/
news/အသုံးများဆေးဝါးများ/deflux

Deflux

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Deflux

(1) ဆေးအမည်      

        Deflux

 

(2) ပါ၀င်သောဆေးအမျိုးအစား

                    ဆေး ၁ ပြားတွင် Domperidone 10 mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

                   အစာမကြေလေနာခြင်း၊ စားချဥ့်ပြန်ခြင်း၊ စားချဥ့်ပြန် အစာရေမျိုပြွန်ရောင်ရောဂါ၊ အစာအိမ်ရောင်ခြင်းနှင့် ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပြခြင်းနှင့် Parkinsonism ရောဂါတို့ကြောင့်ဖြစ်သော ပျို့အန်ခြင်း

 

(4) အသုံးပြုပုံ

                   အစာမစားမီ ၁၅-၃၀ မိနစ် ကြိုတင်၍သောက်ပါ။

                   တစ်ခါသောက် ၁-၂ လုံး၊ တစ်နေ့ ၃-၆ ကြိမ်။ ကင်ဆာရောဂါကုသခံနေတဲ့ ကလေးတွေမှာတော့ မသောက်သုံးသင့်ပါဘူး။

               

(5) ဘေးထွက်ဆိုးကျိုးများ

                   နို့ထွက်ဟော်မုန်းများ သွေးအတွင်းများလာခြင်း၊ နို့ရည်ထွက်ခြင်း၊ ရင်သားကြီး ထွားလာခြင်း၊ အနာဖြစ်ခြင်း၊ ကာမဆန္ဒကျဆင်းခြင်း၊ အာခေါင်ခြောက်ခြင်း၊ ရေဆာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ ၀မ်းလျှောခြင်း၊ ယားယံခြင်း Extrapyramidal reaction ။

               

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဘေးထွက်ဆိုးကျိုးအနေနှင့် နို့ပိုထွက်စေသောကြောင့် ကလေးမွေးပြီးပြီးချင်း နို့ထွက်အောင် အသုံးပြုတတ်ကြသည်။

          Domperidone ၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ဂဏှာမငြိမ်ဖြစ်ခြင်း၊ မလှုပ်ရှားနိုင်ခြင်း စသည့် လှုပ်ရှားသွားလာမှုကိုထိန်းချုပ်ထားသော အာရုံကြောစနစ်ကို ထိခိုက်နိုင်ခြင်းသည် ကလေးငယ်များ တွင် ဖြစ်နိုင်ခြေပိုများသည့်အတွက် ဆရာ၀န်ညွှန်ကြားသည့့်အတိုင်း သောက်သုံးရပါမည်။

          မွေးကင်းစကလေးများ၊ ကိုယ်၀န်ဆောင်များနှင့် Deflux တွင်ပါ၀င်သော ဆေးနှင့်ဓာတ်မတည့် သူများ သောက်သုံးရန်မသင့်ပါ။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          ဦးနှောက်တွင်းရှိ ပီကျူထရီဂလန်းအကျိတ်ဖြစ်ခြင်းကိုကုသသော Bromocriptine ဆေး၏ နို့ထွက်ဟော်မုန်း နည်းစေသော အာနိသင်ကို လျှော့ချပစ်သည်။ ပါကင်ဆန်ရောဂါကုသဆေး Antimuscarinics နှင့် မူးယစ်စေသော အကိုက်အခဲပျောက်ဆေးများသည် Deflux ၏ အကျိုးအာနိသင်ကို လျော့ကျစေသည့်အတွက် တွဲမသောက်သင့်ပါ။

               

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Beximco

         

(9) တင်သွင်းသည့်ကုမ္ပဏီ

          Golden Hawks

 www.drmyanmar.com