှီဝဲတာ၊ မိသားစုနဲ့ စကား အေးအေးဆေးဆေး ပြောတာ၊ မိသားစုနဲ့ ခရီးသွားတာ စတဲ့ နည်းလမ်းတွေနဲ့ stress လျှော့ချဖို့ ကြိုးစားကြည့်သင့်ပါတယ်။
ကဲ ... အပေါ်မှာ ပြောခဲ့တဲ့အချက်တွေကို လိုက်နာကျင့်ကြံခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ အမျိုးသားတွေ ဖြစ်နိုင်ကြပါစေ။

ဒေါက်တာအောင် (www.drmyanmar.com)

Revicon 2

(Zawgyi)

အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ အမ်ိဳးသားေတြက ဆရာဝန္ဆီသြားဖို႔၊ ေဆး႐ုံေဆးခန္းသြားျပဖို႔ကို ပိုၿပီးဝန္ေလးတတ္ၾကပါတယ္။ တကယ္ကို ျပင္းျပင္းထန္ထန္ဖ်ားမွ၊ မခံမရပ္ႏိုင္ေအာင္ ခံစားရမွသာ ေဆးခန္းသြားဖို႔ စဥ္းစားတတ္ၾကပါတယ္။ ဒါ့အျပင္ ေရာဂါ နည္းနည္းသက္သာၿပီဆိုတာနဲ႔ ေဆး႐ုံေဆးခန္းကို ဆက္မျပခ်င္ေတာ့ပါဘူး။ ဒါက ျဖစ္ေနက်သဘာဝပဲ ျဖစ္ပါတယ္။ မ်ိဳး႐ိုးလိုက္တတ္တဲ့ေရာဂါတို႔၊ အသက္ႀကီးလို႔ျဖစ္တဲ့ ေရာဂါေတြမွအပ တျခားေသာေရာဂါ ေတာ္ေတာ္မ်ားမ်ားကို ေန႔စဥ္ျပဳမူေနတဲ့ အမူအက်င့္ေတြကိုေျပာင္းလဲတာနဲ႔တင္ ကာကြယ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသားေတြအတြက္ ဘဝတစ္ေလွ်ာက္လုံးမွာ က်န္းမာေနေစဖို႔ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

●  က်န္းမာေရးကို ပုံမွန္စစ္ေဆးပါ။
က်န္းမာေရးစစ္ေဆးမႈ (regular check-up) ကို ပုံမွန္ျပဳလုပ္ေပးပါ။ ေရာဂါေတြ စစ္ေဆးျခင္းအျပင္ သြားႏွင့္ခံတြင္းက်န္းမာေရးကိုလည္း စစ္ေဆးပါ။ ဒီလိုစစ္ေဆးေပးျခင္းအားျဖင့္ လိုအပ္တဲ့ ကာကြယ္ေဆးေတြကို အခ်ိန္မီထိုးႏွံႏိုင္မယ္။ ခံစားေနရတဲ့ ေရာဂါလကၡဏာေတြကို အျမန္ဆုံး ေဆြးေႏြးႏိုင္မယ္။ ဒါ့အျပင္ ျဖစ္ေပၚလာႏိုင္တဲ့ ေရာဂါေတြကိုလည္း ႀကိဳတင္ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

●  က်န္းမာေရးနဲ႔ညီၫြတ္ၿပီး အာဟာရျပည့္ဝတဲ့ အစားအစာမ်ားကိုစားပါ။
အဆီေတြ၊ ကိုလက္စထေရာေတြ၊ ဆားေတြ၊ အခ်ိဳမႈန႔္ေတြ ပါဝင္မႈနည္းတဲ့ အစားအေသာက္ေတြကို ေရြးခ်ယ္စားသုံးေပးပါ။ လတ္ဆတ္ေသာအသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြကို မ်ားမ်ားစားသုံးေပးပါ။ အေစ့အဆံေတြနဲ႔ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြကလည္း ႏွလုံးေရာဂါ၊ ဆီးခ်ိဳနဲ႔ တခ်ိဳ႕ေသာကင္ဆာေတြကို ကာကြယ္ေပးႏိုင္တဲ့အတြက္ မ်ားမ်ားစားေပးသင့္ပါတယ္။

●  ကိုယ္လက္လႈပ္ရွားမႈ မွန္မွန္ျပဳလုပ္ပါ။
တစ္ရက္ကို အနည္းဆုံး နာရီဝက္ေလာက္ သင့္တင့္တဲ့ကိုယ္လက္လႈပ္ရွားမႈ မွန္မွန္ျပဳလုပ္ဖို႔ ႀကိဳးစားၾကည့္ပါ။ ကိုယ္လက္လႈပ္ရွားမႈဆိုရာမွာ လမ္းေလွ်ာက္တာ၊ Jogging ေျပးတာ၊ ေရကူးတာ၊ အားလုံးအက်ဳံးဝင္ပါတယ္။ ဒါေပမဲ့ တစ္ပတ္လုံးမွာ ဘာကိုယ္လက္လႈပ္ရွားမႈမွမလုပ္ဘဲ အလုပ္အားတဲ့ေန႔က်မွ ကိုယ္လက္လႈပ္ရွားမႈကို အျပင္းအထန္လုပ္ျခင္းကို ေရွာင္ၾကဥ္ပါ။ ကိုယ္လက္လႈပ္ရွားမႈ စလုပ္မယ္ဆို ျဖည္းျဖည္းခ်င္း စလုပ္ပါ။ အခ်ိန္သိပ္မရရင္ တစ္ရက္ကို ၁၀ မိနစ္ေလာက္ ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ေပးတာကလည္း က်န္းမာေရးကို ေကာင္းေစႏိုင္ပါတယ္။

