/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အင်ဆူလင်ရဖို့-ဆေးထိုးစရာမလို-သောက်ဆေးအသွင်-ထုတ်လုပ်မည်

အင်ဆူလင်ရဖို့ ဆေးထိုးစရာမလို သောက်ဆေးအသွင် ထုတ်လုပ်မည်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        ဆီးချိုသွေးချိုကြောင့် အင်ဆူလင်ထိုးနေရတဲ့ လူတွေအတွက် သိပ္ပံပညာရှင်များကမနာမကျင်ဘဲ ဆေးထိုးဖို့ မလိုတဲ့အခြေအနေကို ဖန်တီးတီထွင်လိုက်ပြီဖြစ်ပါတယ်။ အဲဒါကတော့ အင်ဆူလင်စားဆေးကို ထုတ်လုပ် လာနိုင်တဲ့ခေတ် ရောက်လာလို့ပါပဲ။ သိပ္ပံပညာရှင်တွေက သေးငယ်လှသော အိတ်ငယ်လေးများနှင့် ပြုလုပ်ထား တဲ့ ဆေးဝါးတစ်မျိုးအား သောက်လိုက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ပေးနိုင်သော နည်းပညာအသစ်တစ်မျိုးအား အပြောင်းအလဲတစ်ခုအဖြစ် တီထွင်ပေးလိုက်ကြခြင်းဖြစ်ပါတယ်။ မကြာသေးမီကပြုလုပ်ခဲ့တဲ့ အမေရိကန်ဓာတုဆိုင်ရာ ဘာသာရပ်အဖွဲ့အစည်း၏ 252 အကြိမ်မြောက် အမျိုးအသားအစည်းအေ၀းနှင့်ရှင်းလင်းဖော်ပြပွဲတွင် ၎င်းတို့စစ်ဆေးစမ်းသပ်ထားမှုများကို ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့ပါတယ်။

          ထိုသုတေသနအဖွဲ့ခေါင်းဆောင် မရီမက်ကုတ်(ပီအိတ်ချ်ဒီ) ရဲ့ ပြောပြချက်အရ သူတို့တီထွင်လိုက်တဲ့ နည်းပညာအသစ်တစ်ခုဖြစ်တဲ့ Cholestosome ကိုလက်စ်တိုဆုမ်းဟာ အဆီဓာတ်အခြေခံထားတဲ့မျှခြေရှိသော အမှုန်လေးတွေ ဖြစ်ပြီးတော့ အလွန်စိတ်၀င်စားဖွယ်ကောင်းတဲ့အရာတချို့အား လုပ်ပေးနိုင်စွမ်း ရှိပါသတဲ့။

          “အင်ဆူလင်” လို အသားဓာတ်များဟာ အစာအိမ်ထဲရောက်လာရင်  အစာအိမ်ကဲ့သို့ကြမ်းရှပြီး (အက်စစ်ဓာတ်) အချဉ်ဓာတ်မြင့်မားတဲ့ ပတ်၀န်းကျင်မှာ စုပ်ယူဖို့မလွယ်လှပါ။ အင်ဆူလင်စားဆေးဟာ အစာအိမ်ထဲ၀င်လာတာနဲ့ ခရီးဦးကြိုပြီး အင်ဆူလင်ဟော်မုန်းထုတ်လုပ်ပေးရန် အကြီးမားဆုံး အခက်အခဲများအနက် တစ်ခုဖြစ်လာစေပါတယ်။

          တစ်ဖန်ဆေးထိုးရတာကြာလာတော့ သွေးချိုတက်တက်နေတဲ့လူနာတွေအဖို့ အပြောင်းအလဲလိုလာသလို မနာမကျင်စားဆေးအဖြစ် ပြောင်းလဲထုတ်လုပ်ပေးရာမှာ အခက်အခဲများနှင့် ရင်ဆိုင်ကျော်လွှားခဲ့ ရပါသတဲ့။ ဒါကြောင့် အစာအိမ်ရဲ့အက်စစ်ဓာတ်ပြည့်၀နေတဲ့ ပတ်၀န်းကျင်ထဲမှာ အင်ဆူလင် စားဆေးတောင့်လေးတွေခံနိုင်ရည်ရှိစေဖို့နဲ့ ကာကွယ်နိုင်ဖို့ ပိုလီမာ ခေါ်တဲ့ အလွှာလေးနဲ့ အုပ်ပေးလိုက်ရပါ တယ်။ ဆေးဝါးဆိုင်ရာစစ်ဆေးစမ်းသပ်ချက်တွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီးမှ အောင်မြင်ကျော်လွှားနိုင်ခဲ့ပါသတဲ့။ တကယ်တော့ ရှူဆေးဘူးလို ရှူသွင်းနိုင်တဲ့အင်ဆူလင် ကိုလည်း ဈေးကွက်ထဲမှာရှိနေပါပြီ။ ဆီးချိုသွေးချို လူနာတချို့ကတော့ ထိုပစ္စည်းကိုအရမ်းကြိုက်ကြချီးမွမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ၀ယ်လို့မရဘူးတဲ့။

