/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးလေးတွေ-သွားကိုက်နေလား-0

သားသားမီးမီးလေးတွေ သွားကိုက်နေလား

Category
ကလေးများနှင့်ကျန်းမာရေး

သားသားမီးမီးလေးတို့အနေနှင့် အချိုများ အစားများခြင်း၊ သွားသန့်ရှင်းရေး အားနည်းခြင်းတို့ကြောင့် သွားမှာရှိတဲ့ အပေါ်ယံကြွေလွှာတွင် ပေါက်ပြဲပျက်စီးခြင်း ဖြစ်ပေါ်ရာကနေ သွားပိုးစားခြင်း ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။ သွားပိုးစားခြင်းကနေတစ်ဆင့် သွားပိုးပေါက်နှင့် အခေါင်းပေါက်များ ဖြစ်ပေါ်လာစေပါတယ်။

>>  ကလေးငယ်များမှာ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ -
●  သွားပိုးစားခြင်းဟာ ဘက်တီးရီးယားပိုးများနှင့် အခြားအကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
●  အချိုနှင့်ကစီဓာတ် မြင့်မားသောအစားအစာတွေ သွားပေါ်မှာ တင်ကျန်ရာကနေ သွားပိုးစားတာဖြစ်တာမို့ ကလေးတွေ အလွန်နှစ်သက်တဲ့ သကြားလုံး၊ ချောကလက်၊ ရေခဲချောင်း၊ အချိုရည်များ၊ ပေါင်မုန့်၊ နွားနို့ စသည်တို့ကို စားပြီးတိုင်းမှာ သွားသန့်ရှင်းရေး ကောင်းစွာမပြုလုပ်မိပါက သွားပိုးစားစေတတ်ပါတယ်။
●  အဆိုပါအစားအစာများဟာ တံတွေး၊ အက်ဆစ်၊ ဘက်တီးရီးရီးယား အစရှိသည်တို့နှင့် ပေါင်းစပ်ရာကနေ သွားပေါ်မှာ သွားချေးဖတ်များကို ဖြစ်ပေါ်စေပါတယ်။အချိန်ကြာတာနှင့်အမျှ ဘက်တီးရီးယားများကနေထွက်တဲ့ အက်ဆစ်တွေဟာ သွားအပေါ်ယံမျက်နှာပြင်ကို တိုက်စားခြင်းဖြင့် ပိုမိုကြီးမားတဲ့ သွားပိုးပေါက်တွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

>>  သွားပိုးစားခြင်းဖြစ်စေဖို့ အလားအလာပိုများတဲ့ ကလေးငယ်များကတော့ -
●  ခံတွင်းမှာ သွားပိုးပေါက်ဖြစ်စေမယ့် ဘက်တီးရီးရီးယားများ စုပုံနေသူများ
●  အချိုနှင့်ကစီဓာတ် အစားများသူများ
●  ရေသောက်နည်းသူများ သို့မဟုတ် ဖလူအိုရိုက်ပါဝင်မှုနည်းသောရေကို သောက်လေ့ရှိသူများ
●  ခံတွင်းသန့်ရှင်းရေးအားနည်းသူများ
●  တံတွေးအထွက်နည်းသူများ စသည်တို့ပဲ ဖြစ်ပါတယ်။

>>  သားသားမီးမီးလေးတွေအနေနှင့်
●  သွားနာတယ်လို့ ပြောတာမျိုး
●  အချိုစာများစားတဲ့အခါ သို့မဟုတ် ပူသော၊ အေးသောအရည်များ သောက်တဲ့အခါ သွားကျဉ်တယ်လို့ ပြောတာမျိုးရှိရင်တော့ သွားထဲမှာ သွားပိုးပေါက်တွေ ရှိနေပါပြီ။

Biogesic for kids IA 1

>>  သွားပိုးစားပြီး သွားကိုက်နေရင် ...
●  ပူလွန်းအေးလွန်းတဲ့ အစားအသောက်များကို မကျွေးပါနဲ့။
●  ရေနွေးနွေးလေးထဲ ဆားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ပလုတ်ကျင်းပေးတာမျိုး လုပ်ပေးပါ။
●  ပါးပေါ်မှာ ရေခဲအိတ်ကပ်ပေးပါ။
●  အကိုက်အခဲပျောက်ပြီး အရောင်ကျစေတဲ့ Paracetamol ပါဝင်တဲ့ဆေးရည် (ဥပမာ - Biogesic for kids) တိုက်ပေးလို့ ရပါတယ်။
●  တကယ်လို့ ဒီလိုဆေးတိုက်တာတောင် ၂ ရက် - ၃ ရက်နေလို့မှ မသက်သာရင် သွားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

