/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို-ထိခိုက်စေတဲ့အမူအကျင့်တွေ

ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့အမူအကျင့်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  ကိုယ်လက်လှုပ်ရှားမှုမရှိတာ
ကိုယ်လက်လှုပ်ရှားမှုမရှိတာဟာ နှလုံးရောဂါ၊ အဝလွန်တာ၊ စိတ်ကျရောဂါ၊ ကင်ဆာရောဂါ စတာတွေကို အဖြစ်များစေပါတယ်။ အလှုပ်အရှားနည်းတာက ဦးနှောက်ရဲ့ဆဲလ်လေးတွေကို ပုံပြောင်းသွားစေပြီး စွမ်းဆောင်ရည် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ မှတ်ဉာဏ်အားကို ပိုကောင်းလာစေပြီး သင်ယူမှုတွေကို လွယ်ကူစေပါတယ်။

2.  အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်နေတာ
ဥပမာ ဖုန်းသုံးတာမျိုးပေါ့၊ လမ်းကူးရင်း စာပို့နေတာ၊ စကားပြောနေတုန်း e-mail စစ်နေတာတွေ။ ဒီလိုလုပ်တာက လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးကိုဖြစ်စေတဲ့ ဟော်မုန်းတွေထွက်စေလို့ ကြာလာရင် အတွေးတွေ ဝေဝါးလာတာ၊ အာရုံစူးစိုက်မှု မကောင်းတော့တာတွေ ဖြစ်စေပါတယ်။

3.  သတင်းအချက်အလက်အများကြီး ခေါင်းထဲဝင်လာတာ
တစ်ထိုင်တည်းနဲ့ သတင်းအချက်အလက်တွေ အများကြီး သိမ်းလိုက်တာမျိုးဟာ ဦးနှောက်ကို တရားလွန် အလုပ်ပေးလိုက်သလိုဖြစ်ပြီး ဦးနှောက်မှတ်ဉာဏ်တွေကို ကျဆင်းစေပါတယ်။

4.  အကြာကြီး ထိုင်နေတာ
တစ်နေရာတည်းမှာ အလှုပ်အရှားမရှိ ထိုင်နေတာမျိုးက ကိုယ်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ဦးနှောက်ရဲ့မှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့အပိုင်းကိုလည်း စွမ်းဆောင်ရည်ကျစေပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်က ထိုင်ပြီးလုပ်ရတာမျိုး ဆိုရင်တောင် မကြာခဏ ထပြီးလမ်းလျှောက်ပေးတာမျိုး လုပ်ပါ။

Enervon-C Adult 1

5.  ဖုန်းအကြည့်များလွန်းတာ
ဖုန်းတင်မက TV ၊ tablets ၊ ကွန်ပျူတာ၊ games တွေ ပါပါတယ်။ လူတွေတစ်ယောက်နဲ့တစ်ယောက် တွေ့ပြီး ပြောဆိုဆက်ဆံကြတာဟာ ဦးနှောက်ရဲ့မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်ပုံကို တိုးတက်စေပါတယ်တဲ့။ လူအချင်းချင်း ဆက်ဆံတဲ့အချိန်တွေ နည်းလာပြီး Screen ကြည့်ချိန် များလာတာဟာ အထီးကျန်လာတာ၊ စိတ်ကျရောဂါ ရလာတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျက်စိ၊ နား၊ လည်ပင်း၊ နောက်ကျော စတာတွေကိုပါ ကြာလာရင် ထိခိုက်စေပါတယ်။

6. နားကြပ်တွေ အသုံးများတာ
နားကြပ်တပ်ပြီး အသံကျယ်ကျယ် နားထောင်တာဟာ အကြားအာရုံကို ထိခိုက်စေပါတယ်။ နားက ကောင်းကောင်း မကြားရတော့တဲ့အခါမှာ နားလည်အောင် ဦးနှောက်က ပိုပြီးအလုပ်လုပ်ရပါတော့တယ်။

