/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတွေ-သွေးဆုံးခါနီးနဲ့-သွေးဆုံးပြီးချိန်မှာ

အမျိုးသမီးတွေ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်မှာ ကိုယ်ခန္ဓာထဲမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတိုင်းရဲ့ဘဝမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်တဲ့အချိန်အခါ (၂) မျိုး ရှိပါတယ်။ ဒါကတော့ ရာသီပန်းပွင့်ချိန်နဲ့ သွေးဆုံးချိန်ပဲ ဖြစ်ပါတယ်။
သွေးဆုံးချိန်မှာတော့ အမျိုးသမီးတွေဟာ အသက်ကြီးရင့်လာတာကတစ်ကြောင်း၊ အီစရိုဂျင်ဟော်မုန်း နည်းပါးလာတာကတစ်ကြောင်းတို့ကြောင့် ကျန်းမာရေးပြဿနာများကို စတင်ကြုံတွေ့ရတတ်ပါတယ်။ အီစရိုဂျင်ဟော်မုန်းကိုတော့ အမျိုးသမီးဟော်မုန်းလို့ တင်စားခေါ်ဝေါ်ကြပြီး အရိုးပါးခြင်း၊ နှလုံးရောဂါနဲ့အတူ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတဲ့ဟော်မုန်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် အီစရိုဂျင်ဟော်မုန်းနည်းပါးတဲ့အခါ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာထဲ ဘာတွေပြောင်းလဲသွားမလဲ လေ့လာကြည့်ရအောင် ...

>>  အရိုး
●  အရိုးပါးခြင်းဟာ သွေးဆုံးချိန်အမျိုးသမီးများအတွက် ဆိုးဝါးတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ မိမိအရိုးပါးနေကြောင်းကို ချော်လဲပြီး အရိုးမကျိုးမခြင်း မသိနိုင်တဲ့အတွက် ပိုမိုဂရုစိုက်သင့်ပါတယ်။
●  ဒါ့ပြင် ကျောရိုးဆစ်များ ကျွံထွက်ပါက ကျောနာခြင်း၊ ခါးကုန်းခြင်းစတဲ့ ပြဿနာတွေ တွေ့ကြုံနိုင်ပါသေးတယ်။
●  အဓိကအဖြစ်များတဲ့ပြဿနာကတော့ ချော်လဲပြီး ပေါင်ရိုးကျိုးခြင်းပဲ ဖြစ်ပါတယ်။ သွေးဆုံးပြီးချိန် ဟော်မုန်းကုသမှု ခံယူနေသူတွေမှာတော့ အဖြစ်နည်းတာ တွေ့ရပါတယ်။

>>  နှလုံး
●  သွေးဆုံးပြီးချိန်မှာ နှလုံးရောဂါဖြစ်ပွားနှုန်းက တရိပ်ရိပ် မြင့်တက်လာပါတယ်။
●  အသက် ၅၀ ကျော် အမျိုးသားနဲ့ အမျိုးသမီးတွေမှာဆိုရင် အမျိုးသမီးတွေက နှလုံးရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ ပိုဆိုးတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ ပိုများပါတယ်။

Menopace with Calcium 1

>>  အဆီနဲ့ကြွက်သား
●  အသက်ကြီးလာတာနဲ့အမျှ အီစရိုဂျင်နည်းပါးလာခြင်းကြောင့် ကြွက်သားထုနည်းလာခြင်း၊ အဆီများ ပိုမိုစုဝေးလာခြင်း၊ အရေပြားလျော့ရဲလာခြင်းတို့ကို မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●  ဝိတ်တက်လာခြင်းနဲ့အတူ ဗိုက်တွင်အဆီပိုများ စုဝေးလာတတ်ပါတယ်။
●  ရင်သားများလျော့ရဲခြင်း၊ မျက်နှာအရေးအကြောင်းဖြစ်ပေါ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွားကျိုးခြင်း၊ သွားဖုံးသွေးယိုခြင်း စတာတွေကိုလည်း ကြုံတွေ့ရမှာဖြစ်ပါတယ်။

