/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်နဲ့-နို့တိုက်မိခင်တို့အတွက်-အာဟာရ

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တို့အတွက် အာဟာရ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

>>  ကိုယ်ဝန်မဆောင်ခင် လိုအပ်တဲ့အာဟာရဓာတ်
အမျိုးသမီးတစ်ယောက်ရဲ့ အာဟာရဓာတ်နဲ့ ယေဘုယျကျန်းမာရေးတို့ဟာ ကြီးထွားနေတဲ့ကလေးအပေါ်၊ အထူးသဖြင့် ကလေးရဲ့ဦးနှောက်နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။
ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်ခြင်းဟာ နေကောင်းနေစေဖို့၊ စွမ်းအင်ပြည့်ဝနေဖို့၊ ကျန်းမာတဲ့ကိုယ်ဝန်နဲ့ မီးဖွားချိန်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရေးပါပါတယ်။

Obimin 1

>>  ကိုယ်ဝန်ဆောင်အရွယ် အမျိုးသမီးတွေမှာ လိုအပ်တဲ့အာဟာရဓာတ်များ
နေ့စဉ်စားသင့်တဲ့ အာဟာရဓာတ်ပမာဏကို စားသောက်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးလေးတွေကို မွေးမြင်နိုင်မှာပါ။
တစ်ခါတလေ ကိုယ်ဝန်ဆောင်တာဟာ မမျှော်လင့်ဘဲရတတ်တာမို့ ဘာတားဆေးမှမသုံးထားတဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် အိမ်ထောင်သည်အမျိုးသမီးတွေဟာ တစ်နေ့ကို ဖောလစ်အက်ဆစ် ၄၀၀ မိုင်ခရိုဂရမ် သောက်သင့်ပါတယ်။ ကလေးယူမယ် ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေမှာတော့ ကိုယ်ဝန်မဆောင်ခင် ၃ လလောက်အကြိုကနေ ကိုယ်ဝန်ဆောင်ချိန် တောက်လျှောက်ကို ဖောလစ်အက်ဆစ် သောက်ပေးသင့်ပါတယ်။
မိမိကိုယ်တိုင် ဒါမှမဟုတ် မိသားစုကိုယ်ဝန်ဆောင်ထဲမှာ အာရုံကြောမကြီး ကျွံထွက်နေတဲ့ ကလေးလေးတွေ မွေးဖူးတယ်ဆိုရင် ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြသရပါမယ်နော်။
မိခင်ရော ကလေးမှာပါ သွေးပမာဏ များလာတာမို့ သာမန်ထက်ကို သံဓာတ် ၁၆-၂၀ မီလီဂရမ်လောက် ပိုလိုအပ်ပါတယ်။ နောက် ကိုယ်ဝန်ဆောင်ချိန်မှာဗီတာမင်ဘီ တွဲသောက်ဖို့လည်း လိုပါသေးတယ်။
ဆရာဝန်နဲ့ မတိုင်ပင်ပါဘဲ လိုအပ်တာထက် အားဆေးတွေ ပိုသောက်တာမျိုးတော့ မလုပ်သင့်ပါဘူးနော်။

Obimin 2

>>  အဓိကမှာချင်တာတွေကတော့ -
တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် ကျက်အောင်ချက်ထားတဲ့ငါး စားပေးပါ။ ငါးမှာ ကလေးဦးနှောက် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အိုမီဂါသရီးအဆီနဲ့ တခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။
ဆရာဝန်ပြောတာတွေ သေချာနားထောင်ပြီး စားသောက်ပါ။ ကိုယ်ဝန်ချိန်မှာ အန္တရာယ်ရှိနိုင်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။
ကိုယ်အလေးချိန် တိုးလာတယ်ဆိုတာ ပုံမှန်ပါပဲ။ ဘယ်လောက်တိုးရမယ် ဆိုတာကတော့ ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်နဲ့ အရပ်ပမာဏအချိုးအပေါ် မူတည်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီပေမယ့် ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတစ်ယောက်မှာ ကိုယ်အလေးချိန် ၂၅-၃၅ ပေါင်လောက် တိုးနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)