/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သင်-ရာသီလာတာ-ရက်ကြာနေလား၊-ဒီဆောင်းပါးလေးကို-ဖတ်ကြည့်ပါ

သင် ရာသီလာတာ ရက်ကြာနေလား၊ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေအနေနှင့် ရာသီလုံး၀ မလာရင်လည်း ပူပန်ရသလို ပုံမှန်ထက်ပိုပြီး ရက်ကြာကြာလာရင်လည်း တစ်မျိုးစိုးရိမ်ရလေ့ ရှိပါတယ်။
ပုံမှန်ရာသီစက်ဝန်းဟာ ၅ ရက်ကနေ ၇ ရက်လောက်ထိ ကြာမြင့်နိုင်ပါတယ်။
၇ ရက်ထက်ပိုပြီး ရာသီသွေးဆင်းနေပါက အောက်ပါအချက်တွေကို စစ်ဆေးသင့်ပါတယ်။

၁။ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း (IUD) ကို အသုံးပြုနေခြင်း
(IUD) ထည့်ထားသော အမျိုးသမီးတွေအနေနှင့် စထည့်ပြီးပြီးခြင်းမှာ ရက်ရှည်သွေးဆင်းတတ်ပါတယ်။

၂။ တားဆေးကတ် သောက်နေခြင်း
တားဆေးများတွင် ဟိုမုန်းများပါဝင်ခြင်းကြောင့် ရာသီလာတဲ့ရက် ကြာရှည်တတ်ပါတယ်။

၃။ ကိုယ်ဝန် ပျက်ကျခြင်း
ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာ ကိုယ်ဝန်ပျက်ကျပါက ရာသီသွေးဆင်းများခြင်း သို့မဟုတ် ရက်ကြာကြာဆင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

၄။ သိုင်းရွိုက်ဟိုမုန်းနည်းခြင်း
သိုင်းရွိုက်ဟိုမုန်းနည်းပါးသူများအနေနှင့် ရာသီကြာကြာလာခြင်း၊ ဝိတ်တက်ခြင်း၊ နွမ်းနယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

၅။ သွေးရောဂါရှိခြင်း
သွေးမတိတ်သောရောဂါ ရှိသူများအနေနှင့် ရာသီလာရင် ရက်ကြာကြာလာတာမျိုး ကြုံတွေ့ရပါတယ်။

၆။ သားအိမ်ခေါင်းကင်ဆာ
လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ရာသီစက်ဝန်းကြား သွေးဆင်းခြင်းတို့ ဖြစ်ပါက သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးသင့်ပါတယ်။

၇။ သွေးဆုံးခါနီးကာလ
အသက် ၅၀ ဝန်းကျင် အမျိုးသမီးများအနေနှင့် သွေးဆုံးခါနီးအချိန်မှာ ပုံမှန်ထက်ပိုပြီး ရက်ကြာကြာသွေးဆင်းလေ့ ရှိပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)