>>  ဦးနှောက်
●  အီစရိုဂျင်ဟိုမုန်းက ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အပြင် အာရုံကြောဆဲလ်များ ရှင်သန်ကြီးထွားဖို့လည်း အားဖြည့်ပေးပါတယ်။ ဒါကြောင့် အီစရိုဂျင်နည်းပါးလာတဲ့ သွေးဆုံးချိန်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံတွေ့ရတဲ့အပြင် နိုးကြားမှုနည်းပါးခြင်း၊ ရေတိုမှတ်ဉာဏ်ချို့တဲ့ခြင်း၊ အယူအဆဆိုင်ရာ ဦးနှောက်လုပ်ဆောင်မှုပျက်ပြားခြင်းတို့နဲ့ ရင်ဆိုင်ရတတ်ပါတယ်။

>>  မျိုးအောင်မှု
●  အားလုံးသိကြတဲ့အတိုင်း သွေးဆုံးချိန်မှာ မမျိုးဥတွေ နည်းပါးလာသလို မျိုးဥကြွေခြင်းလည်း မမှန်တော့တာကြောင့် မျိုးအောင်ဖို့ ရာနှုန်းနည်းလှပါတယ်။ ဒါပေမဲ့လည်း ကိုယ်ဝန်ရနိုင်ချေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်မရလိုသူတွေအနေနဲ့ ရာသီသွေး လုံးဝမလာတော့တာ ၁၂ လတိတိ မပြည့်မချင်း သန္ဓေတားဆေး အသုံးပြုဖို့ လိုအပ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Menopace with Calcium 2

(Zawgyi)

အမ်ိဳးသမီးတိုင္းရဲ႕ဘဝမွာ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚတဲ့အခ်ိန္အခါ (၂) မ်ိဳး ရွိပါတယ္။ ဒါကေတာ့ ရာသီပန္းပြင့္ခ်ိန္နဲ႔ ေသြးဆုံးခ်ိန္ပဲ ျဖစ္ပါတယ္။
ေသြးဆုံးခ်ိန္မွာေတာ့ အမ်ိဳးသမီးေတြဟာ အသက္ႀကီးရင့္လာတာကတစ္ေၾကာင္း၊ အီစ႐ိုဂ်င္ေဟာ္မုန္း နည္းပါးလာတာကတစ္ေၾကာင္းတို႔ေၾကာင့္ က်န္းမာေရးျပႆနာမ်ားကို စတင္ႀကဳံေတြ႕ရတတ္ပါတယ္။ အီစ႐ိုဂ်င္ေဟာ္မုန္းကိုေတာ့ အမ်ိဳးသမီးေဟာ္မုန္းလို႔ တင္စားေခၚေဝၚၾကၿပီး အ႐ိုးပါးျခင္း၊ ႏွလုံးေရာဂါနဲ႔အတူ အိုမင္းရင့္ေရာ္ျခင္းကို တားဆီးေပးတဲ့ေဟာ္မုန္းတစ္ခု ျဖစ္ပါတယ္။
ဒါေၾကာင့္ အီစ႐ိုဂ်င္ေဟာ္မုန္းနည္းပါးတဲ့အခါ အမ်ိဳးသမီးေတြရဲ႕ ကိုယ္ခႏၶာထဲ ဘာေတြေျပာင္းလဲသြားမလဲ ေလ့လာၾကည့္ရေအာင္ ...

>>  အ႐ိုး
●  အ႐ိုးပါးျခင္းဟာ ေသြးဆုံးခ်ိန္အမ်ိဳးသမီးမ်ားအတြက္ ဆိုးဝါးတဲ့က်န္းမာေရးျပႆနာတစ္ခု ျဖစ္ပါတယ္။ မိမိအ႐ိုးပါးေနေၾကာင္းကို ေခ်ာ္လဲၿပီး အ႐ိုးမက်ိဳးမျခင္း မသိႏိုင္တဲ့အတြက္ ပိုမိုဂ႐ုစိုက္သင့္ပါတယ္။
●  ဒါ့ျပင္ ေက်ာ႐ိုးဆစ္မ်ား ကြၽံထြက္ပါက ေက်ာနာျခင္း၊ ခါးကုန္းျခင္းစတဲ့ ျပႆနာေတြ ေတြ႕ႀကဳံႏိုင္ပါေသးတယ္။
●  အဓိကအျဖစ္မ်ားတဲ့ျပႆနာကေတာ့ ေခ်ာ္လဲၿပီး ေပါင္႐ိုးက်ိဳးျခင္းပဲ ျဖစ္ပါတယ္။ ေသြးဆုံးၿပီးခ်ိန္ ေဟာ္မုန္းကုသမႈ ခံယူေနသူေတြမွာေတာ့ အျဖစ္နည္းတာ ေတြ႕ရပါတယ္။