>>  သားသားမီးမီးလေးတွေ သွားပိုးစားခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
●  ကလေး သွားစပေါက်ပြီဆိုတာနှင့် သွား စတင်တိုက်ပေးပါ။ ဖလူအိုရိုဒ် ပါဝင်သော သွားတိုက်ဆေးဖြင့် သွား၊ လျှာနှင့်သွားဖုံးတွေကို တစ်နေ့နှစ်ကြိမ် တိုက်ပေးပါ။
●  အသက် ၃ နှစ်အောက် ကလေးငယ်များအား သွားတိုက်ရာတွင် ဆန်စေ့အရွယ်ပမာဏခန့်ရှိသော သွားတိုက်ဆေးကို သုံးသင့်ပြီး ၃ နှစ်အထက်ကလေးများကိုတော့ ပဲစေ့အရွယ်ပမာဏကို အသုံးပြုနိုင်ပါတယ်။
●  အသက် ၂ နှစ်နောက်ပိုင်းကလေးများကိုတော့ သွားကြားထိုးသောချည်မျှင်ကို အသုံးပြုပေးနိုင်ပါတယ်။
●  ကလေးအား အချိုများသောအစာများကျွေးခြင်းကို ကန့်သတ်သင့်ပါတယ်။
●  နို့ဘူးတိုက်သောကလေးများအား နို့ဘူးအတွင်း အချိုရည်များ ထည့်တိုက်ခြင်း ရှောင်ပါ။
●  ကလေးအား သွားဆရာဝန်နှင့်ပြသပြီး သွားသန့်ရှင်းရေး ပုံမှန်လုပ်ပေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

သားသားမီးမီးေလးတို႔အေနႏွင့္ အခ်ိဳမ်ား အစားမ်ားျခင္း၊ သြားသန႔္ရွင္းေရး အားနည္းျခင္းတို႔ေၾကာင့္ သြားမွာရွိတဲ့ အေပၚယံေႂကြလႊာတြင္ ေပါက္ၿပဲပ်က္စီးျခင္း ျဖစ္ေပၚရာကေန သြားပိုးစားျခင္း ျဖစ္ေပၚရတာ ျဖစ္ပါတယ္။ သြားပိုးစားျခင္းကေနတစ္ဆင့္ သြားပိုးေပါက္ႏွင့္ အေခါင္းေပါက္မ်ား ျဖစ္ေပၚလာေစပါတယ္။

>>  ကေလးငယ္မ်ားမွာ သြားပိုးစားျခင္းကို ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းမ်ား -
●  သြားပိုးစားျခင္းဟာ ဘက္တီးရီးယားပိုးမ်ားႏွင့္ အျခားအေၾကာင္းရင္းမ်ားစြာေၾကာင့္ ျဖစ္ေပၚရျခင္း ျဖစ္ပါတယ္။
●  အခ်ိဳႏွင့္ကစီဓာတ္ ျမင့္မားေသာအစားအစာေတြ သြားေပၚမွာ တင္က်န္ရာကေန သြားပိုးစားတာျဖစ္တာမို႔ ကေလးေတြ အလြန္ႏွစ္သက္တဲ့ သၾကားလုံး၊ ေခ်ာကလက္၊ ေရခဲေခ်ာင္း၊ အခ်ိဳရည္မ်ား၊ ေပါင္မုန႔္၊ ႏြားႏို႔ စသည္တို႔ကို စားၿပီးတိုင္းမွာ သြားသန႔္ရွင္းေရး ေကာင္းစြာမျပဳလုပ္မိပါက သြားပိုးစားေစတတ္ပါတယ္။
●  အဆိုပါအစားအစာမ်ားဟာ တံေတြး၊ အက္ဆစ္၊ ဘက္တီးရီးရီးယား အစရွိသည္တို႔ႏွင့္ ေပါင္းစပ္ရာကေန သြားေပၚမွာ သြားေခ်းဖတ္မ်ားကို ျဖစ္ေပၚေစပါတယ္။အခ်ိန္ၾကာတာႏွင့္အမွ် ဘက္တီးရီးယားမ်ားကေနထြက္တဲ့ အက္ဆစ္ေတြဟာ သြားအေပၚယံမ်က္ႏွာျပင္ကို တိုက္စားျခင္းျဖင့္ ပိုမိုႀကီးမားတဲ့ သြားပိုးေပါက္ေတြကို ျဖစ္ေပၚေစတာပဲ ျဖစ္ပါတယ္။