7.  အိပ်ရေးဝဝ မအိပ်တာ
အိပ်ရေးမဝတာဟာ တုံ့ပြန်မှုမကောင်းတာ၊ ခေါင်းကိုက်တာ၊ စိတ်မကြည်တာ၊ မှတ်ဉာဏ်မကောင်းတာ၊ သွေးတွင်းသကြားဓာတ်တွေ တက်လာတာ စတာတွေ ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ ဦးနှောက်ကို ကျုံ့လာစေပါတယ်တဲ့။ အိပ်ရေးမဝရင် ဦးနှောက်ရဲ့စဉ်းစားတွေးခေါ်ပုံ၊ မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချတာတွေက မမှန်နိုင်တော့ပါဘူး။ ဒါကြောင့် တစ်ရက်ကို ၇-၈ နာရီလောက် အိပ်သင့်ပါတယ်။ ဒါမှသာ ဦးနှောက်က ကောင်းကောင်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

8.  သကြားပါသောအချိုရည်များ ကာလရှည် လွန်ကဲစွာသောက်သုံးခြင်း
သကြားပါတဲ့ အချိုရည်တွေက သောက်ပြီးသွားရင် ခဏတာ အားရှိလန်းဆန်းသွားသလို ဖြစ်သွားပေမယ့် သကြားဓာတ်ရဲ့ အရှိန်ကုန်သွားတဲ့အခါ စိတ်မကြည်မလင်ဖြစ်တာမျိုးတွေ ခံစားရတတ်ပါတယ်။

Dr. Htar (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

1.  ကိုယ္လက္လႈပ္ရွားမႈမရွိတာ
ကိုယ္လက္လႈပ္ရွားမႈမရွိတာဟာ ႏွလုံးေရာဂါ၊ အဝလြန္တာ၊ စိတ္က်ေရာဂါ၊ ကင္ဆာေရာဂါ စတာေတြကို အျဖစ္မ်ားေစပါတယ္။ အလႈပ္အရွားနည္းတာက ဦးေႏွာက္ရဲ႕ဆဲလ္ေလးေတြကို ပုံေျပာင္းသြားေစၿပီး စြမ္းေဆာင္ရည္ ေလ်ာ့က်ေစပါတယ္။ ေလ့က်င့္ခန္းလုပ္မယ္ဆိုရင္ေတာ့ မွတ္ဉာဏ္အားကို ပိုေကာင္းလာေစၿပီး သင္ယူမႈေတြကို လြယ္ကူေစပါတယ္။

2.  အလုပ္အမ်ားႀကီးကို တစ္ၿပိဳင္တည္းလုပ္ေနတာ
ဥပမာ ဖုန္းသုံးတာမ်ိဳးေပါ့၊ လမ္းကူးရင္း စာပို႔ေနတာ၊ စကားေျပာေနတုန္း e-mail စစ္ေနတာေတြ။ ဒီလိုလုပ္တာက လုပ္ေဆာင္ႏိုင္စြမ္းကို က်ဆင္းေစပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးကိုျဖစ္ေစတဲ့ ေဟာ္မုန္းေတြထြက္ေစလို႔ ၾကာလာရင္ အေတြးေတြ ေဝဝါးလာတာ၊ အာ႐ုံစူးစိုက္မႈ မေကာင္းေတာ့တာေတြ ျဖစ္ေစပါတယ္။

3.  သတင္းအခ်က္အလက္အမ်ားႀကီး ေခါင္းထဲဝင္လာတာ
တစ္ထိုင္တည္းနဲ႔ သတင္းအခ်က္အလက္ေတြ အမ်ားႀကီး သိမ္းလိုက္တာမ်ိဳးဟာ ဦးေႏွာက္ကို တရားလြန္ အလုပ္ေပးလိုက္သလိုျဖစ္ၿပီး ဦးေႏွာက္မွတ္ဉာဏ္ေတြကို က်ဆင္းေစပါတယ္။