>>  ႏွလုံး
●  ေသြးဆုံးၿပီးခ်ိန္မွာ ႏွလုံးေရာဂါျဖစ္ပြားႏႈန္းက တရိပ္ရိပ္ ျမင့္တက္လာပါတယ္။
●  အသက္ ၅၀ ေက်ာ္ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြမွာဆိုရင္ အမ်ိဳးသမီးေတြက ႏွလုံးေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။ ပိုဆိုးတာကေတာ့ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္စာရင္ ႏွလုံးေရာဂါေၾကာင့္ ေသဆုံးႏိုင္ေခ် ပိုမ်ားပါတယ္။

>>  အဆီနဲ႔ႂကြက္သား
●  အသက္ႀကီးလာတာနဲ႔အမွ် အီစ႐ိုဂ်င္နည္းပါးလာျခင္းေၾကာင့္ ႂကြက္သားထုနည္းလာျခင္း၊ အဆီမ်ား ပိုမိုစုေဝးလာျခင္း၊ အေရျပားေလ်ာ့ရဲလာျခင္းတို႔ကို မလြဲမေသြ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။
●  ဝိတ္တက္လာျခင္းနဲ႔အတူ ဗိုက္တြင္အဆီပိုမ်ား စုေဝးလာတတ္ပါတယ္။
●  ရင္သားမ်ားေလ်ာ့ရဲျခင္း၊ မ်က္ႏွာအေရးအေၾကာင္းျဖစ္ေပၚျခင္း၊ ဆံပင္ကြၽတ္ျခင္း၊ သြားက်ိဳးျခင္း၊ သြားဖုံးေသြးယိုျခင္း စတာေတြကိုလည္း ႀကဳံေတြ႕ရမွာျဖစ္ပါတယ္။

>>  ဦးေႏွာက္
●  အီစ႐ိုဂ်င္ဟိုမုန္းက ဦးေႏွာက္ဆီသို႔ ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစတဲ့အျပင္ အာ႐ုံေၾကာဆဲလ္မ်ား ရွင္သန္ႀကီးထြားဖို႔လည္း အားျဖည့္ေပးပါတယ္။ ဒါေၾကာင့္ အီစ႐ိုဂ်င္နည္းပါးလာတဲ့ ေသြးဆုံးခ်ိန္မွာ စိတ္ပိုင္းဆိုင္ရာျပႆနာေတြ ႀကဳံေတြ႕ရတဲ့အျပင္ ႏိုးၾကားမႈနည္းပါးျခင္း၊ ေရတိုမွတ္ဉာဏ္ခ်ိဳ႕တဲ့ျခင္း၊ အယူအဆဆိုင္ရာ ဦးေႏွာက္လုပ္ေဆာင္မႈပ်က္ျပားျခင္းတို႔နဲ႔ ရင္ဆိုင္ရတတ္ပါတယ္။

>>  မ်ိဳးေအာင္မႈ
●  အားလုံးသိၾကတဲ့အတိုင္း ေသြးဆုံးခ်ိန္မွာ မမ်ိဳးဥေတြ နည္းပါးလာသလို မ်ိဳးဥေႂကြျခင္းလည္း မမွန္ေတာ့တာေၾကာင့္ မ်ိဳးေအာင္ဖို႔ ရာႏႈန္းနည္းလွပါတယ္။ ဒါေပမဲ့လည္း ကိုယ္ဝန္ရႏိုင္ေခ်လည္း ရွိေနပါေသးတယ္။ ဒါေၾကာင့္ ကိုယ္ဝန္မရလိုသူေတြအေနနဲ႔ ရာသီေသြး လုံးဝမလာေတာ့တာ ၁၂ လတိတိ မျပည့္မခ်င္း သေႏၶတားေဆး အသုံးျပဳဖို႔ လိုအပ္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)