          အင်ဆူလင်စားဆေးတွေကို နယူးယောက်နိုင်ရာဂါရာ ယူနီဗာစီတီမှ သုတေသနသိပ္ပံပညာရှင်များဖြစ်တဲ့ မက်ကုတ်၊ လောရင့်စ်မီးလ်နီကီ (ပိအိတ်ချ်ဒီ) နှင့် ဘွဲ့ကြိုကျောင်းသားဂျင်မီက်တာလန်နို်တို့က ဒီဇိုင်းထုတ်လုပ် တီထွင်ခဲ့ကြခြင်းဖြစ်ပါတယ်။

          မင်ကုတ်/မီးလ်နီကီ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ခဲ့သော ဆေးစွမ်းထက်လှတဲ့ ကိုလက်တိုဆုမ်းများအား သုတေသနပညာရှင်များက အောင်မြင်စွာအတိုးဆုံး အရှင်းဆုံးထုတ်လုပ်ဖော်ပြနိုင်ခဲ့ကြပါတယ်။ ဆေးတောင့် ထဲမှာပါတဲ့ ဆေးအိတ်အသေးဆုံးလေးတွေကို သဘာ၀အဆီမော်လီကျူးလေးတွေနဲ့ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပုံမှန်အဆီတုံးလေးသာ ဖြစ်ပါသတဲ့။ ဒါပေမဲ့ ထိုအဆီတုံး မော်လီကျူးလေးတွေဟာ အခြားဆေးဝါးတွေမှာပါတဲ့ Liposomes လစ်ပိုဆုမ်းလို့ခေါ်တဲ့ အဆီဓာတ်တစ်မျိုးနဲ့ လုံး၀မတူကွဲပြားပါသတဲ့။

          ကွန်ပျူတာပုံစံထုတ်လုပ်ပြသချက်အရ သုတေသီများထုတ်လုပ်ခဲ့တဲ့ အဆီဓာတ်များဟာ စက်၀ိုင်းပုံ အလုံးလေးတွေ ဖြစ်တဲ့အတွက် အစာအိမ်အချဉ်ဓာတ်ထဲမှာ ခံနိုင်ရည်ရှိအောင်လုပ်ရတော့ ဆေးတွေဟာ အတွင်းမှာစုပုံလာပြီး အရည်အသွေးနိမ့်ကျခြင်းမရှိဘဲ အစာအိမ်ကိုဖြတ်ပြီး အူထဲရောက်လာပါတယ်။ အဲဒီအခါအူတွေကလည်း ကိုလက်စ်တိုဆုမ်းများကို အသေအချာမှတ်မိသွားကာကောင်းစွာ စုပ်ယူလိုက်နိုင်ပါသတဲ့။ ထိုမှတစ်ဆင့် အင်ဆူလင်အိတ်လေးများကို သွေးကြောမျှင်လေးထဲဖြတ်သန်းသွားနိုင်စေကာ ကလာပ်စည်းတွေထဲမှာ ဖြိုခွဲပစ်ပြီး အင်ဆူလင်ကို ထွက်လာအောင်ပြုလုပ်ပေးနိုင်ပါတယ်။

          ထိုသုတေသနအဖွဲ့ဟာ ၎င်းတို့၏ ဓာတ်ခွဲစမ်းသပ်ခန်းထဲမှာ အင်ဆူလင်အိတ်ငယ်လေးများ ပါတဲ့ မော်လီကျူးမြောက်မြားစွာကို ကလာပ်စည်းများထဲသို့ ရောက်အောင်အကြိမ်ကြိမ်စမ်းသပ်ခဲ့ကြရပါသတဲ့။ အင်ဆူလင် အများဆုံးရရှိရလေအောင် ကိုလက်စ်တိုဆုမ်းတွေကို အဆီတုံးလေးများအဖြစ်ထုတ်လုပ်ခဲ့ရပြီး အကောင်းဆုံးအဆင့် pH အကောင်းဆုံးနဲ့ အိုင်းယွန်းလေးတွေကြံ့ခိုင်မှုအရှိဆုံးဖြစ်တဲ့ ဆေးအဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

          ထိုစမ်းသပ်မှုများအား ကြွက်ကလေးတွေမှာ စမ်းသပ်ခဲ့ကြတာဖြစ်တယ်။ ထိုသုတေသီအဖွဲ့ဟာ ပို၍သင့်တော်ပြီး အကောင်းဆုံးဖြစ်အောင်ဖော်မြူလာတွေကို ထုတ်လုပ်တီထွင်သွားမှာဖြစ်ပါတယ်။ တိရစၧာန်လေးတွေမှာ စမ်းသပ်စစ်ဆေးပြီး စိတ်ချရတဲ့အခြေအနေမှာ လူသားများအား ပြောင်းလဲစမ်းသပ် စစ်ဆေးရန် စီးပွားဖက်ကုမ္ပဏီအသစ်များနှင့် လက်တွဲလုပ်ကိုင်သွားကြမယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

          ဒါကြောင့် မကြာမီဈေးကွက်အတွင်း အင်ဆူလင် ဆေးတောင့်အမျိုးမျိုး ထုတ်လုပ်ရောင်းချလာနိုင်တော့ မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ ဆေးထိုးရမှာကြောက်တဲ့၊ အပ်မြင်ရင် လန့်တတ်တဲ့ ဆီးချိုသွေးချိုေ၀ဒနာရှင်များအတွက် ဖော်ပြလိုက်ရပါတယ်။

Ref:New Insulin Pills, 26 Aung 2016

 

 

 

Credit: ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 48, 7 - 9 - 2016