/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အရိုးသိပ်သည်းဆကို-စစ်ဆေးဖို့-အချိန်တန်ပြီလား

အရိုးသိပ်သည်းဆကို စစ်ဆေးဖို့ အချိန်တန်ပြီလား

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

အသက်ကြီးလာတာနဲ့အမျှ အရိုးပွပြီး အရိုးကျိုးတာတွေ မကြာမကြာ ဖြစ်လာတတ်တယ်နော်။ ဒါကြောင့် အရိုးသိပ်သည်းဆကို ဘယ်အချိန်မှာ စစ်ဆေးရမယ်၊ ဘယ်လိုစစ်ဆေးရမယ်ဆိုတာ သေချာပြောပြပေးပါမယ်။
အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတွေဟာ အရိုးသိပ်သည်းဆပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါကြောင့်လည်း ဆရာဝန်အများစုက အသက် ၆၅ နှစ်ကစလို့ အရိုးသိပ်သည်းဆကို နှစ်စဉ်စစ်ဆေးကြည့်ဖို့ လိုပါတယ်။ အမျိုးသားတွေမှာလည်း အသက် ၇၀ ကစလို့ စစ်ဆေးကြည့်သင့်ပါတယ်နော်။
အရိုးသိပ်သည်းဆကို စစ်ဆေးခြင်းဖြင့် ပုံမှန်အရိုးသိပ်သည်းဆ ရှိသလား၊ အရိုးသိပ်သည်းဆ အားနည်းနေပြီလား၊ အရိုးပွပြီးကျိုးလွယ်နေပြီလားဆိုတာကို ပြောနိုင်ပါတယ်။ အရိုးသိပ်သည်းဆ နည်းရုံနဲ့တော့ အရိုးပွနေပြီလို့ ပြောလို့မရပါဘူး။ နောက်ပိုင်းမှာ အရိုးဆုံးရှုံးမှုများပြီး အရိုးပွနိုင်ခြေတော့ ပိုများလာတာပေါ့။
အရင်တုန်းကတော့ အရိုးကျိုးတော့မှပဲ အရိုးပွနေတာကို သိရတတ်ပါတယ်။ ဒီအချိန်မှာတော့ အရိုးက တော်တော်အားနည်းနေပြီပေါ့။ အရိုးသိပ်သည်းဆ စစ်ဆေးနိုင်ရင်တော့ အရိုးကျိုးနှုန်းကို အတိအကျခန့်မှန်းလို့ ရပါတယ်။

Jointace 1

အရိုးသိပ်သည်းဆစစ်ဆေးခြင်းဆိုတာ အရိုးအပိုင်းအစတစ်ခုမှာ ကယ်လ်ဆီယမ်နဲ့ တခြားသတ္တုဓာတ်တွေ ဘယ်လောက်ပါဝင်နေလဲဆိုတာကို တိုင်းတာတာပါ။ များသောအားဖြင့် ခါးဆစ်ရိုး၊ တင်ပါးဆုံရိုးနဲ့ လက်မောင်းရိုးတွေကို စစ်ဆေးကြည့်လေ့ရှိပါတယ်။
အရိုးသိပ်သည်းဆစစ်ဆေးခြင်းဖြင့် အရိုးအားနည်းမှု ရှိ/မရှိ၊ အရိုးကျိုးဖို့ အလားအလာရှိ/မရှိကို ကြိုတင်သိနိုင်ပါတယ်။ အရင်တုန်းက အရိုးသိပ်သည်းဆ စစ်ဆေးဖူးတဲ့သူတွေအတွက်ဆိုရင် အရင်ထက် အရိုးသိပ်သည်းဆ ပိုကောင်းလာသလား/ ပိုဆိုးလာသလား/ အရင်အတိုင်းပဲလား ဆိုတာကိုလည်း သိနိုင်ပါတယ်။ တကယ်လို့ အရိုးကျိုးပြီးနောက်ပိုင်းမှ အရိုးသိပ်သည်းဆကို လာစစ်တယ်ဆိုရင်လည်း ဒီလိုအရိုးကျိုးတာက အရိုးပွနေတာကြောင့် ဟုတ်/မဟုတ် ဆိုတာကိုလည်း သိနိုင်ပါတယ်။
တစ်နှစ်အတွင်းမှာ အရပ်လက်မဝက်လောက် လျော့သွားတယ်၊ နဂိုအရပ်ထက် ၁ လက်မခွဲလောက် လျော့သွားတယ် ဆိုရင်တော့ အရိုးသိပ်သည်းဆ စစ်ဆေးကြည့်သင့်ပါပြီ။ အသက် ၅၀ နောက်ပိုင်း အရိုးကျိုးဖူးရင်လည်း စစ်ဆေးကြည့်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Jointace 2

(Zawgyi)

