/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖျားနေရင်-သက်သာအောင်-ဘာတွေလုပ်ကြမလဲ

ဖျားနေရင် သက်သာအောင် ဘာတွေလုပ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●  အပူကျအောင်
ရေကြက်သီးနွေးလေးနဲ့ ချိုးပါ။ မပူပါစေနဲ့။ ရေအေးနဲ့ချိုးတာမျိုးလည်း မလုပ်ပါနဲ့။
ရေပတ်တိုက်လို့လည်း ရပါတယ်။ အပူများတဲ့နေရာတွေဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံတွေကို ကြာကြာတိုက်ပေးတာက အပူချိန် ကျစေပါတယ်။ ရေမချိုးဖြစ်ရင်တောင် နဖူးနဲ့လည်ကုတ်ကို ရေအေးဝတ် တင်ပေးထားပါ။

Bio Adult 1

●  ရေနွေးသောက်ပါ
ရေနွေးသောက်ရင် ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးထွက်သွားတဲ့အခါ အဖျားမြန်မြန်ကျစေပါတယ်။ ချင်းပြုတ်ရည်လည်း သောက်လို့ရပါတယ်။ သူကလည်း ချွေးထွက်စေပါတယ်။ လှီးထားတဲ့ ချင်းတက် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေတစ်ခွက်နဲ့ ပြုတ်ပါ။ အရည်စစ်ပြီး သောက်လို့ရပါတယ်။

●  စပ်တာ စားပေးပါ
ဖျားနေတဲ့အချိန် စပ်တာစားပေးတာပါ။ ငရုတ်သီးမှာပါတဲ့ capsaicin က ပူတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး သူတို့ကိုစားရင် ချွေးထွက်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ အလွန်အကျွံစားတာမျိုးကတော့ ဗိုက်နာ ဗိုက်အောင့်စေနိုင်ပါတယ်နော်။

Bio Adult 2

●  ခြေထောက်ကို ရေနွေးစိမ်ပါ
ခြေထောက်ကို ရေနွေးထဲမှာ စိမ်ပါ။ နောက်တစ်နည်းက ခြေထောက်စိမ်မယ့်ဇလုံထဲမှာ မုန်ညှင်းဆီ နှစ်ဇွန်း၊ ရေနွေး ၄ ခွက်ရောပြီး ခြေထောက်ကို စိမ်လို့ ရပါတယ်။

●  အရည်များများသောက်ပါ
ဖျားနေပြီဆိုရင် ရေဓာတ် ခမ်းခြောက်ဖို့ လွယ်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက် ဒါမှမဟုတ် ဆီးအရောင်ဖျော့တဲ့အထိ သောက်ပါ။ ကြက်ပေါင်းရည်နဲ့ တခြားအသီးဖျော်ရည်တွေကိုလည်း သောက်လို့ရပါတယ်။ ရေဓာတ် ခမ်းခြောက်တာက မသိသာဘဲ ဖြစ်နေနိုင်လို့ အမြဲဂရုစိုက် စောင့်ကြည့်နေရပါမယ်။

Dr. Htar (www.drmyanmar.com)