/
services/centre-better-living-health-screening-medical-centre

Centre for Better Living Health Screening & Medical Centre

        Centre  For  Better Living  Medical  Centre သည် စင်္ကာပူနိုင်ငံတွင်  ကင်ဆာရောဂါကုသမှုအတွက် ပြီးပြည့်စုံ သောဌာနဟု လူသိများထင်ရှားသော Parkway  Cancer  Centre (PCC) နှင့်  ပူးပေါင်း၍  ဖွင့်လှစ်ထားသည့် ကင်ဆာဆေးခန်း ဖြစ်ပါသည်။ ပြည်တွင်း၌ပင် အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်သန်သော အထူးကုဆရာဝန်ကြီးများနှင့် စင်္ကာပူ အဆင့်မီစက်ကိရိယာပစ္စည်းများကို အသုံးပြုကာ ကုသမှုခံယူနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

        Parkway  Cancer  Centre (PCC) မှ  ကင်ဆာအထူးဆရာဝန်ကြီးများက  Centre  For  Better Living သို့ တစ်လတစ်ကြိမ် လာရောက်၍   ကင်ဆာရောဂါနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပေးသည့်အပြင်  မြန်မာနိုင်ငံ မှ ကင်ဆာအထူးကုဆရာဝန်ကြီး များနှင့်  စင်္ကာပူနိုင်ငံမှ ကင်ဆာအထူးကု ဆရာဝန်ကြီးများ တစ်ဦးနှင့်တစ်ဦး ဆေးပညာရပ်ခြင်းဖလှယ်ကာ နိုင်ငံတကာ စံချိန်မီကုသမှုများဖြင့်  မြန်မာကင်ဆာလူနာများအား အကောင်းဆုံးရလဒ်များ ရရှိစေရန်  အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။   CBL Medical  Centre သည် ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံကြီးများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက်   ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ကင်ဆာ လူနာများကို ပုဂ္ဂလိကဆေးရုံကြီးများတွင် တက်ရောက်ကုသမှုခံယူနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ မည့်သည့် ကင်ဆာအမျိုးအစားကိုမဆို ကုသပေးနေပြီး လူနာ၏ရွေးချယ်မှုအလိုက်  စင်္ကာပူနိုင်ငံမှ ကင်ဆာဆေးဝါးများ မှာယူကုသပေးခြင်းရှိသလို မြန်မာနိုင်ငံမှ အရည်အသွေးမြင့် ကင်ဆာဆေးဝါးများ  အသုံးပြု၍လည်း ကုသပေးလျက် ရှိပါသည်။ ကင်ဆာရောဂါ အခြေအနေပေါ်တွင် မူတည်ပြီး ဆေးဝါးကုသမှုကုန်ကျစရိတ်ကျသင့်မည်ဖြစ်ကာ ကျသင့်ငွေအား  မြန်မာငွေသားနှင့် ပေးချေချင်လျှင်သော်လည်းကောင်း ၊ စင်္ကာပူဒေါ်လာနှင့်ပေးချေချင်လျှင်သော်လည်းကောင်း လက်ခံ ပေးလျက်ရှိပါသည်။ 

        CBL Medical Centre  သည်  “လူနာများနှင့်  ပြည်သူလူထုအတွက် အရည်အချင်းပြည့်ဝ၍ ယုံကြည်စိတ်ချရ သောကျန်းမာရေး ၀န်ဆောင်မှုပေးရန်” ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ လူထုအား အဆင့်မြင့်သောကျန်းမာရေး ၀န်ဆောင် မှုများ ရရှိစေရန်အတွက်  အကောင်းဆုံးစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

1. Health Screening Service (ကျန်းမာရေးစစ်ဆေးပေးခြင်း)

 

 

- အသင့်တော်ဆုံး Screening Packages များဖြင့်  လူကြီး ၊ လူငယ်မရွေး ကျား/မ မရွေးရောဂါ အလိုက် ကျန်းမာရေး စစ်ဆေးပေးခြင်း။

 

HEALTH SCREENING PACKAGES

Basic

Health

Check

Standard

Health

Check

Cancer Check

Male

Female

ဆရာဝန်မှကျန်းမာရေးရာဇ၀င်မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း

Detailed Medical History & Examination

ကြွက်သား၊ ရေဓာတ်၊ အဆီဓာတ် ပမာဏများစစ်ဆေးခြင်း၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အောက်ဆီဂျင်ပမာဏစစ်ဆေးခြင်း