အသက္ႀကီးလာတာနဲ႔အမွ် အ႐ိုးပြၿပီး အ႐ိုးက်ိဳးတာေတြ မၾကာမၾကာ ျဖစ္လာတတ္တယ္ေနာ္။ ဒါေၾကာင့္ အ႐ိုးသိပ္သည္းဆကို ဘယ္အခ်ိန္မွာ စစ္ေဆးရမယ္၊ ဘယ္လိုစစ္ေဆးရမယ္ဆိုတာ ေသခ်ာေျပာျပေပးပါမယ္။
အသက္ ၆၅ ႏွစ္နဲ႔အထက္ အမ်ိဳးသမီးေတြဟာ အ႐ိုးသိပ္သည္းဆျပႆနာေတြ ေတြ႕ႀကဳံရတတ္ပါတယ္။ ဒါေၾကာင့္လည္း ဆရာဝန္အမ်ားစုက အသက္ ၆၅ ႏွစ္ကစလို႔ အ႐ိုးသိပ္သည္းဆကို ႏွစ္စဥ္စစ္ေဆးၾကည့္ဖို႔ လိုပါတယ္။ အမ်ိဳးသားေတြမွာလည္း အသက္ ၇၀ ကစလို႔ စစ္ေဆးၾကည့္သင့္ပါတယ္ေနာ္။
အ႐ိုးသိပ္သည္းဆကို စစ္ေဆးျခင္းျဖင့္ ပုံမွန္အ႐ိုးသိပ္သည္းဆ ရွိသလား၊ အ႐ိုးသိပ္သည္းဆ အားနည္းေနၿပီလား၊ အ႐ိုးပြၿပီးက်ိဳးလြယ္ေနၿပီလားဆိုတာကို ေျပာႏိုင္ပါတယ္။ အ႐ိုးသိပ္သည္းဆ နည္း႐ုံနဲ႔ေတာ့ အ႐ိုးပြေနၿပီလို႔ ေျပာလို႔မရပါဘူး။ ေနာက္ပိုင္းမွာ အ႐ိုးဆုံးရႈံးမႈမ်ားၿပီး အ႐ိုးပြႏိုင္ေျခေတာ့ ပိုမ်ားလာတာေပါ့။
အရင္တုန္းကေတာ့ အ႐ိုးက်ိဳးေတာ့မွပဲ အ႐ိုးပြေနတာကို သိရတတ္ပါတယ္။ ဒီအခ်ိန္မွာေတာ့ အ႐ိုးက ေတာ္ေတာ္အားနည္းေနၿပီေပါ့။ အ႐ိုးသိပ္သည္းဆ စစ္ေဆးႏိုင္ရင္ေတာ့ အ႐ိုးက်ိဳးႏႈန္းကို အတိအက်ခန႔္မွန္းလို႔ ရပါတယ္။
အ႐ိုးသိပ္သည္းဆစစ္ေဆးျခင္းဆိုတာ အ႐ိုးအပိုင္းအစတစ္ခုမွာ ကယ္လ္ဆီယမ္နဲ႔ တျခားသတၱဳဓာတ္ေတြ ဘယ္ေလာက္ပါဝင္ေနလဲဆိုတာကို တိုင္းတာတာပါ။ မ်ားေသာအားျဖင့္ ခါးဆစ္႐ိုး၊ တင္ပါးဆုံ႐ိုးနဲ႔ လက္ေမာင္း႐ိုးေတြကို စစ္ေဆးၾကည့္ေလ့ရွိပါတယ္။
အ႐ိုးသိပ္သည္းဆစစ္ေဆးျခင္းျဖင့္ အ႐ိုးအားနည္းမႈ ရွိ/မရွိ၊ အ႐ိုးက်ိဳးဖို႔ အလားအလာရွိ/မရွိကို ႀကိဳတင္သိႏိုင္ပါတယ္။ အရင္တုန္းက အ႐ိုးသိပ္သည္းဆ စစ္ေဆးဖူးတဲ့သူေတြအတြက္ဆိုရင္ အရင္ထက္ အ႐ိုးသိပ္သည္းဆ ပိုေကာင္းလာသလား/ ပိုဆိုးလာသလား/ အရင္အတိုင္းပဲလား ဆိုတာကိုလည္း သိႏိုင္ပါတယ္။ တကယ္လို႔ အ႐ိုးက်ိဳးၿပီးေနာက္ပိုင္းမွ အ႐ိုးသိပ္သည္းဆကို လာစစ္တယ္ဆိုရင္လည္း ဒီလိုအ႐ိုးက်ိဳးတာက အ႐ိုးပြေနတာေၾကာင့္ ဟုတ္/မဟုတ္ ဆိုတာကိုလည္း သိႏိုင္ပါတယ္။
တစ္ႏွစ္အတြင္းမွာ အရပ္လက္မဝက္ေလာက္ ေလ်ာ့သြားတယ္၊ နဂိုအရပ္ထက္ ၁ လက္မခြဲေလာက္ ေလ်ာ့သြားတယ္ ဆိုရင္ေတာ့ အ႐ိုးသိပ္သည္းဆ စစ္ေဆးၾကည့္သင့္ပါၿပီ။ အသက္ ၅၀ ေနာက္ပိုင္း အ႐ိုးက်ိဳးဖူးရင္လည္း စစ္ေဆးၾကည့္သင့္ပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)