/
news/အသုံးများဆေးဝါးများ/duralyn-cr

Duralyn-CR

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Duralyn-CR

(1) ဆေးအမည်

          Duralyn-CR

 

(2) ပါ၀င်သောဆေးအမျိုးအစား

          Theophylline 200mg

 

(3) ကုသနိုင်သောရောဂါများ       

          ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်တွင်းရှိ လေအိတ်ငယ်များ အတွင်း လေခိုအောင်းခြင်း။

 

(4) အသုံးပြုပုံ        

          လူကြီးတစ်နေ့၁တောင့် ည ၆ နာရီနှင့် ၈ နာရီကြားတွင်သောက်ရန်။

 

(5) ဘေးထွက်ဆိုးကျိုး

          လိုအပ်သောပမာဏထက် ပိုမိုသောက်သုံးပါက ပျို့အန်ခြင်း၊ ရင်ညွှန့်အောင့်ခြင်း၊ ၀မ်းသွား ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂဏှာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်း၊ တက်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်းစည်းချက် မမှန်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ ဆီးများများသွားခြင်း၊ ထိပ်ပြောင်ခြင်း၊ အင်ပြင်ထွက်ခြင်းတို့ဖြစ်သည်။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          အစာအိမ်အနာရှိသူများ၊ အတက်ရောဂါရှိသူများ၊ အသက် ၁၂ နှစ်အောက် ကလေးများ၊ xanthine နှင့် ဓာတ်မတည့်သူများ မသုံးသင့်ပါ။

          ရုတ်တရက် ရင်ကြပ်ခြင်းအလွန်ဆိုးလာသော အရေးပေါ်အခြေအနေဖြစ်သည့် Status asthmaticus တွင် theophylline တစ်မျိုးတည်း အသုံးပြုရန်မသင့်ပေ။

          သွေးတွင်းရှိ theophylline ပမာဏ 20mcg/ml ထက်များပါက ဆေးအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင် သည်။ သို့သော် အမျိုးသားများ၊ အသက် 55နှစ်အထက် ရှိသူများ၊ အသည်းမကောင်းသူများ၊ နာတာရှည် အဆုတ်ရောဂါရှိသူများ၊ အဖျားကြီးသူများ၊ နှလုံးအားနည်းသူများတွင် theophylline ၏ plasma clearance ကျနေနိုင်ပါသည်။ နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း၊ တက်ခြင်းတို့သည် အဆိပ်သင့်ခြင်း၏ ပထမဦးဆုံးလက္ခဏာများဖြစ်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ပါသည်။ Theophylline ကို အခြားသော xanthine ဆေးများနှင့်အတူ တွဲဖက်၍မသုံးသင့် ပါ။ သွေးတိုးရှိသူများ၊ နှလုံးရောဂါရှိသူများ၊ အရက်သောက် သူများ၊ အစာအိမ်အနာရှိသူများတွင် သတိပြု၍သုံးစွဲရမည်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          အိပ်ဆေး Barbituate, Charcol, မှိုသတ်ဆေး Ketoconazole, တီဘီရောဂါကုသဆေး Rifampicin စသော ဆေးများနှင့် ဆေးလိပ်သောက်ခြင်းတို့သည် theophylline ၏ အာနိသင်ကို လျော့ကျစေနိုင်သည်။

          ဂေါက်ရောဂါကုသဆေး Allopurinol, သွေးပေါင်ထိန်းဆေး Beta blocker, Calcium Channel Blockers, အစာအိမ်ရောဂါကုသဆေး Cimetidine, ပဋိသနေ္ဓတားဆေး Oral Contraceptive, Steroid, အရက်စွဲရောဂါ ကုသဆေး Disulfiram, ရင်ကြပ်ကုသဆေး Ephedrine, ပဋိဇီ၀ပိုးသတ်ဆေး Macrolide နှင့် Quinolone တို့သည် သွေးတွင်းရှိ Theophylline ၏ ပမာဏကို မြင့်တက်စေနိုင်သည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

         Raptakos, Brett

 

(9) တင်သွင်းသည့်ကုမ္ပဏီ

        KMT

www.drmyanmar.com