●  ကိုယ္အေလးခ်ိန္ကို ရွိသင့္တဲ့အေလးခ်ိန္မွာပဲ ထိန္းထားပါ။
ကိုယ္အေလးခ်ိန္ လိုတာထက္ပိုမ်ားေနျခင္းက သင့္ရဲ႕အ႐ိုးက်န္းမာေရးအတြက္ မေကာင္းသလို ႏွလုံးေရာဂါ၊ ေလျဖတ္ျခင္းေတြကို ျဖစ္ႏိုင္ေခ် ပိုမ်ားေစတဲ့အတြက္ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းဖို႔ကလည္း အေရးႀကီးပါတယ္။

●  အရက္ အလြန္အကြၽံေသာက္တာကို ေရွာင္ၾကဥ္ပါ။
အရက္ေသာက္ျခင္းက က်န္းမာေရးကို ဆိုးဆိုးရြားရြား ထိခိုက္ေစႏိုင္တာကိုေတာ့ လူတိုင္းသိၾကပါတယ္။ ဒါ့ေၾကာင့္ တစ္ရက္ကို အရက္ ၂ ပက္ထက္ပိုၿပီး မေသာက္သင့္ပါဘူး။

●  ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။
ေဆးလိပ္ေသာက္ျခင္းကလည္း က်န္းမာေရးကို ဆိုးဆိုးရြားရြား ထိခိုက္ေစႏိုင္တဲ့အတြက္ ေရွာင္ၾကဥ္သင့္ပါတယ္။

●  လုံၿခဳံစိတ္ခ်ရေသာ လိင္ဆက္ဆံမႈကိုသာ ျပဳလုပ္ပါ။
အကယ္၍ သင္ဟာ လိင္ဆက္ဆံမႈကို ျပဳလုပ္မည္ဆိုပါက မိမိကိုယ္ကိုလည္း အႏၲရာယ္ကင္းေအာင္၊ တျခားသူကိုလည္းအႏၲရာယ္ကင္းေအာင္ ျပဳလုပ္တတ္တဲ့ အေလ့အက်င့္ကိုလုပ္ေဆာင္ပါ။

●  အိပ္ေရး၀၀အိပ္ပါ။
အမ်ိဳးသားေတြမွာ ကိုယ့္ဘဝေရွ႕ေရး၊ မိသားစုအေရး၊ စားဝတ္ေနေရးစတဲ့ အေရးေပါင္းမ်ားစြာအတြက္ စိတ္ဖိစီးမႈေတြ ဖိစီးတတ္ၾကပါတယ္။ ဒီလိုေတြ ျဖစ္လာၿပီဆိုရင္ေတာ့ အိပ္မေပ်ာ္တာ၊ စိတ္ဆတ္တာ၊ ဇက္ေၾကာေတြ၊ ပခုံးေတြ တင္းေနတာ၊ ညအိပ္ရင္ သြားေတြႀကိတ္တာ စတဲ့လကၡဏာေတြကို ခံစားရတတ္ပါတယ္။ ဒီလိုေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕စိတ္ဖိစီးမႈေတြကို ေျဖေလ်ာ့ဖို႔ အားကစားလုပ္တာ၊ တရားထိုင္တာ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို႔ ဆရာဝန္ ၫႊန္ၾကားတဲ့ ေဆးဝါးေတြ မွီဝဲတာ၊ ဗီတာမင္ B6, ဗီတာမင္ C, ဗီတာမင္ D နဲ႔ ဗီတာမင္ E တို႔ပါဝင္တဲ့ အစားအေသာက္ေတြ (သို႔) အားေဆးေတြ မွီဝဲတာ၊ မိသားစုနဲ႔ စကား ေအးေအးေဆးေဆး ေျပာတာ၊ မိသားစုနဲ႔ ခရီးသြားတာ စတဲ့ နည္းလမ္းေတြနဲ႔ stress ေလွ်ာ့ခ်ဖို႔ ႀကိဳးစားၾကည့္သင့္ပါတယ္။
ကဲ ... အေပၚမွာ ေျပာခဲ့တဲ့အခ်က္ေတြကို လိုက္နာက်င့္ႀကံျခင္းျဖင့္ က်န္းမာေပ်ာ္႐ႊင္တဲ့ အမ်ိဳးသားေတြ ျဖစ္ႏိုင္ၾကပါေစ။

ေဒါက္တာေအာင္ (www.drmyanmar.com)