>>  သြားပိုးစားျခင္းျဖစ္ေစဖို႔ အလားအလာပိုမ်ားတဲ့ ကေလးငယ္မ်ားကေတာ့ -
●  ခံတြင္းမွာ သြားပိုးေပါက္ျဖစ္ေစမယ့္ ဘက္တီးရီးရီးယားမ်ား စုပုံေနသူမ်ား
●  အခ်ိဳႏွင့္ကစီဓာတ္ အစားမ်ားသူမ်ား
●  ေရေသာက္နည္းသူမ်ား သို႔မဟုတ္ ဖလူအို႐ိုက္ပါဝင္မႈနည္းေသာေရကို ေသာက္ေလ့ရွိသူမ်ား
●  ခံတြင္းသန႔္ရွင္းေရးအားနည္းသူမ်ား
●  တံေတြးအထြက္နည္းသူမ်ား စသည္တို႔ပဲ ျဖစ္ပါတယ္။

>>  သားသားမီးမီးေလးေတြအေနႏွင့္
●  သြားနာတယ္လို႔ ေျပာတာမ်ိဳး
●  အခ်ိဳစာမ်ားစားတဲ့အခါ သို႔မဟုတ္ ပူေသာ၊ ေအးေသာအရည္မ်ား ေသာက္တဲ့အခါ သြားက်ဥ္တယ္လို႔ ေျပာတာမ်ိဳးရွိရင္ေတာ့ သြားထဲမွာ သြားပိုးေပါက္ေတြ ရွိေနပါၿပီ။

>>  သြားပိုးစားၿပီး သြားကိုက္ေနရင္ ...
●  ပူလြန္းေအးလြန္းတဲ့ အစားအေသာက္မ်ားကို မေကြၽးပါနဲ႔။
●  ေရေႏြးေႏြးေလးထဲ ဆားကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းထည့္ၿပီး ပလုတ္က်င္းေပးတာမ်ိဳး လုပ္ေပးပါ။
●  ပါးေပၚမွာ ေရခဲအိတ္ကပ္ေပးပါ။
●  အကိုက္အခဲေပ်ာက္ၿပီး အေရာင္က်ေစတဲ့ Paracetamol ပါဝင္တဲ့ေဆးရည္ (ဥပမာ - Biogesic for kids) တိုက္ေပးလို႔ ရပါတယ္။
●  တကယ္လို႔ ဒီလိုေဆးတိုက္တာေတာင္ ၂ ရက္ - ၃ ရက္ေနလို႔မွ မသက္သာရင္ သြားဆရာဝန္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္။

>>  သားသားမီးမီးေလးေတြ သြားပိုးစားျခင္းမျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?
●  ကေလး သြားစေပါက္ၿပီဆိုတာႏွင့္ သြား စတင္တိုက္ေပးပါ။ ဖလူအို႐ိုဒ္ ပါဝင္ေသာ သြားတိုက္ေဆးျဖင့္ သြား၊ လွ်ာႏွင့္သြားဖုံးေတြကို တစ္ေန႔ႏွစ္ႀကိမ္ တိုက္ေပးပါ။
●  အသက္ ၃ ႏွစ္ေအာက္ ကေလးငယ္မ်ားအား သြားတိုက္ရာတြင္ ဆန္ေစ့အရြယ္ပမာဏခန႔္ရွိေသာ သြားတိုက္ေဆးကို သုံးသင့္ၿပီး ၃ ႏွစ္အထက္ကေလးမ်ားကိုေတာ့ ပဲေစ့အရြယ္ပမာဏကို အသုံးျပဳႏိုင္ပါတယ္။
●  အသက္ ၂ ႏွစ္ေနာက္ပိုင္းကေလးမ်ားကိုေတာ့ သြားၾကားထိုးေသာခ်ည္မွ်င္ကို အသုံးျပဳေပးႏိုင္ပါတယ္။
●  ကေလးအား အခ်ိဳမ်ားေသာအစာမ်ားေကြၽးျခင္းကို ကန႔္သတ္သင့္ပါတယ္။
●  ႏို႔ဘူးတိုက္ေသာကေလးမ်ားအား ႏို႔ဘူးအတြင္း အခ်ိဳရည္မ်ား ထည့္တိုက္ျခင္း ေရွာင္ပါ။
●  ကေလးအား သြားဆရာဝန္ႏွင့္ျပသၿပီး သြားသန႔္ရွင္းေရး ပုံမွန္လုပ္ေပးပါ။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)