/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးကိုင်ဝေဒနာတွေကို-သက်သာစေမယ့်-လေ့ကျင့်ခန်းများ

သွေးဆုံးကိုင်ဝေဒနာတွေကို သက်သာစေမယ့် လေ့ကျင့်ခန်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးများအနေနဲ့ သက်လတ်ပိုင်းကို ကျော်လွန်လာတာနဲ့အမျှ သွေးဆုံးခြင်းကာလကို မဖြစ်မနေ ရင်ဆိုင်လာရပါတယ်။ သွေးဆုံးခြင်း စတင်တာနဲ့အမျှ သွေးဆုံးကိုင်ခြင်းဝေဒနာကို အနည်းနဲ့အများ ခံစားကြရတတ်ပါတယ်။ သွေးဆုံးကိုင်ခြင်းကြောင့် ခံစားရသောဝေဒနာများကို ရိုးရှင်းလွယ်ကူစွာ သက်သာစေမယ့် နည်းလမ်းတစ်ခုကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သွေးဆုံးချိန်မှာ ဘယ်လိုလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  အကြောဆန့်ခြင်း
အကြောဆန့်ခြင်းဟာ သွေးဆုံးကိုင်ဝေဒနာများအတွက် အလွန်အကျိုးရှိသော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အလွယ်ဆုံးနည်းအနေနဲ့ ကြမ်းပြင်ပေါ်တွင် ခါးမတ်ပြီး ထိုင်ပါ။ ခြေနှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းထားပါ။ ညာဘက်ဒူးကိုကွေးပြီး ညာခြေမဖြင့် ဘယ်ဘက်ပေါင်ရင်းကို ထိပါ။ ထိုအနေအထားကို ၁ မိနစ်ခန့် ထိန်းထားပါ။ ထို့နောက် ဘယ်ညာပြောင်းလုပ်ပါ။
တစ်နေ့ကို ၁၀ မိနစ်ခန့် အကြောဆန့်ခြင်းဖြင့် သွေးဆုံးချိန်တွင်ဖြစ်သော ဝေဒနာများကို သက်သာစေပြီး စိတ်ပျော်ရွှင်မှုရစေနိုင်ပါတယ်။

(၂)  ကခုန်ခြင်း
ပြင်းထန်သော လေ့ကျင့်ခန်းများကို မပြုလုပ်ချင်တဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ အကသင်တန်းမှာ သင်ကြိုက်နှစ်သက်ရာ Salsa, Jazz, Latin အကများအပြင် အေရိုးဗစ်ကစားနည်းများကို ကစားသင့်ပါတယ်။

Menopace 1

(၃)  ယောဂကစားခြင်းနှင့် တရားထိုင်ခြင်း
တရားထိုင်ခြင်း သို့မဟုတ် ယောဂကစားခြင်းဖြင့် စိုးရိမ်ပူပန်မှုနဲ့ သွေးဆုံးချိန်တွင်ဖြစ်သော စိတ်မကြည်လင်မှုများကို လျော့ကျစေနိုင်ပါတယ်။ ထို့ပြင် မျက်နှာနီမြန်းခြင်း၊ ညအိပ်မပျော်ခြင်း၊ နုံးခြင်းစသော သွေးဆုံးကိုင်ဝေဒနာများကိုပါ သက်သာစေပါလိမ့်မယ်။

(၄)  အခြားသော ကိုယ်လက်လှုပ်ရှားမှုများ
လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်းစသည့် နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့်လည်း ကျန်းမာကြံ့ခိုင်စေပြီး သွေးဆုံးကိုင်ဝေဒနာများကို လျော့ပါးစေမှာဖြစ်ပါတယ်။
အထက်ပါ လေ့ကျင့်ခန်းများအပြင် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရပြည့်ဝသော အစားအစာများစားခြင်းတို့ကိုပါ ပြုလုပ်ခြင်းဖြင့် ကြံ့ခိုင်သန်မာသော သွေးဆုံးချိန်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Menopace 2

(Zawgyi)

