/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လှုပ်လှုပ်ရှားရှားနေပါ

လှုပ်လှုပ်ရှားရှားနေပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ်လက်လှုပ်ရှားမှုမရှိတာဟာ ရောဂါပေါင်း မြောက်မြားစွာကို ဖြစ်စေနိုင်ပါတယ်။

>> ဘယ်လိုရောဂါတွေလဲဆိုရင်
● နှလုံးသွေးကြောရောဂါတွေ (နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ)
● ဆီးချိုရောဂါ
● စိတ်ဓာတ်ကျတာ၊ စိတ်မတည်မငြိမ်ဖြစ်တာ
● ကင်ဆာရောဂါ
● ချော်လဲတာ၊ ချော်လဲလို့ရတဲ့ ထိခိုက်ဒဏ်ရာ
● အရိုးပွ/အရိုးပါးရောဂါ
● မှတ်ဉာဏ်အားနည်းတာ
● အရိုးအဆစ် ရောင်ရမ်းတာကြောင့် ခြေလက်မသန်စွမ်းဖြစ်တာ
● ကိုယ်ခံအားနည်းတာတွေ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု မရှိတာဟာ စက်ဝိုင်းတစ်ခုလိုပါပဲ။ ကိုယ်လက်မလှုပ်ရှားလို့ အရိုးအဆစ်တွေ အားနည်း၊ တောင့်တင်း၊ အားနည်းလို့ ပိုမလုပ်ဖြစ်ရာကနေ ပိုပြီးတော့ဆိုးလာ စသဖြင့် ပတ်လည်ရိုက်နေတတ်ပါတယ်။ အသက်ကြီးတဲ့လူတွေအဖို့ နှစ်ပတ်လောက် မလှုပ်ရှားရင် ကြွက်သားတွေဆုံးရှုံးပြီး ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့သွားနိုင်ပါတယ်။

>> ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်တဲ့ လူတွေအဖို့ကတော့ -
● နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။
● အဝလွန်နေရင်တောင် ကိုယ်လက်လှုပအရှားမှု မှန်မှန်ပြုလုပ်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
● အသက်ကြီးလို့ မှတ်ဉာဏ်တွေ မကောင်းဖြစ်တာကိုလည်း လျှော့ချပေးပါတယ်။
● အရိုးတွေ၊ ကြွက်သားတွေကို သန်မာစေပြီး ကြွက်သားသန်မာလာတာနဲ့အမျှ အရိုးတွေကို ကြံ့ခိုင်စေပြီး အရိုးပွရောဂါကို ကာကွယ်ပေးလို့ အရိုးကျိုးတာကိုလည်း လျော့ကျစေပါတယ်။
● အရိုးအဆစ်အမြစ် ရောင်ရမ်းကိုက်ခဲတဲ့ရောဂါရှိသူတွေအနေနဲ့လည်း လေ့ကျင့်ခန်းလုပ်ခြင်းက နာကျင်တာကို သက်သာစေပြီး လှုပ်ရှားမှုကို ပိုပြီးသွက်လက်စေပါတယ်။
● ကောင်းကောင်းလည်း အိပ်ပျော်စေပါတယ်။ စိတ်ခွန်အားလည်း တက်ကြွစေပြီး မှတ်ဉာဏ်လည်း တိုးတက်စေပါတယ်။
● လူတိုင်းဟာ တစ်ပတ်ကို မိနစ် ၁၅၀ လောက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

Dr. Htar (www.drmyanmar.com)