4.  အၾကာႀကီး ထိုင္ေနတာ
တစ္ေနရာတည္းမွာ အလႈပ္အရွားမရွိ ထိုင္ေနတာမ်ိဳးက ကိုယ္က်န္းမာေရးကို ထိခိုက္ေစတဲ့အျပင္ ဦးေႏွာက္ရဲ႕မွတ္ဉာဏ္နဲ႔ သက္ဆိုင္တဲ့အပိုင္းကိုလည္း စြမ္းေဆာင္ရည္က်ေစပါတယ္။ ဒါေၾကာင့္ ကိုယ့္အလုပ္က ထိုင္ၿပီးလုပ္ရတာမ်ိဳး ဆိုရင္ေတာင္ မၾကာခဏ ထၿပီးလမ္းေလွ်ာက္ေပးတာမ်ိဳး လုပ္ပါ။

5.  ဖုန္းအၾကည့္မ်ားလြန္းတာ
ဖုန္းတင္မက TV ၊ tablets ၊ ကြန္ပ်ဴတာ၊ games ေတြ ပါပါတယ္။ လူေတြတစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ၿပီး ေျပာဆိုဆက္ဆံၾကတာဟာ ဦးေႏွာက္ရဲ႕မွတ္ဉာဏ္၊ စဥ္းစားေတြးေခၚပုံကို တိုးတက္ေစပါတယ္တဲ့။ လူအခ်င္းခ်င္း ဆက္ဆံတဲ့အခ်ိန္ေတြ နည္းလာၿပီး Screen ၾကည့္ခ်ိန္ မ်ားလာတာဟာ အထီးက်န္လာတာ၊ စိတ္က်ေရာဂါ ရလာတာမ်ိဳးေတြအထိ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ မ်က္စိ၊ နား၊ လည္ပင္း၊ ေနာက္ေက်ာ စတာေတြကိုပါ ၾကာလာရင္ ထိခိုက္ေစပါတယ္။

6. နားၾကပ္ေတြ အသုံးမ်ားတာ
နားၾကပ္တပ္ၿပီး အသံက်ယ္က်ယ္ နားေထာင္တာဟာ အၾကားအာ႐ုံကို ထိခိုက္ေစပါတယ္။ နားက ေကာင္းေကာင္း မၾကားရေတာ့တဲ့အခါမွာ နားလည္ေအာင္ ဦးေႏွာက္က ပိုၿပီးအလုပ္လုပ္ရပါေတာ့တယ္။

7.  အိပ္ေရးဝဝ မအိပ္တာ
အိပ္ေရးမဝတာဟာ တုံ႔ျပန္မႈမေကာင္းတာ၊ ေခါင္းကိုက္တာ၊ စိတ္မၾကည္တာ၊ မွတ္ဉာဏ္မေကာင္းတာ၊ ေသြးတြင္းသၾကားဓာတ္ေတြ တက္လာတာ စတာေတြ ျဖစ္ေစပါတယ္။ ေနာက္တစ္ခုကေတာ့ ဦးေႏွာက္ကို က်ဳံ႕လာေစပါတယ္တဲ့။ အိပ္ေရးမဝရင္ ဦးေႏွာက္ရဲ႕စဥ္းစားေတြးေခၚပုံ၊ မွတ္ဉာဏ္၊ ဆုံးျဖတ္ခ်က္ခ်တာေတြက မမွန္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ တစ္ရက္ကို ၇-၈ နာရီေလာက္ အိပ္သင့္ပါတယ္။ ဒါမွသာ ဦးေႏွာက္က ေကာင္းေကာင္း အလုပ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

8.  သၾကားပါေသာအခ်ိဳရည္မ်ား ကာလရွည္ လြန္ကဲစြာေသာက္သုံးျခင္း
သၾကားပါတဲ့ အခ်ိဳရည္ေတြက ေသာက္ၿပီးသြားရင္ ခဏတာ အားရွိလန္းဆန္းသြားသလို ျဖစ္သြားေပမယ့္ သၾကားဓာတ္ရဲ႕ အရွိန္ကုန္သြားတဲ့အခါ စိတ္မၾကည္မလင္ျဖစ္တာမ်ိဳးေတြ ခံစားရတတ္ပါတယ္။

Dr. Htar (www.drmyanmar.com)