/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတိုင်း-သိထားရမယ့်-မိန်းမကိုယ်ကျန်းမာရေး

အမျိုးသမီးတိုင်း သိထားရမယ့် မိန်းမကိုယ်ကျန်းမာရေး

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးများအတွက် မိန်းမကိုယ်ဟာ အထူးဂရုပြုရမယ့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားခြင်းဖြင့် မိန်းမကိုယ်ကျန်းမာရေးကို ဂရုပြုသင့်ပါတယ်။

>>  ဆောင်ရန် / ရှောင်ရန်များ
1.  မိန်းမကိုယ်ကို အမြဲခြောက်သွေ့အောင်ထားပါ။ ချည်သားအတွင်းခံများကိုသာ ဝတ်ဆင်ပါ။ ပွပွချောင်ချောင်ဘောင်းဘီများကိုသာ ဝတ်ဆင်သင့်ပါတယ်။
2.  မိန်းမကိုယ်တစ်ဝိုက်ကို ဆေးကြောတဲ့အခါ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ ဆေးကြောပေးသင့်ပါတယ်။ ဆေးပြီးတိုင်းမှာလည်း မိန်းမကိုယ်ကို ခြောက်သွေ့အောင် သုတ်ပေးပါ။
3.  မွေးလမ်းကြောင်းအတွင်းထဲ (သို့) မိန်းမကိုယ်အတွင်းထဲထိ ဆပ်ပြာပြင်းပြင်းများကို အသုံးပြုပြီး ဆေးကြောခြင်း မပြုလုပ်သင့်ပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် မိန်းမကိုယ်ရှိ သဘာ၀ pH ကို ပျက်ပြားစေတဲ့အပြင် ပိုးဝင်ခြင်းဖြစ်စေဖို့ ပိုအားပေးပါတယ်။
4.  မိန်းမကိုယ်ကို ဆေးကြောတာမျိုး၊ တစ်ရှူးနဲ့ သုတ်တာမျိုး ပြုလုပ်တဲ့အခါ မိန်းမကိုယ်ကနေ စအိုဘက်ကို သုတ်ပေးမှသာ မိန်းမကိုယ်တွင်းသို့ ပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။

pH Care 1

>>  မိန်းမကိုယ်ကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားဖို့လိုသေးလဲ?
●  မိန်းမကိုယ်ကျန်းမာစေဖို့အတွက် အကျိူးပြုဘက်တီးရီးယားများစွာက ကူညီပေးပါတယ်။ ကောင်းကျိူးပြုဘက်တီးရီးယားတွေဆိုတာက မိန်းမကိုယ်ကို အက်ဆစ်ဓာတ် ပိုမိုရရှိအောင် လုပ်ဆောင်ပေးပါတယ်။ ဒီလိုအက်ဆစ်ဓာတ်ရှိခြင်းက ဆိုးကျိုးဖြစ်စေတဲ့ ဘတ်တီးရီးယားတွေ ပေါက်ဖွားခြင်းကို ကာကွယ်ပေးထားပါတယ်။
●  ဒီလို ကောင်းကျိူးပြုဘက်တီးရီးယားတွေကို နည်းပါးစေပြီး မိန်းမကိုယ်ရှိ pH ကို ပျက်ပြားစေတဲ့အရာတွေကတော့ ပိုးသတ်ဆေးများသောက်ခြင်း၊ မိန်းမကိုယ်အတွင်းထဲထိ ဆပ်ပြာအပြင်းများဖြင့် ဆေးကြောခြင်း၊ ကျပ်သောအတွင်းခံနဲ့ ဘောင်းဘီများဝတ်ခြင်း၊ မိန်းမကိုယ်အတွင်းသို့ ချောဆီများ၊ ခရင်မ်များထည့်ခြင်းနဲ့ ကိုယ်ဝန်ရှိခြင်းတို့ ဖြစ်ပါတယ်။
●  မိန်းမကိုယ်ရှိ pH မျှခြေမမှန်ခြင်းကို ပြသနေတဲ့ လက္ခဏာကတော့ မိန်းမကိုယ်မှ အဖြူဆင်းခြင်းနဲ့ အနံ့ဆိုးသော အရည်များဆင်းခြင်းတို့ ဖြစ်ပါတယ်။ တစ်ခါတလေမှာ မီးခိုးရောင်၊ အစိမ်းရောင်နဲ့ အဖြူရောင်ပျစ်ပျစ်များလည်း ဆင်းတတ်ပါတယ်။
●  ဒါ့အပြင် မိန်းမကိုယ်ဖောင်းခြင်း၊ ကာလရှည် အလွန်အမင်းယားယံခြင်း၊ ပူခြင်းများရှိပါက မိန်းမကိုယ်ရောင်ရမ်းနေတာဖြစ်လို့ ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။
●  မိန်းမကိုယ်ရောင်ရမ်းခြင်းဟာ လိင်ကတစ်ဆင့် ကူးစက်သောရောဂါများကြောင့် ဖြစ်နိုင်ပြီး မှိုစွဲခြင်းနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
●  လိင်ကတစ်ဆင့် ကူးစက်သောရောဂါများအတွက် အမြန်ဆုံးကုသမှုခံယူဖို့ လိုပါတယ်။ မဟုတ်ရင် ဆိုးကျိုးများဖြစ်စေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုပါက ကလေးစောမွေးခြင်း၊ ပေါင်မပြည့်သောကလေးများ မွေးခြင်းတို့ကို ဖြစ်စေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

