/
news/ကလေးများနှင့်ကျန်းမာရေး/ကိုဗစ်-၁၉-ကာလမှာ-အလွန်ငယ်သောကလေးများနှင့်-အထူးလိုအပ်ချက်ရှိသော

ကိုဗစ်-၁၉ ကာလမှာ အလွန်ငယ်သောကလေးများနှင့် အထူးလိုအပ်ချက်ရှိသော ကလေးများကို ဘယ်လိုစောင့်ရှောက်ကာကွယ်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ကိုဗစ်-၁၉ ဟာ အရှိန်အဟုန်မြင့်မားစွာ ပျံ့နှံ့ကူးစက်နေတာ အားလုံးအသိပါပဲ။ လူကြီးတွေသာမက ကလေးငယ်များပါ ကူးစက်ခြင်းခံနေရတဲ့အတွက် ယခုလက်ရှိကာလမှာ ကျောင်း၊ ကစားကွင်းနှင့် ပန်းခြံတွေပါ ပိတ်ထားပြီး အိမ်မှာသာနေကြဖို့ အကြံပြုထားတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ မကူးစက်စေဖို့ လိုက်နာဆောင်ရွက်မှုတွေဟာ ငယ်လွန်းသောကလေးငယ်များနှင့် အော်တစ်ဇင်ကဲ့သို့  အထူးလိုအပ်ချက်များရှိနေသော ကလေးငယ်များအတွက် အခက်အခဲများစွာ ရှိနေနိုင်ပါတယ်။
အော်တစ်ဇင်ကလေးများ တက်ရောက်ရသောကျောင်းများ ပိတ်ထားသဖြင့် သူတို့လေးတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ပျက်ပြားနိုင်ပြီး ကလေးတွေအနေနှင့် ပူပန်သောကများခြင်းနှင့် အနှုတ်သဘောဆောင်သော အပြုအမူများကို ပြုမူစေနိုင်ပါတယ်။ ထို့ပြင် အိမ်ပြင်ပထွက်ချိန်မှာ မရှိမဖြစ်လိုက်နာရတဲ့ mask တပ်ခြင်း၊ လူအများနှင့် ခပ်ခွာခွာနေခြင်း၊ လက်ကို စင်ကြယ်အောင်ဆေးခြင်း စတဲ့ ဆောင်ရွက်မှုတွေနှင့်လည်း အသားမကျဖြစ်နိုင်ပါတယ်။

Biogesic for kids IA 1

ကိုဗစ်ကြောင့်ဖြစ်သော ကမ္ဘာကြီးပြောင်းလဲမှုတွေမဆိုထားနှင့် အိမ်တွင်းပြောင်းလဲမှုတွေကတောင် သူတို့လေးတွေကို နားလည်ရခက်စေနိုင်ပါတယ်။
သာမန်ကလေးငယ်များအနေနှင့်လည်း စာသင်ကျောင်းများကရသော စာသင်ကြားခြင်းနှင့် ပေါင်းသင်း ဆက်ဆံရေးစွမ်းရည်များကို အနည်းနှင့်အများ လျော့ကျစေနိုင်ပါတယ်။
●  ဒါကြောင့် ဒီလိုအချိန်မျိုးမှာ မိဘများအနေနှင့် ကလေးငယ်များ နားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွက်စေဖို့ သူတို့လေးတွေ နားဝင်စေအောင် ဆွေးနွေးဖို့လိုအပ်လာပါတယ်။
●  ပထမဦးဆုံးအနေနှင့် သားသားမီးမီးလေးတွေ နားလည်စေဖို့ ကိုဗစ်-၁၉ရဲ့ ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေမှုနှင့် ဆိုးရွားမှုတွေအကြောင်းကို ပုံပြင်အနေနှင့် ပြောပြခြင်း၊ ရုပ်ပုံများပြသခြင်း စသည်ဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပေးရပါလိမ့်မယ်။
●  မဖြစ်မနေလိုက်နာရမယ့် mask တပ်တာ၊ ခပ်ခွာခွာနေတာစတဲ့ နည်းလမ်းများနဲ့ လက်ကို မကြာခဏဆေးခြင်း စသည်တို့ကို အိမ်တွင်းအလေ့အကျင့်တွေအဖြစ် စတင်နိုင်ပါတယ်။
●  ကလေးတွေအနေနှင့် ကျောင်းပိတ်ထားသော်လည်း စည်းကမ်းမပျက်စေဖို့အတွက် ကျောင်းဖွင့်နေချိန်အတိုင်း အိပ်ချိန်နှင့် မနက်အိပ်ရာထချိန်တို့ကို အချိန်သတ်မှတ်ထားပေးပါ။ ထို့ပြင် ထမင်းစားချိန်၊ စာလုပ်ချိန်၊ ကစားချိန်၊ အားကစားဆောင်ရွက်ချိန်တို့ကိုလည်း ယခင်အချိန်ဇယားအတိုင်း ဆက်လက်လိုက်နာခိုင်းသင့်ပါတယ်။

Biogesic for kids IA 2

●  ကျောင်းတွေပိတ်ထားတဲ့အတွက် ကျောင်းပိတ်ရက်နှင့် ကျောင်းတက်ရက်တွေကို ကလေးတွေ စိတ်ထဲကွဲပြားအောင် ပြက္ခဒိန်မှာ အချိန်ဇယား သတ်မှတ်ပြီး ပြသပေးပါ။
●  အထူးလိုအပ်ချက်ရှိသော ကလေးတွေအနေနှင့် မိသားစုဝင်များ၊ ဆရာမများ၊ သူငယ်ချင်းများ၊ ကျန်းမာရေး ကုသမှုပေးသော ဆရာဝန်၊ သူနာပြုများနှင့် အဆက်မပြတ်စေဖို့ ဖုန်း၊ အင်တာနက်မှတစ်ဆင့်  ဆက်သွယ်မှုများ ပြုလုပ်စေဖို့ ကူညီပေးနိုင်ပါတယ်။
●  ငယ်လွန်းသောကလေးများနှင့် အော်တစ်ဇင်ကလေးငယ်များအနေနှင့် ကြောက်လန့်ခြင်း၊ စိတ်ပျက်ခြင်းတို့ကို ပုံမှန်ကလေးများကဲ့သို့ မပြသနိုင်တဲ့အတွက် သူတို့ရဲ့ အပြုအမူနှင့် အမူအရာများကို မိဘတွေက မျက်ခြေမပြတ် ကြည့်ရှုပေးပါ။ သူတို့စိတ်ထဲမှာ ဖြစ်ပေါ်နေသောခံစားချက်တွေကို စာရွက်တွင် ပုံဆွဲစေခြင်းလည်း ပြုလုပ်နိုင်ပါတယ်။
●  ကလေးတွေကို ဝါသနာပါရာ အားကစားနည်းများ၊ ပန်းချီဆွဲခြင်း၊ သီချင်းနားထောင်ခြင်းစတဲ့ အနုပညာ လှုပ်ရှားမှုများကို မိဘများနှင့် အတူတကွ ပြုလုပ်စေခြင်းဖြင့် ပျော်ရွှင်စေဖို့ ကူညီပေးနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)