/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများမှာ-ပိုဖြစ်လေ့ရှိတဲ့-ရောဂါအခြေအနေ-၈-မျိုး

အမျိုးသားများမှာ ပိုဖြစ်လေ့ရှိတဲ့ ရောဂါအခြေအနေ (၈) မျိုး

Category
အမျိုးသားများနှင့်ကျန်းမာရေး

1.  အရောင်အချို့ကို မမြင်ခြင်း (Color blindness)
Color blindness ဟာ အမျိုးသားတွေမှာပိုပြီး အဖြစ်များလေ့ရှိပါတယ်။ Color blindness ဖြစ်ခြင်း ရှိ၊ မရှိကို X ခရိုမိုဇုန်းမှာရှိတဲ့ မျိုးရိုးဗီဇကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ အမျိုးသားတွေမှာ X ခရိုမိုဇုန်းတစ်ခုပဲရှိတာကြောင့် ၎င်းခရိုမိုဇုန်းတွင် Color blindness ဖြစ်စေတဲ့ မျိုးရိုးဗီဇပါလာပါက ထိုအမျိုးသားဟာ Color blindness ကို ခံစားရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာတော့ X ခရိုမိုဇုန်းနှစ်ခုပါတာကြောင့် Color blindness ကို ဖြစ်စေတဲ့ မျိုးရိုးဗီဇ ပါလာသော်လည်း ရောဂါလက္ခဏာမပြဘဲ ရောဂါသယ်ဆောင်သူအဖြစ်သာ တွေ့ရမှာဖြစ်ပါတယ်။

2.  Fragile X Syndrome
အဖြစ်အများဆုံး ဉာဏ်ရည်ဉာဏ်သွေး ချို့ယွင်းမှုဆိုင်ရာ ရောဂါလက္ခဏာစု ဖြစ်ပါတယ်။ အမျိုးသား 4000 လျှင် 1 ယောက်နှုန်း ခံစားရလေ့ရှိပြီး ဖြစ်ပွားနှုန်းကတော့ အမျိုးသမီးတွေနဲ့ယှဉ်လျှင် အမျိုးသားတွေမှာ 2 ဆခန့် ပိုမိုဖြစ်ပွားတာကို တွေ့ရပါတယ်။ ၎င်းလက္ခဏာစုဟာ X ခရိုမိုဇုန်းပေါ်မှာရှိတဲ့ FMR 1 မျိုးရိုးဇီဇမူမမှန်ခြင်းကြောင့်ဖြစ်ပြီး အမျိုးသားတွေမှာ X ခရိုမိုဇုန်းက တစ်ခုပဲရှိတာကြောင့် ဒီရောဂါလက္ခဏာစုဟာ အမျိုးသားတွေမှာ ပိုဖြစ်နိုင်တာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ သင်ကြားမှုတွင် အခက်အခဲရှိခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျခြင်း၊ နှုတ်စွမ်းရည်နိမ့်ကျခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ခက်ခဲမှုရှိခြင်း၊ လှုပ်ရှားမှုပိုင်းဆိုင်ရာတို့တွင် ခက်ခဲမှုရှိခြင်းတို့ကို တွေ့ရပါတယ်။ ရုပ်ရည်အားဖြင့်လည်း ရှည်လျားသောမျက်နှာ၊ ကြီးမားကျယ်ပြန့်သောနဖူး၊ ပြားသောခြေထောက်နဲ့ ကြီးမားသောကိုယ်ထည်ရှိတာကို တွေ့ရပါတယ်။

3.  ခါးဆစ်ရိုးကျီးပေါင်းတက်ခြင်း
အကြောင်းရင်းကို အတိအကျမသိရသော်လည်း အမျိုးသမီးတွေနှင့်ယှဉ်ရင် အမျိုးသားတွေက ကျီးပေါင်းရောဂါရဲ့လက္ခဏာတွေကို ပိုမိုပြင်းထန်စွာ ခံစားရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

4.  ဂေါက်ရောဂါ
ဘီယာသောက်သုံးခြင်းနဲ့ အီစထရိုဂျင်ဟော်မုန်းနည်းပါးခြင်းတို့ကြောင့် အမျိုးသားတွေမှာ ဂေါက်ရောဂါပိုပြီး အဖြစ်များပါတယ်။

5.  နှလုံးရောဂါ
အမျိုးသားအများစုက နှလုံးရောဂါနှင့် သေဆုံးလေ့ရှိပါတယ်။ အသက် 55 နှစ်မှ 64 နှစ်အရွယ် အမျိုးသား 1000 မှာ 185 ယောက်က နှလုံးရောဂါနှင့် သေဆုံးကြတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

6.  အဆုတ်ကင်ဆာ
အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ယှဉ်ရင် ဆေးလိပ် အလွန်အကျွံသောက်တာကြောင့် အဆုတ်ကင်ဆာနှင့် သေဆုံးနှုန်းဟာလည်း မြင့်မားလျက်ရှိပါတယ်။

7.  Mesothelioma
Mesothelioma ဆိုတာ ကျောက်ဂွမ်း (Asbestos) နဲ့ ထိတွေ့မှုများခြင်းကြောင့် အဆုတ်နဲ့ ရင်ခေါင်းရှိ တစ်သျှူးများမှာဖြစ်ပေါ်တဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ သင်္ဘောတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရတဲ့အမျိုးသားတွေမှာ ၎င်းကင်ဆာရောဂါ ပိုမိုဖြစ်နိုင်ပါတယ်။

8.  သတ်သေရန်ကြိုးစားခြင်း
စစ်တမ်းများအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး သတ်သေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာ သတ်သေရန် ကြိုးစားရာမှာလည်း ဆွဲကြိုးချခြင်း၊ အဆိပ်ပြင်းများသောက်ခြင်းစတဲ့ နည်းလမ်းတွေကို ပိုမိုအသုံးပြုတယ်လို့ သိရပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)