/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီလာစဉ်-မသန့်ရှင်းရင်-ဘာတွေဖြစ်နိုင်သလဲ

ရာသီလာစဉ် မသန့်ရှင်းရင် ဘာတွေဖြစ်နိုင်သလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အလွန်နုနယ်ပြီး သန့်ရှင်းအောင်ထားဖို့ လိုအပ်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မိန်းမကိုယ် မသန့်ရှင်းပါက နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်လာတတ်ပါတယ်။
အမျိုးသမီးတိုင်း မဟုတ်သော်လည်း အမျိုးသမီးအများစုဟာ ရာသီလာစဉ်မှာ မိန်းမကိုယ်ကို ကောင်းစွာ သန့်ရှင်းရေးလုပ်ကြခြင်း မရှိတတ်ကြပါဘူး။ ဒီလို သန့်ရှင်းရေးအားနည်းခြင်းဟာ မိန်းမကိုယ်အတွင်းသို့ ရောဂါပိုးတွေ ဝင်ရောက်စေဖို့ အခွင့်အလမ်းပေးရာရောက်ပြီး အောက်ပါရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

>>  ဆီးလမ်းကြောင်းနှင့်မျိုးပွားလမ်းကြောင်း ပိုးဝင်ခြင်းများ
●  မိန်းမကိုယ်သန့်ရှင်းမှု မရှိဘူးဆိုရင်တော့ ပိုးဝင်ခြင်းများစွာကို လက်ယပ်ခေါ်နေသလိုဖြစ်မှာ အသေအချာပါပဲ။
●  အိန္ဒိယနိုင်ငံက လေ့လာချက်တစ်ခုအရ ရာသီလာသော အမျိုးသမီးများအနေနှင့် အတွင်းခံဘောင်းဘီမှာ ကပ်ပြီးအသုံးပြုရတဲ့ ကပ်ခွာအမျိုးအစား Pad တွေကိုမသုံးဘဲ အခြားပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် ဆီးလမ်းကြောင်းနှင့် မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ခြင်းဖြစ်စေဖို့ ပိုအလားအလာများတယ်လို့ သိရပါတယ်။
●  နောက်ဆက်တွဲအနေနှင့် သွေးကြောများတွင်းသို့ပါ ပိုးများပျံ့နှံ့ပြီး ဆိုးကျိုးများစွာ ဖြစ်ပေါ်စေတတ်ပါတယ်။

>>  မှိုပိုးဝင်ခြင်း
●  ရာသီလာစဉ်သုံးသော Pad များကို အသစ်လဲတဲ့အခါတိုင်းမှာ လက်ကို စင်ကြယ်အောင်ဆေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ Pad တိုင်းကလည်း သန့်ရှင်းဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ မှိုပိုးအပြင် အသည်းရောင် အသားဝါဘီပိုးတွေတောင် ကူးစက်နိုင်ဖွယ် ရှိပါတယ်။

>>  အသည်းရောင် အသားဝါဘီပိုးဝင်ခြင်း
●  အားလုံးသိကြတဲ့အတိုင်း အသည်းရောင် အသားဝါဘီပိုးဟာ ကိုယ်ခန္ဓာကထွက်တဲ့ အရည်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒီအရည်တွေထဲမှာ ရာသီသွေးလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် Pad များကို အသစ်မလဲခင်နှင့် လဲပြီးတိုင်းမှာ လက်ကိုဆပ်ပြာဖြင့် သေချာဆေးကြောဖို့ အရေးကြီးပါတယ်။ ဒီလိုဆေးခြင်းဖြင့် HIV နှင့် အခြားလိင်ကတဆင့် ကူးစက်သောရောဂါများကိုပါ ကာကွယ်နိုင်မှာပါ။

pH Care 1

>>  ဆီးလမ်းကြောင်းပိုးဝင်ခြင်း
●  ရာသီလာနေစဉ်မှာ မိန်းမကိုယ်သန့်ရှင်းရေးကို အလေးမထားသောကြောင့် ဖြစ်လေ့ရှိသောရောဂါများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းလည်း  တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင် ဆီးပူ၊ ဆီးကျင်ပြီး ဆီးသွားရခက်တာ၊ သွေးပါတာအထိပါ ဖြစ်စေနိုင်ပါတယ်။

>>  သားအိမ်ခေါင်းကင်ဆာ
●  ရာသီလာစဉ်မှာ မိန်းမကိုယ်သန့်ရှင်းရေးကို အလေးမထားခြင်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်ခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။
●  သားအိမ်ခေါင်းကင်ဆာဟာ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်သော ကင်ဆာရောဂါဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ အမျိုးသမီးများအနေနှင့် ရာသီလာနေစဉ်မှာ မိန်းမကိုယ်ကို သာမန်အချိန်ထက်ပိုပြီး သန့်ရှင်းအောင်ထားဖို့ အရေးကြီးတယ်ဆိုတာ သိကြပြီထင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်း၊ သန့်ရှင်းသော Pad များနှင့် အောက်ခံဘောင်းဘီကို အသုံးပြုခြင်း၊ Pad များကို မလဲခင်နှင့်လဲပြီးနောက် လက်ဆေးခြင်းတို့ကို လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

pH Care 2

(Zawgyi)