အမ်ိဳးသမီးမ်ားအေနနဲ႔ သက္လတ္ပိုင္းကို ေက်ာ္လြန္လာတာနဲ႔အမွ် ေသြးဆုံးျခင္းကာလကို မျဖစ္မေန ရင္ဆိုင္လာရပါတယ္။ ေသြးဆုံးျခင္း စတင္တာနဲ႔အမွ် ေသြးဆုံးကိုင္ျခင္းေဝဒနာကို အနည္းနဲ႔အမ်ား ခံစားၾကရတတ္ပါတယ္။ ေသြးဆုံးကိုင္ျခင္းေၾကာင့္ ခံစားရေသာေဝဒနာမ်ားကို ႐ိုးရွင္းလြယ္ကူစြာ သက္သာေစမယ့္ နည္းလမ္းတစ္ခုကေတာ့ ေလ့က်င့္ခန္းျပဳလုပ္ျခင္းပဲ ျဖစ္ပါတယ္။ ဒါဆိုရင္ ေသြးဆုံးခ်ိန္မွာ ဘယ္လိုေလ့က်င့္ခန္းေတြကို ျပဳလုပ္သင့္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁)  အေၾကာဆန႔္ျခင္း
အေၾကာဆန႔္ျခင္းဟာ ေသြးဆုံးကိုင္ေဝဒနာမ်ားအတြက္ အလြန္အက်ိဳးရွိေသာ ေလ့က်င့္ခန္းတစ္ခု ျဖစ္ပါတယ္။ အလြယ္ဆုံးနည္းအေနနဲ႔ ၾကမ္းျပင္ေပၚတြင္ ခါးမတ္ၿပီး ထိုင္ပါ။ ေျခႏွစ္ဖက္ကို ေရွ႕သို႔ ဆန႔္တန္းထားပါ။ ညာဘက္ဒူးကိုေကြးၿပီး ညာေျခမျဖင့္ ဘယ္ဘက္ေပါင္ရင္းကို ထိပါ။ ထိုအေနအထားကို ၁ မိနစ္ခန႔္ ထိန္းထားပါ။ ထို႔ေနာက္ ဘယ္ညာေျပာင္းလုပ္ပါ။
တစ္ေန႔ကို ၁၀ မိနစ္ခန႔္ အေၾကာဆန႔္ျခင္းျဖင့္ ေသြးဆုံးခ်ိန္တြင္ျဖစ္ေသာ ေဝဒနာမ်ားကို သက္သာေစၿပီး စိတ္ေပ်ာ္ရႊင္မႈရေစႏိုင္ပါတယ္။

(၂)  ကခုန္ျခင္း
ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ားကို မျပဳလုပ္ခ်င္တဲ့သူေတြမ်ားရွိလား။ ဒါဆိုရင္ေတာ့ အကသင္တန္းမွာ သင္ႀကိဳက္ႏွစ္သက္ရာ Salsa, Jazz, Latin အကမ်ားအျပင္ ေအ႐ိုးဗစ္ကစားနည္းမ်ားကို ကစားသင့္ပါတယ္။

(၃)  ေယာဂကစားျခင္းႏွင့္ တရားထိုင္ျခင္း
တရားထိုင္ျခင္း သို႔မဟုတ္ ေယာဂကစားျခင္းျဖင့္ စိုးရိမ္ပူပန္မႈနဲ႔ ေသြးဆုံးခ်ိန္တြင္ျဖစ္ေသာ စိတ္မၾကည္လင္မႈမ်ားကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ထို႔ျပင္ မ်က္ႏွာနီျမန္းျခင္း၊ ညအိပ္မေပ်ာ္ျခင္း၊ ႏုံးျခင္းစေသာ ေသြးဆုံးကိုင္ေဝဒနာမ်ားကိုပါ သက္သာေစပါလိမ့္မယ္။

(၄)  အျခားေသာ ကိုယ္လက္လႈပ္ရွားမႈမ်ား
လမ္းေလွ်ာက္ျခင္း၊ ေရကူးျခင္း၊ ႐ြ႐ြေျပးျခင္း၊ စက္ဘီးစီးျခင္းစသည့္ ႏွစ္သက္ရာ ကိုယ္လက္လႈပ္ရွားမႈမ်ားကို ျပဳလုပ္ျခင္းျဖင့္လည္း က်န္းမာႀကံ့ခိုင္ေစၿပီး ေသြးဆုံးကိုင္ေဝဒနာမ်ားကို ေလ်ာ့ပါးေစမွာျဖစ္ပါတယ္။
အထက္ပါ ေလ့က်င့္ခန္းမ်ားအျပင္ အိပ္ေရးဝဝအိပ္ျခင္း၊ အာဟာရျပည့္ဝေသာ အစားအစာမ်ားစားျခင္းတို႔ကိုပါ ျပဳလုပ္ျခင္းျဖင့္ ႀကံ့ခိုင္သန္မာေသာ ေသြးဆုံးခ်ိန္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ေၾကာင္း အႀကံျပဳတင္ျပလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)