Body Composition Analysis with Inbody 570, BMI test, BP, HR, SpO2

အဆုတ်အားကောင်းမကောင်းစစ်ဆေးခြင်း

Spirometry

 

 

 

ECG ဖြင့်နှလုံးစစ်ဆေးခြင်း

ECG

 

 

မျက်စိအရှေ့ပိုင်းနှင့် အနောက်ပိုင်း စစ်ဆေးခြင်း

Basic Eye Screening

 

 

သွေးဆဲလ်များအားအသေးစိတ်စစ်ဆေးခြင်း

Blood for CP

သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း

RBS

 

 

ဆီးချိုရောဂါအားထိန်းထားနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း

HbA1C

 

 

 

သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း

Lipid Profile (CHOL, CHOL/HDL, HDL, nHDL, LDL, TRIG, VLDL)

 

အသည်းလုပ်ငန်းများကောင်းမကောင်း သွေးထဲမှတဆင့်စစ်ဆေးခြင်း

Liver Function Test (ALB, ALP, ALT, AST, GGT, GLU, TBIL)

 

ကျောက်ကပ်လုပ်ငန်းများကောင်းမကောင်း သွေးထဲမှတဆင့်စစ်ဆေးခြင်း

Renal Function Test (BUN, CRE, TP)

 

ပန်ကရိယကောင်းမကောင်းစစ်ဆေးခြင်း

Amylase Level

 

အရိုးရောဂါများအတွက်စစ်ဆေးခြင်း

Uric Acid, Calcium

 

ကင်ဆာရောဂါများအားစောစီးစွာသိရှိနိုင်သော သွေးတွင်းရှိဓာတ်စစ်ဆေးခြင်း

အူလမ်းကြောင်းကင်ဆာများ

အသည်းကင်ဆာ

ပန်ကရိယာကင်ဆာ

သားဥအိမ်ကင်ဆာ

ရင်သားကင်ဆာ

ဆီးကျိတ်ကင်ဆာ

Tumor Markers

 

CEA

 

AFP

 

Ca 19-9

 

 

Ca 125

 

 

 

Ca 15-3

 

 

 

PSA

 

 

 

အသည်းရောင်အသားဝါဘီပိုးရှိ/မရှိ စစ်ဆေးခြင်း

HBsAg

အသည်းရောင်အသားဝါစီပိုး ရှိ/မရှိစစ်ဆေးခြင်း

Anti HCV Ab

ကာလသားရောဂါပိုးစစ်ဆေးခြင်း

VDRL

 

 

သွေးအုပ်စုစစ်ဆေးခြင်း

ABO, Rh Grouping

 

 

ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

CXR

 

 

အရိုးသိပ်သည်းဆတိုင်းတာခြင်း

Heel BMD

 

 

 

ဆီးစစ်ဆေးခြင်း

Urine Analysis

ဝမ်းစစ်ဆေးခြင်း

Stool RE

ဆေးစစ်မှုမှတ်တမ်းစာအုပ်ထုတ်ပေးခြင်း

Report Book

 

 

60,000  Ks

180,000 Ks

165,000 Ks

190,000 Ks

 

2. Medical Referral  (စင်္ကာပူနိုင်ငံမှ Parkway Hospitals ဆေးရုံများနှင့် ချိတ်ဆက်ပေးခြင်း)

- စင်္ကာပူနိုင်ငံရှိ Parkway ဆေးရုံကြီးများသို့ သွားရောက်ဆေးကုသလိုသော လူနာများ၏  ဆေးမှတ်တမ်းများကို စင်္ကာပူမှ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံပို့ဆောင်၍  အကြံဉာဏ်တောင်းပေးခြင်း
- ရောဂါရှာဖွေခြင်းနှင့် ကုသမှုနည်းလမ်းများအား ရှင်းပြပေးခြင်း ၊ ဆေးရုံနှင့် စင်္ကာပူတွင်နေရမည့် ရက် ၊ ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်ပေးခြင်း
- ဆရာဝန်နှင့်တွေ့လိုသည့် ရက်တွင် ရက်ချိန်းယူပေးခြင်း ၊ လိုအပ်ပါကဆေးရုံတိုက်ရိုက်တက်နိုင်ရန်  စီစဉ်ပေးခြင်း
- Passport  ၊ ဗီဇာ ၊ လေယာဉ်လက်မှတ် ၊ စင်္ကာပူတွင်နေထိုင်ရေးနှင့် မြန်မာဆရာဝန်များမှ  ဘာသာပြန် ကူညီ ဆောင်ရွက်ပေးခြင်း

