/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီလာစဉ်-သန့်ရှင်းစေချင်

ရာသီလာစဉ် သန့်ရှင်းစေချင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

    ဓမ္မတာနဲ့ ပတ်သက်ပြီးတော့ အသိပညာတွေ အတော်တိုးတက်လာပြီလို့ ထင်ရပေမယ့် နေရာအတော်များများမှာ ရာသီကို မသန့်ရှင်းတဲ့ သွေးဆိုး‌သွေးညစ်တွေဆင်းတာ၊ ရာသီလာချိန်ဟာ ယုတ်ညံ့တယ် စသဖြင့် ခေတ်နောက်ပြန်ဆွဲတဲ့အတွေးတွေ တွေးနေကြဆဲဖြစ်တာကို စိတ်မကောင်းစရာ တွေ့ရပါတယ်။
    ဓမ္မတာလာတယ်ဆိုတာ ကျန်းမာသန်စွမ်းတဲ့ သာမန်အမျိုးသမီးတစ်ယောက်ရဲ့ သဘာဝတစ်ခုဖြစ်တာမို့ ဒီလိုဓမ္မတာလာစဉ်မှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းစေဖို့ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။
●    တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်တော့ ရေ ပုံမှန်ချိုးပေးပါ။
●    ပိုးမဝင်အောင် လစဉ်သုံးပစ္စည်းကို မှန်မှန်လဲပေးပါ။ Pad ဆိုရင် ၆ နာရီခြားတစ်ခါ လဲပေးပြီး တန်ပွန် သုံးရင်တော့ ၂ နာရီခြားတစ်ခါ လဲပေးပါ။
●    အရည်အသွေးကောင်းတဲ့ လစဉ်သုံးအမျိုးအစားကို ရွေးချယ်ပါ။ အသားအရေ အထိခိုက်မခံတဲ့ အမျိုးသမီးတွေဆိုရင် ပလတ်စတစ်လိုင်းပါတဲ့ လစဉ်သုံးတွေကို ရှောင်ပေးပါ။ နီရဲတာ၊ ယားယံတာ၊ အသားချင်း ပွတ်တိုက်မိပြီး အရည်ကြည်ဖုတွေထတာမျိုးတွေ ဖြစ်တတ်ပါတယ်။
●    အတွင်းခံ သန့်သန့်ရှင်းရှင်း ဝတ်ဆင်ပါ။ နေ့တိုင်း လဲလှယ်ပါ။
●    မိန်းမကိုယ်နားတစ်ဝိုက်ကို ဆပ်ပြာအပြင်းတွေနဲ့ မဆေးပါနဲ့။ အိမ်သာသွားပြီးတိုင်း ရေလေးနဲ့ မှန်မှန်ဆေးပေးပါ။ အထဲထဲထိ ဆပ်ပြာနဲ့ဆေးတဲ့အခါ ကောင်းတဲ့ဘက်တီးရီးယားတွေ သေဆုံးပြီး ရောဂါပိုးမွှားတွေ ဝင်ရောက်လာနိုင်ပါတယ်။
●    ရေဆေးပြီးတိုင်း မိန်းမကိုယ်နားတစ်ဝိုက်ကို ခြောက်သွေ့အောင် သုတ်သင်ပေးပါ။ ပေါင်ခြံကြားကို အမြဲခြောက်သွေ့နေအောင် ထားပါ။

pH Care 1

●    မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ရှေ့ကနေနောက်ကို ဆေးပေးပါ။ နောက်ကနေ ရှေ့ကိုဆေးပေးရင် စအိုက ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းထဲ ဝင်ရောက်နိုင်ပြီး ပိုးပွားနိုင်ပါတယ်။
●    လစဉ်သုံးပစ္စည်းလဲပြီးတိုင်း လက်ကို ရေနွေးနဲ့ဆပ်ပြာကိုသုံးပြီး ‌ဆေးကြောပေးပါ။
●    အသုံးပြုပြီးသား လစဉ်သုံးပစ္စည်းတွေကို အိမ်သာကျင်းထဲ မထည့်လိုက်ပါနဲ့။ ရေဆင်းကြောင်းပိတ်ပြီး ရေတွေ လျှံတက်လာနိုင်ပါတယ်။ သေချာထုတ်ပိုးပြီး အမှိုက်ပုံးထဲကို သေချာပစ်ပေးပါ။
●    ဂျင်းတွေ၊ ဘောင်းဘီအကျပ်တွေမဝတ်ဘဲ ပေါ့ပေါ့ပါးပါးလေးတွေပဲ ဝတ်ဆင်ပေးပါ။ လေဝင်လေထွက် ကောင်းစေပြီး ချွေးထွက်တာကို သက်သာစေနိုင်ပါတယ်။
    ရာသီလာစဉ် ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းတဲ့ အလေ့အကျင့်ကောင်းတွေကို ပြုမူပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ကြစေဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

pH Care 2

(Zawgyi)