pH Care 2

(Zawgyi)

အမ်ိဳးသမီးမ်ားအတြက္ မိန္းမကိုယ္ဟာ အထူးဂ႐ုျပဳရမယ့္ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ တစ္ကိုယ္ရည္သန႔္ရွင္းေရးကို အေလးထားျခင္းျဖင့္ မိန္းမကိုယ္က်န္းမာေရးကို ဂ႐ုျပဳသင့္ပါတယ္။

>>  ေဆာင္ရန္ / ေရွာင္ရန္မ်ား
1.  မိန္းမကိုယ္ကို အၿမဲေျခာက္ေသြ႕ေအာင္ထားပါ။ ခ်ည္သားအတြင္းခံမ်ားကိုသာ ဝတ္ဆင္ပါ။ ပြပြေခ်ာင္ေခ်ာင္ေဘာင္းဘီမ်ားကိုသာ ဝတ္ဆင္သင့္ပါတယ္။
2.  မိန္းမကိုယ္တစ္ဝိုက္ကို ေဆးေၾကာတဲ့အခါ မိန္းမကိုယ္သန႔္စင္ေဆးရည္နဲ႔ ေဆးေၾကာေပးသင့္ပါတယ္။ ေဆးၿပီးတိုင္းမွာလည္း မိန္းမကိုယ္ကို ေျခာက္ေသြ႕ေအာင္ သုတ္ေပးပါ။
3.  ေမြးလမ္းေၾကာင္းအတြင္းထဲ (သို႔) မိန္းမကိုယ္အတြင္းထဲထိ ဆပ္ျပာျပင္းျပင္းမ်ားကို အသုံးျပဳၿပီး ေဆးေၾကာျခင္း မျပဳလုပ္သင့္ပါ။ ဒီလိုျပဳလုပ္ျခင္းျဖင့္ မိန္းမကိုယ္ရွိ သဘာ၀ pH ကို ပ်က္ျပားေစတဲ့အျပင္ ပိုးဝင္ျခင္းျဖစ္ေစဖို႔ ပိုအားေပးပါတယ္။
4.  မိန္းမကိုယ္ကို ေဆးေၾကာတာမ်ိဳး၊ တစ္ရႉးနဲ႔ သုတ္တာမ်ိဳး ျပဳလုပ္တဲ့အခါ မိန္းမကိုယ္ကေန စအိုဘက္ကို သုတ္ေပးမွသာ မိန္းမကိုယ္တြင္းသို႔ ပိုးဝင္ျခင္းကို ကာကြယ္ႏိုင္ပါလိမ့္မယ္။