အမ်ိဳးသမီးေတြရဲ႕ မိန္းမကိုယ္ဟာ အလြန္ႏုနယ္ၿပီး သန႔္ရွင္းေအာင္ထားဖို႔ လိုအပ္တဲ့ ကိုယ္ခႏၶာ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ မိန္းမကိုယ္ မသန႔္ရွင္းပါက ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚလာတတ္ပါတယ္။
အမ်ိဳးသမီးတိုင္း မဟုတ္ေသာ္လည္း အမ်ိဳးသမီးအမ်ားစုဟာ ရာသီလာစဥ္မွာ မိန္းမကိုယ္ကို ေကာင္းစြာ သန႔္ရွင္းေရးလုပ္ၾကျခင္း မရွိတတ္ၾကပါဘူး။ ဒီလို သန႔္ရွင္းေရးအားနည္းျခင္းဟာ မိန္းမကိုယ္အတြင္းသို႔ ေရာဂါပိုးေတြ ဝင္ေရာက္ေစဖို႔ အခြင့္အလမ္းေပးရာေရာက္ၿပီး ေအာက္ပါေရာဂါေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။

>>  ဆီးလမ္းေၾကာင္းႏွင့္မ်ိဳးပြားလမ္းေၾကာင္း ပိုးဝင္ျခင္းမ်ား
●  မိန္းမကိုယ္သန႔္ရွင္းမႈ မရွိဘူးဆိုရင္ေတာ့ ပိုးဝင္ျခင္းမ်ားစြာကို လက္ယပ္ေခၚေနသလိုျဖစ္မွာ အေသအခ်ာပါပဲ။
●  အိႏၵိိယႏိုင္ငံက ေလ့လာခ်က္တစ္ခုအရ ရာသီလာေသာ အမ်ိဳးသမီးမ်ားအေနႏွင့္ အတြင္းခံေဘာင္းဘီမွာ ကပ္ၿပီးအသုံးျပဳရတဲ့ ကပ္ခြာအမ်ိဳးအစား Pad ေတြကိုမသုံးဘဲ အျခားပစၥည္းေတြကို အသုံးျပဳမယ္ဆိုရင္ ဆီးလမ္းေၾကာင္းႏွင့္ မိန္းမကိုယ္လမ္းေၾကာင္း ပိုးဝင္ျခင္းျဖစ္ေစဖို႔ ပိုအလားအလာမ်ားတယ္လို႔ သိရပါတယ္။
●  ေနာက္ဆက္တြဲအေနႏွင့္ ေသြးေၾကာမ်ားတြင္းသို႔ပါ ပိုးမ်ားပ်ံ႕ႏွံ႔ၿပီး ဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚေစတတ္ပါတယ္။

>>  မႈိပိုးဝင္ျခင္း
●  ရာသီလာစဥ္သုံးေသာ Pad မ်ားကို အသစ္လဲတဲ့အခါတိုင္းမွာ လက္ကို စင္ၾကယ္ေအာင္ေဆးဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ အသုံးျပဳတဲ့ Pad တိုင္းကလည္း သန႔္ရွင္းဖို႔ လိုပါတယ္။ ဒီလိုမဟုတ္ရင္ေတာ့ မႈိပိုးအျပင္ အသည္းေရာင္ အသားဝါဘီပိုးေတြေတာင္ ကူးစက္ႏိုင္ဖြယ္ ရွိပါတယ္။

>>  အသည္းေရာင္ အသားဝါဘီပိုးဝင္ျခင္း
●  အားလုံးသိၾကတဲ့အတိုင္း အသည္းေရာင္ အသားဝါဘီပိုးဟာ ကိုယ္ခႏၶာကထြက္တဲ့ အရည္ေတြကေနတစ္ဆင့္ ကူးစက္ႏိုင္ပါတယ္။ ဒီအရည္ေတြထဲမွာ ရာသီေသြးလည္း အပါအဝင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ Pad မ်ားကို အသစ္မလဲခင္ႏွင့္ လဲၿပီးတိုင္းမွာ လက္ကိုဆပ္ျပာျဖင့္ ေသခ်ာေဆးေၾကာဖို႔ အေရးႀကီးပါတယ္။ ဒီလိုေဆးျခင္းျဖင့္ HIV ႏွင့္ အျခားလိင္ကတဆင့္ ကူးစက္ေသာေရာဂါမ်ားကိုပါ ကာကြယ္ႏိုင္မွာပါ။

>>  ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း
●  ရာသီလာေနစဥ္မွာ မိန္းမကိုယ္သန႔္ရွင္းေရးကို အေလးမထားေသာေၾကာင့္ ျဖစ္ေလ့ရွိေသာေရာဂါမ်ားတြင္ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းလည္း  တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္ရင္ ဆီးပူ၊ ဆီးက်င္ၿပီး ဆီးသြားရခက္တာ၊ ေသြးပါတာအထိပါ ျဖစ္ေစႏိုင္ပါတယ္။

>>  သားအိမ္ေခါင္းကင္ဆာ
●  ရာသီလာစဥ္မွာ မိန္းမကိုယ္သန႔္ရွင္းေရးကို အေလးမထားျခင္းဟာ သားအိမ္ေခါင္းကင္ဆာျဖစ္ျခင္းႏွင့္လည္း ဆက္စပ္ေနပါတယ္။
●  သားအိမ္ေခါင္းကင္ဆာဟာ HPV လို႔ေခၚတဲ့ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ေပၚေသာ ကင္ဆာေရာဂါျဖစ္ပါတယ္။
ဒီေလာက္ဆိုရင္ေတာ့ အမ်ိဳးသမီးမ်ားအေနႏွင့္ ရာသီလာေနစဥ္မွာ မိန္းမကိုယ္ကို သာမန္အခ်ိန္ထက္ပိုၿပီး သန႔္ရွင္းေအာင္ထားဖို႔ အေရးႀကီးတယ္ဆိုတာ သိၾကၿပီထင္ပါတယ္။ ဒါေၾကာင့္ မိန္းမကိုယ္ကို ပုံမွန္သန႔္ရွင္းေရးလုပ္ေပးျခင္း၊ သန႔္ရွင္းေသာ Pad မ်ားႏွင့္ ေအာက္ခံေဘာင္းