/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးချိန်မှာ-စိတ်ကျနေရင်

သွေးဆုံးချိန်မှာ စိတ်ကျနေရင် ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သွေးဆုံးချိန်ကာလသို့ ရောက်ရှိလာတာနဲ့ တစ်ပြိုင်နက် အမျိုးသမီးအများစုဟာ ဟော်မုန်းများ ပြောင်းလဲခြင်းအပြင် စိတ်ဖိစီးမှု၊ ကိုယ်ခန္ဓာပိုင်းပြောင်းလဲမှု၊ လိင်စွမ်းဆောင်ရည်ကျဆင်းမှု၊ မျိုးမအောင်ခြင်း၊ အသက်ကြီးလာခြင်းတို့ကြောင့် စိတ်မှာ ဖိအားများစွာ သက်ရောက်လာတတ်ကြပါတယ်။ ထိုသို့သက်ရောက်ရာကနေ စိတ်အတက်အကျမြန်ခြင်း ဖြစ်ပေါ်ပြီး ဆိုးရွားပါက စိတ်ကျရောဂါတောင် ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် စိတ်သောကများကို စတင်ခံစားနေရပြီဆိုပါက ဖြစ်စေသော အကြောင်းရင်းနဲ့ စိတ်ဆင်းရဲမှု အတိုင်းအတာကိုသိရှိဖို့ အလွန်အရေးကြီးပါတယ်။

>>  ဘယ်လိုဖြေရှင်းမလဲ?
သာမန်နဲ့အလယ်အလတ် စိတ်ကျခြင်းအတွက် အမေရိကန်နိုင်ငံရှိ စိတ်ကျန်းမာရေးအဖွဲ့က အောက်ပါအချက်တွေကို ကြိုးစားပြုလုပ်ဖို့ လမ်းညွှန်ထားပါတယ်။
●  တာဝန်ကြီးများကို တာဝန်ငယ်လေးများဖြစ်အောင် ခွဲခြမ်းကြည့်ပါ။ အရေးကြီးတဲ့တာဝန်များကို ဦးစားပေးဆောင်ရွက်ကြည့်ပါ သို့မဟုတ် လုပ်နိုင်သလောက်သာ လုပ်ပါ။
●  ကိုယ်လက်လှုပ်ရှားခြင်း၊ ရုပ်ရှင်သွားကြည့်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်း၊ ဘာသာရေးနဲ့ လူမှုရေးပွဲများတွင် ဆင်နွှဲခြင်း၊ စိတ်အပန်းပြေမယ့် ဆောင်ရွက်မှုများပြုလုပ်ခြင်း စသည်ဖြင့် မိမိကို စိတ်ပျော်စေမယ့် လှုပ်ရှားမှုများကို ဆောင်ရွက်ကြည့်ပါ။
●  အချိန်ပေးပါ။ ကိုယ့်စိတ်အခြေအနေကို တဖြည်းဖြည်း တိုးတက်မှုရှိစေပါ။ ချက်ချင်းကြီး ပြန်ကောင်းဖို့ မကြိုးစားပါနဲ့။ အချိန်ယူပါစေ။

Menopace with Calcium 1

●  စိတ်ကျတာ မသက်သာသေးခင် အရေးကြီးဆုံးဖြတ်ချက်များ မပြုလုပ်ပါနဲ့ဦး။ အလုပ်ထွက်ခြင်း၊ လက်ထပ်ခြင်း၊ ကွာရှင်းခြင်းစတဲ့ ဘဝရဲ့အရေးကြီးသော ပြောင်းလဲမှုတွေကို မပြုလုပ်မီ မိမိကို ကောင်းစွာနားလည်ပြီး အခြေအနေ အစအဆုံးကို သိသူများနဲ့ တိုင်ပင်ပါ။
●  သွေးမဆုံးခင်အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ စိတ်အတက်အကျမြန်ခြင်းကိုတော့ သားဖွားမီးယပ်အထူးကုနဲ့ တိုင်ပင်ပြီး ဟော်မုန်းပါဝင်သောဆေးကို ပမာဏအနည်းငယ် သောက်သုံးဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
ဆိုးရွားတဲ့ စိတ်ကျရောဂါရှိသူတွေအတွက်တော့ စိတ်ရောဂါဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ဆေးကုသမှုခံယူခြင်းဖြင့် ပြန်လည်ကောင်းမွန်အောင် ကြိုးစားသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Menopace with Calcium 2

(Zawgyi)

ေသြးဆုံးခ်ိန္ကာလသို႔ ေရာက္ရွိလာတာနဲ႔ တစ္ၿပိဳင္နက္ အမ်ိဳးသမီးအမ်ားစုဟာ ေဟာ္မုန္းမ်ား ေျပာင္းလဲျခင္းအျပင္ စိတ္ဖိစီးမႈ၊ ကိုယ္ခႏၶာပိုင္းေျပာင္းလဲမႈ၊ လိင္စြမ္းေဆာင္ရည္က်ဆင္းမႈ၊ မ်ိဳးမေအာင္ျခင္း၊ အသက္ႀကီးလာျခင္းတို႔ေၾကာင့္ စိတ္မွာ ဖိအားမ်ားစြာ သက္ေရာက္လာတတ္ၾကပါတယ္။ ထိုသို႔သက္ေရာက္ရာကေန စိတ္အတက္အက်ျမန္ျခင္း ျဖစ္ေပၚၿပီး ဆိုးရြားပါက စိတ္က်ေရာဂါေတာင္ ခံစားရတတ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ေသာကမ်ားကို စတင္ခံစားေနရၿပီဆိုပါက ျဖစ္ေစေသာ အေၾကာင္းရင္းနဲ႔ စိတ္ဆင္းရဲမႈ အတိုင္းအတာကိုသိရွိဖို႔ အလြန္အေရးႀကီးပါတယ္။

>>  ဘယ္လိုေျဖရွင္းမလဲ?
သာမန္နဲ႔အလယ္အလတ္ စိတ္က်ျခင္းအတြက္ အေမရိကန္ႏိုင္ငံရွိ စိတ္က်န္းမာေရးအဖြဲ႕က ေအာက္ပါအခ်က္ေတြကို ႀကိဳးစားျပဳလုပ္ဖို႔ လမ္းၫႊန္ထားပါတယ္။
●  တာဝန္ႀကီးမ်ားကို တာဝန္ငယ္ေလးမ်ားျဖစ္ေအာင္ ခြဲျခမ္းၾကည့္ပါ။ အေရးႀကီးတဲ့တာဝန္မ်ားကို ဦးစားေပးေဆာင္ရြက္ၾကည့္ပါ သို႔မဟုတ္ လုပ္ႏိုင္သေလာက္သာ လုပ္ပါ။
●  ကိုယ္လက္လႈပ္ရွားျခင္း၊ ႐ုပ္ရွင္သြားၾကည့္ျခင္း၊ ေဘာလုံးပြဲၾကည့္ျခင္း၊ ဘာသာေရးနဲ႔ လူမႈေရးပြဲမ်ားတြင္ ဆင္ႏႊဲျခင္း၊ စိတ္အပန္းေျပမယ့္ ေဆာင္ရြက္မႈမ်ားျပဳလုပ္ျခင္း စသည္ျဖင့္ မိမိကို စိတ္ေပ်ာ္ေစမယ့္ လႈပ္ရွားမႈမ်ားကို ေဆာင္ရြက္ၾကည့္ပါ။
●  အခ်ိန္ေပးပါ။ ကိုယ့္စိတ္အေျခအေနကို တျဖည္းျဖည္း တိုးတက္မႈရွိေစပါ။ ခ်က္ခ်င္းႀကီး ျပန္ေကာင္းဖို႔ မႀကိဳးစားပါနဲ႔။ အခ်ိန္ယူပါေစ။
●  စိတ္က်တာ မသက္သာေသးခင္ အေရးႀကီးဆုံးျဖတ္ခ်က္မ်ား မျပဳလုပ္ပါနဲ႔ဦး။ အလုပ္ထြက္ျခင္း၊ လက္ထပ္ျခင္း၊ ကြာရွင္းျခင္းစတဲ့ ဘဝရဲ႕အေရးႀကီးေသာ ေျပာင္းလဲမႈေတြကို မျပဳလုပ္မီ မိမိကို ေကာင္းစြာနားလည္ၿပီး အေျခအေန အစအဆုံးကို သိသူမ်ားနဲ႔ တိုင္ပင္ပါ။
●  ေသြးမဆုံးခင္အမ်ိဳးသမီးေတြ ျဖစ္ေလ့ရွိတဲ့ စိတ္အတက္အက်ျမန္ျခင္းကိုေတာ့ သားဖြားမီးယပ္အထူးကုနဲ႔ တိုင္ပင္ၿပီး ေဟာ္မုန္းပါဝင္ေသာေဆးကို ပမာဏအနည္းငယ္ ေသာက္သုံးဖို႔ ပညာရွင္မ်ား အႀကံျပဳထားပါတယ္။
ဆိုးရြားတဲ့ စိတ္က်ေရာဂါရွိသူေတြအတြက္ေတာ့ စိတ္ေရာဂါဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးကာ ေဆးကုသမႈခံယူျခင္းျဖင့္ ျပန္လည္ေကာင္းမြန္ေအာင္ ႀကိဳးစားသင့္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)