/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတို့-ပြုလုပ်သင့်တဲ့-တင်ပါးဆုံလေ့ကျင့်ခန်း

အမျိုးသမီးတို့ ပြုလုပ်သင့်တဲ့ တင်ပါးဆုံလေ့ကျင့်ခန်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေဟာ ကလေးမွေးပြီးသွားရင် သက်ဆိုင်ရာ တင်ပါးဆုံကြွက်သားတွေ အလိုလို အားပျော့သွားလေ့ရှိပါတယ်။ တကယ်တော့ တင်ပါးဆုံခွက်ထဲက အရွတ်တွေဟာ ဆီးအိမ်၊ သားအိမ်၊ မိန်းမကိုယ်နဲ့ အရိုးတွေကို ထောက်မပေးနေတာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီအရေးပါတဲ့ အရွတ်တွေ၊ အကြောတွေ ပြန်လည်သန်စွမ်းလာဖို့ ဘယ်လိုလုပ်သင့်လဲဆိုတာ တင်ပြလိုက်ပါတယ်။
ပထမဆုံးက လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ ဖြစ်ပါတယ်။ တင်ပါးဆုံကြွက်သားတွေကို သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်သူဟာ ဒီအရွတ်တွေ မပျော့အောင် ထိန်းသိမ်းထားပြီးသား ဖြစ်စေမှာပါ။
ကိုယ်ဝန်မဆောင်ခင်ကတည်းက အားကစားခန်းမမှာ အိမ်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်သူနဲ့ လျော့တိလျောရဲ နေထိုင်တတ်သူနဲ့ တူမှာတော့ မဟုတ်ပါဘူး။ အရင်ဆုံး သားဖွားမီးယပ်ဆရာဝန်ကို မေးပါ။ သူ့ရဲ့ အကူအညီနဲ့ အကြောအဆစ်ပညာရှင်နဲ့ ထပ်မံတိုင်ပင်လို့ တင်ပါးဆုံအရွတ် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေကို စတင်နိုင်ပါပြီ။
ထိုင်ထ သို့မဟုတ် အိပ်ထမတင် တစ်ခုတည်းလုပ်တာဟာ သိပ်ကိုမှားယွင်းတဲ့အယူအဆြ ဖစ်ပါတယ်။ ကလေးမွေးပြီး ပထမတစ်နှစ်အတွင်းမှာ ဒီလေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်တာဟာ တင်ပါးဆုံခွက်ပေါ်မှာ ဖိအားတက်စေပြီး သားအိမ်ကျွံကျတဲ့အထိ သက်ရောက်မှုဆိုးစေပါတယ်။
ဖြစ်နိုင်ရင် ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းသွားရင် ညှစ်သွားရခြင်းဖြင့် တင်ပါးဆုံခွက်ကြွက်သားတွေကို ပိုမိုအားပျော့သွားစေတာတာမို့ ညှစ်တာကို ရှောင်ရပါမယ်။ မရှောင်နိုင်တော့အခါ ဘယ်လိုလုပ်ကြမလဲ။ ခွေးခြေထိုင်ခုံ အပုလေးတစ်ခု ယူပါ။ အိမ်သာကြွေခုံပေါ် ထိုင်တဲ့အခါ ထိုင်ခုံပုလေးပေါ် ခြေထောက်တင်ထားပေးပြီး ရှေ့ကို အနည်းငယ် ကုန်းထိုင်သင့်ပါတယ်။ တင်ပဆုံပေါ် သက်ရောက်လာမယ့် ညှစ်အားဖိအားကို နည်းသွားစေပါတယ်။
ဝမ်းမချုပ်စေဖို့အတွက် အသီးအနှံ များများစားပါ။ သစ်သီးဝလံတွေ အချိုးအစား ညီညွတ်စွာပါဝင်တဲ့ မျှတညီညွတ်တဲ့ အစာစားနည်းကို ကျင့်သုံးပါ။ ရေများများသောက်ပါ။
တင်ပဆုံကြွက်သားလေ့ကျင့်ခန်းတွေကို လုပ်တဲ့အခါ အသက်ရှူသွင်းရှူထုတ်တဲ့နည်းတွေကိုပါ မှန်ကန်စွာ ပြုလုပ်ပေးဖို့ လိုပါတယ်။ အသက်ရှူထုတ်လိုက်တာနဲ့အမျှ တင်ပဆုံကြွက်သားတွေကို အာရုံစိုက်ပြီး တစ်ချိန်တည်း ဖြေလျော့တတ်ဖို့ လိုပါတယ်။
တင်ပဆုံအရွတ်နဲ့ ကြွက်သားတွေ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေကို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ အကောင်းဆုံးရလဒ်အတွက် ကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးပြီးမှ စတင်ဖို့ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)