>>  မိန္းမကိုယ္ကို က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ဘာေတြသိထားဖို႔လိုေသးလဲ?
●  မိန္းမကိုယ္က်န္းမာေစဖို႔အတြက္ အက်ိဴးျပဳဘက္တီးရီးယားမ်ားစြာက ကူညီေပးပါတယ္။ ေကာင္းက်ိဴးျပဳဘက္တီးရီးယားေတြဆိုတာက မိန္းမကိုယ္ကို အက္ဆစ္ဓာတ္ ပိုမိုရရွိေအာင္ လုပ္ေဆာင္ေပးပါတယ္။ ဒီလိုအက္ဆစ္ဓာတ္ရွိျခင္းက ဆိုးက်ိဳးျဖစ္ေစတဲ့ ဘတ္တီးရီးယားေတြ ေပါက္ဖြားျခင္းကို ကာကြယ္ေပးထားပါတယ္။
●  ဒီလို ေကာင္းက်ိဴးျပဳဘက္တီးရီးယားေတြကို နည္းပါးေစၿပီး မိန္းမကိုယ္ရွိ pH ကို ပ်က္ျပားေစတဲ့အရာေတြကေတာ့ ပိုးသတ္ေဆးမ်ားေသာက္ျခင္း၊ မိန္းမကိုယ္အတြင္းထဲထိ ဆပ္ျပာအျပင္းမ်ားျဖင့္ ေဆးေၾကာျခင္း၊ က်ပ္ေသာအတြင္းခံနဲ႔ ေဘာင္းဘီမ်ားဝတ္ျခင္း၊ မိန္းမကိုယ္အတြင္းသို႔ ေခ်ာဆီမ်ား၊ ခရင္မ္မ်ားထည့္ျခင္းနဲ႔ ကိုယ္ဝန္ရွိျခင္းတို႔ ျဖစ္ပါတယ္။
●  မိန္းမကိုယ္ရွိ pH မွ်ေျခမမွန္ျခင္းကို ျပသေနတဲ့ လကၡဏာကေတာ့ မိန္းမကိုယ္မွ အျဖဴဆင္းျခင္းနဲ႔ အနံ႔ဆိုးေသာ အရည္မ်ားဆင္းျခင္းတို႔ ျဖစ္ပါတယ္။ တစ္ခါတေလမွာ မီးခိုးေရာင္၊ အစိမ္းေရာင္နဲ႔ အျဖဴေရာင္ပ်စ္ပ်စ္မ်ားလည္း ဆင္းတတ္ပါတယ္။
●  ဒါ့အျပင္ မိန္းမကိုယ္ေဖာင္းျခင္း၊ ကာလရွည္ အလြန္အမင္းယားယံျခင္း၊ ပူျခင္းမ်ားရွိပါက မိန္းမကိုယ္ေရာင္ရမ္းေနတာျဖစ္လို႔ ေဆးကုသမႈခံယူရမွာ ျဖစ္ပါတယ္။
●  မိန္းမကိုယ္ေရာင္ရမ္းျခင္းဟာ လိင္ကတစ္ဆင့္ ကူးစက္ေသာေရာဂါမ်ားေၾကာင့္ ျဖစ္ႏိုင္ၿပီး မႈိစြဲျခင္းနဲ႔ ဘက္တီးရီးယားပိုးဝင္ျခင္းမ်ားေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
●  လိင္ကတစ္ဆင့္ ကူးစက္ေသာေရာဂါမ်ားအတြက္ အျမန္ဆုံးကုသမႈခံယူဖို႔ လိုပါတယ္။ မဟုတ္ရင္ ဆိုးက်ိဳးမ်ားျဖစ္ေစၿပီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဆိုပါက ကေလးေစာေမြးျခင္း၊ ေပါင္မျပည့္ေသာကေလးမ်ား ေမြးျခင္းတို႔ကို ျဖစ္ေစပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)