 

3. Laboratory Referral (စင်္ကာပူနိုင်ငံရှိ Parkway Lab တွင် ဓာတ်ခွဲစစ်ဆေးပေးခြင်း)

- သွေးနှင့် အသားစနမူနာများကိုစင်္ကာပူနိုင်ငံ  Parkway Lab သို့  ပို့ဆောင် စစ်ဆေးပေးခြင်း

 

4. Laboratory  Service  (ဓါတ်ခွဲစစ်ဆေးပေးခြင်း)

 - American FDA အသိအမှတ်ပြုနောက်ဆုံးပေါ်  Point of Care Equipments များဖြင့် တိကျမှန်ကန်သော သွေးအဖြေများကို မိနစ်ပိုင်းအတွင်းစစ်ဆေးပေးခြင်း

 

5. Online Pharmacy (အရည်အသွေးမြင့်ဆေးဝါးများ မှာယူပေးခြင်း)

- စင်္ကာပူနိုင်ငံမှ  အရည်အသွးမြင့်ဆေးဝါးများကို အချိန်ကုန်သက်သာစွာဖြင့် မှာယူပေးခြင်း

 

6. Clinic  Service(အထူးကုဆရာဝန်ကြီးများနှင့် ပြသတိုင်ပင်နိုင်ခြင်း)

- စင်္ကာပူနိုင်ငံ Parkway ဆေးရုံကြီးများနှင့်  မြန်မာနိုင်ငံမှ   အထူးကုဆရာဝန်ကြီးများမှ  အချိန်ယူဆွေးနွေးပေးခြင်း 

 

7. Diagnostic  Service  (ရောဂါရှာဖွေစစ်ဆေးပေးခြင်း)

- ECG, Digital X-Ray, 3D Ultrasound, Whole Body Bone Scan များကို တစ်နေရာတည်းတွင် ပြီးပြည့် စုံစွာစစ်ဆေးနိုင်ခြင်း

 

8. Mobile  Clinic & Lab Service  (အိမ်တိုင်ရာရောက်ဆေးကုသပေးခြင်းနှင့် သွေးစစ်ပေးခြင်း)

- လူနာများကို အိမ်တိုင်ရာရောက် ဆေးကုသ မှုပေးခြင်းနှင့်  သွေးဖောက် စစ်ဆေးပေးနိုင်ခြင်း

 

9. Eye Service (မျက်စိရောဂါများစစ်ဆေးပေးခြင်း)

 - အထွေထွေ မျက်စိစစ်ဆေးခြင်း ၊ ဆီးချို ၊သွေးချိုနှင့် သွေးတိုးတို့ကြောင့်ဖြစ်သော မျက်စိရောဂါများ စစ်ဆေးခြင်း

 

10. Chemotherapy Service (ကင်ဆာဆေးသွင်းကုသပေးခြင်း)

 

- စင်္ကာပူနိုင်ငံမှ  အရည်အသွေးမြင့်  ကင်ဆာဆေးဝါးများကိုမှာယူပေးခြင်း
- ကင်ဆာရောဂါရှိ ၊ မရှိစစ်ဆေးပေးခြင်း
- စင်္ကာပူနိုင်ငံနှင့်မြန်မာနိုင်ငံမှ ကင်ဆာ  အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ခြင်း
- စင်္ကာပူအဆင့်မီစက်ကိရိယာများဖြင့် ကင်ဆာဆေးသွင်းကုသနိုင်ခြင်း
- စင်္ကာပူနိုင်ငံမှ ပြန်လာသောလူနာများအား ဆက်လက် ဆေးသွင်းကုသပေးခြင်း

 

CBL Medical Centre ကင်ဆာဆေးခန်း

အမှတ်(၂၄ ၊ စီ) ၊ စမုံလမ်း ၊ န၀ရတ်ကွန်ဒို ၊ အမျိုးသားကဇာတ်ရုံအနီး ၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။   

ဖုန်း                   -        01- 377 878

24 hr Helplines   -        09- 430 66666, 09- 439 66666

 

  • 16.78311537746523
    96.14725759857174
  • Centre for Better Living Health Screening & Medical Centre
    Centre for Better Living Health Screening & Medical Centre
16
Connection Error to Google Map