/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်ကောက်ဝတ်-အာရုံကြောညပ်တာကို-ကာကွယ်နိုင်မယ့်နည်းလမ်းများ

လက်ကောက်ဝတ် အာရုံကြောညပ်တာကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လက်ကောက်ဝတ် အာရုံကြောညပ်တယ်ဆိုတာ အာရုံကြောကြောင့်ဖြစ်ပြီးတော့ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ နာတာ၊ ထုံကျဉ်တာတွေ ဖြစ်တတ်ပါတယ်။

>> လက်ကောက်ဝတ် အာရုံကြောညပ်တာကို ကာကွယ်နိုင်ဖို့ -
● လက်ကောက်ဝတ်ကို ဖိအားများစေမယ့် လှုပ်ရှားမှုမျိုးတွေ၊ လက်ကောက်ဝတ်ကို အရမ်းအားစိုက်ကွေးတာမျိုးတွေကို ရှောင်ကြဉ်ပါ။
● လက်ကောက်ဝတ်ဖိအားမများအောင် အလုပ်နေရာကို ပြန်လည်ပြင်ဆင်ပါ။ ကွန်ပျူတာ စာစီစာရိုက်ပြုလုပ်ရသူတွေမှာ လက်ရိုက်ကွက်ကို တံတောင်ဆစ်နေရာအောက်နားမှာသာ ထားသင့်ပါတယ်။ ဒါမှ အလုပ်လုပ်နေစဉ်မှာ လက်ကောက်ဝတ် သက်သောင့်သက်သာ ရှိမှာပေါ့။
● အလုပ်မှာ အလုပ်လုပ်နေစဉ် ကိုယ်နေဟန်ထားကို သတိထားပါ။ လည်ပင်းနဲ့ ပခုံးကြွက်သားတွေ ဒဏ်မဖြစ်အောင် ပခုံးကို တည့်တည့်မတ်မတ် ထားသင့်ပါတယ်နော်။
● လက်ကောက်ဝတ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းဖြင့် လက်ကောက်ဝတ်လှိုဏ်ခေါင်းကို ကာကွယ်ပေးတဲ့ ကြွက်သားတွေ သန်မာလာစေပါတယ်။
● စာရေးတဲ့အခါ၊ ကွန်ပျူတာရိုက်တဲ့အခါ သင့်တော်တဲ့အားကိုသာသုံးပါ။ ဘောပင်ကို တအားစုပ်ကိုင်တာ၊ လက်ရိုက်ကွက်ကို တဖြောင်းဖြောင်းရိုက်တာမျိုး မလုပ်ပါနဲ့။ မလိုလားအပ်တဲ့ဖိအားတွေ လက်ကောက်ဝတ်ကို သက်ရောက်စေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)