/
news/အရေးပေါ်ကုသနည်းများ/မူးဝေခြင်းအတွက်-ရှေးဦးပြုစုမှု

မူးဝေခြင်းအတွက် ရှေးဦးပြုစုမှု

Category
အရေးပေါ်ကုသနည်းများ

        အမြင်အာရုံေ၀၀ါးလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောဟိုက်ခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ တက်ခြင်း၊ ဆက်တိုက်အန်ခြင်း၊ ဦးခေါင်းထိခိုက်ခံရပြီးနောက် ခဏခဏမူးဝေတတ်ခြင်း၊ အမြင်အာရုံနှစ်ထပ်ဖြစ်ခြင်း၊ အားအင် ချို့တဲ့ခြင်း၊ သတိလစ်မေ့မျောခြင်း၊ ဖျားနာခြင်၊ ဇာတ်ကျောတက်ခြင်း၊ ခြေတွေလက်တွေ ထုံထိုင်းလေးလံနေခြင်း၊ စကားပြောတဲ့အခါ ဗလုံးဗထွေးဖြစ်ခြင်း၊ ထိုင်းမှိုင်းခြင်းစတဲ့ ရောဂါလက္ခဏာတွေဟာ အရေးပေါ် အခြေအနေဖြစ်တာကြောင့် နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရပါမယ်။

-        ရောဂါလက္ခဏာများကိုသက်သာအောင်ပြုလုပ်ပါ။

-        ငြိမ်ငြိမ်လေးထိုင်ခိုင်းထားပါ။

-        မတ်တပ်ရပ်တဲ့အခါ ရီတီတီဖြစ်လာမယ်ဆိုရင် ခန္ဓာကိုယ်ကိုထိန်းပြီးဖြည်းဖြည်းချင်းမတ်တပ်ရပ်ပါ။

-        ရုတ်တရက်လှုပ်ရှားခြင်းမပြုလုပ်ပါနဲ့။

-        ရေဓါတ်ဖြည့်တင်းပါ။

-        အရိပ်ရတဲ့နေရာမှာနေပါ။

-        ဆရာဝန်နှင့်ပြသပါ။

-        ပထမဆုံးအကြိမ်မူးဝေတာမျိုးဖြစ်လျှင် သာမန်မူးဝေတာမျိုးမဟုတ်ဘဲမူးမေ့ခြင်းထိဖြစ်ပေါ်လျှင် ဆရာဝန်နှင့်ပြသပါ။

-        တစ်ဦးချင်းစီရဲ့ ရောဂါအခြေအနေပေါ်မူတည်၍ ဆရာဝန်တွေက ကုသပေးမှာဖြစ်ပါတယ်။ O2 ပေးခြင်း၊ ဓာတ်ဆားပမာဏညီမျှမှုမရှိပါက ပြန်လည်ဖြည့်တင်းပေးခြင်း၊ ရောဂါအခြေအနေအလိုက် ကုသမှုပေးခြင်း တို့ကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

www.drmyanmar.com

အရေးပေါ်ကုသနည်းများ