/
news/အသုံးများဆေးဝါးများ/voltex-kool

Voltex Kool

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Voltex Kool

(1) ဆေးအမည်

       Voltex Kool

 

(2) ပါဝင်သောဆေးအမျိုးအစား

        လိမ်းဆေး 100g တွင် Diclofenac Sodium 1 g ပါဝင်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        ကြွက်သားများနာကျင်ခြင်း၊ အဆစ်အမြစ်များရောင်ရမ်းခြင်းအပါအ၀င် နာကျင်ကိုက်ခဲမှု ဝေဒနာအမျိုးမျိုး။

 

(4) အသုံးပြုပုံ

        လိမ်းဆေး 2g မှ 4 g တနေ့ 3 ကြိမ်မှ 4 ကြိမ် ရောင်ရမ်းနာကျင်သောနေရာသို့လိမ်းပေးရန်။ ဓါတ်မတည့်သူများအသုံးမပြုရ။ ပေါက်ပြဲနေသော ဒဏ်ရာများပေါ်သို့လည်းကောင်း၊ မျက်လုံးအနီးတ၀ိုက်တွင် လည်းကောင်း အသုံးမပြုရ။

 

(5) ဘေးထွက်ဆိုးကျိုး 

           ယားယံခြင်း၊ ဓာတ်မတည့်ခြင်း၊

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆရာဝန်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

 

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

          Medinova

 

(8) တင်သွင်းသည့်ကုမ္ပဏီ

          DKSH

www.drmyanmar.com