    ဓမၼတာနဲ႔ ပတ္သက္ၿပီးေတာ့ အသိပညာေတြ အေတာ္တိုးတက္လာၿပီလို႔ ထင္ရေပမယ့္ ေနရာအေတာ္မ်ားမ်ားမွာ ရာသီကို မသန႔္ရွင္းတဲ့ ေသြးဆိုး‌ေသြးညစ္ေတြဆင္းတာ၊ ရာသီလာခ်ိန္ဟာ ယုတ္ညံ့တယ္ စသျဖင့္ ေခတ္ေနာက္ျပန္ဆြဲတဲ့အေတြးေတြ ေတြးေနၾကဆဲျဖစ္တာကို စိတ္မေကာင္းစရာ ေတြ႕ရပါတယ္။
    ဓမၼတာလာတယ္ဆိုတာ က်န္းမာသန္စြမ္းတဲ့ သာမန္အမ်ိဳးသမီးတစ္ေယာက္ရဲ႕ သဘာဝတစ္ခုျဖစ္တာမို႔ ဒီလိုဓမၼတာလာစဥ္မွာ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး သန႔္ရွင္းေစဖို႔ လိုက္နာေဆာင္႐ြက္ရမယ့္ နည္းလမ္းေလးေတြကို ေျပာျပေပးသြားပါမယ္။
●    တစ္ေန႔ကို အနည္းဆုံး တစ္ႀကိမ္ေတာ့ ေရ ပုံမွန္ခ်ိဳးေပးပါ။
●    ပိုးမဝင္ေအာင္ လစဥ္သုံးပစၥည္းကို မွန္မွန္လဲေပးပါ။ Pad ဆိုရင္ ၆ နာရီျခားတစ္ခါ လဲေပးၿပီး တန္ပြန္ သုံးရင္ေတာ့ ၂ နာရီျခားတစ္ခါ လဲေပးပါ။
●    အရည္အေသြးေကာင္းတဲ့ လစဥ္သုံးအမ်ိဳးအစားကို ေ႐ြးခ်ယ္ပါ။ အသားအေရ အထိခိုက္မခံတဲ့ အမ်ိဳးသမီးေတြဆိုရင္ ပလတ္စတစ္လိုင္းပါတဲ့ လစဥ္သုံးေတြကို ေရွာင္ေပးပါ။ နီရဲတာ၊ ယားယံတာ၊ အသားခ်င္း ပြတ္တိုက္မိၿပီး အရည္ၾကည္ဖုေတြထတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
●    အတြင္းခံ သန႔္သန႔္ရွင္းရွင္း ဝတ္ဆင္ပါ။ ေန႔တိုင္း လဲလွယ္ပါ။
●    မိန္းမကိုယ္နားတစ္ဝိုက္ကို ဆပ္ျပာအျပင္းေတြနဲ႔ မေဆးပါနဲ႔။ အိမ္သာသြားၿပီးတိုင္း ေရေလးနဲ႔ မွန္မွန္ေဆးေပးပါ။ အထဲထဲထိ ဆပ္ျပာနဲ႔ေဆးတဲ့အခါ ေကာင္းတဲ့ဘက္တီးရီးယားေတြ ေသဆုံးၿပီး ေရာဂါပိုးမႊားေတြ ဝင္ေရာက္လာႏိုင္ပါတယ္။
●    ေရေဆးၿပီးတိုင္း မိန္းမကိုယ္နားတစ္ဝိုက္ကို ေျခာက္ေသြ႕ေအာင္ သုတ္သင္ေပးပါ။ ေပါင္ၿခံၾကားကို အၿမဲေျခာက္ေသြ႕ေနေအာင္ ထားပါ။
●    မိန္းမကိုယ္ကို ေဆးေၾကာတဲ့အခါ ေရွ႕ကေနေနာက္ကို ေဆးေပးပါ။ ေနာက္ကေန ေရွ႕ကိုေဆးေပးရင္ စအိုက ဘက္တီးရီးယားပိုးေတြက မိန္းမကိုယ္နဲ႔ ဆီးလမ္းေၾကာင္းထဲ ဝင္ေရာက္ႏိုင္ၿပီး ပိုးပြားႏိုင္ပါတယ္။
●    လစဥ္သုံးပစၥည္းလဲၿပီးတိုင္း လက္ကို ေရေႏြးနဲ႔ဆပ္ျပာကိုသုံးၿပီး ‌ေဆးေၾကာေပးပါ။
●    အသုံးျပဳၿပီးသား လစဥ္သုံးပစၥည္းေတြကို အိမ္သာက်င္းထဲ မထည့္လိုက္ပါနဲ႔။ ေရဆင္းေၾကာင္းပိတ္ၿပီး ေရေတြ လွ်ံတက္လာႏိုင္ပါတယ္။ ေသခ်ာထုတ္ပိုးၿပီး အမႈိက္ပုံးထဲကို ေသခ်ာပစ္ေပးပါ။
●    ဂ်င္းေတြ၊ ေဘာင္းဘီအက်ပ္ေတြမဝတ္ဘဲ ေပါ့ေပါ့ပါးပါးေလးေတြပဲ ဝတ္ဆင္ေပးပါ။ ေလဝင္ေလထြက္ ေကာင္းေစၿပီး ေခြၽးထြက္တာကို သက္သာေစႏိုင္ပါတယ္။
    ရာသီလာစဥ္ က်န္းမာေရးနဲ႔ညီၫြတ္ၿပီး သန႔္ရွင္းတဲ့ အေလ့အက်င့္ေကာင္းေတြကို ျပဳမူေပးဖို႔က အင္မတန္မွ အေရးႀကီးပါတယ္။ မိန္းကေလးတိုင္း ကိုယ့္ကိုယ္ကို ေစာင့္ေရွာက္ႏိုင္ၾကေစဖို႔ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

Dr. Mya Phoo Ngon (www.drmyanmar.com)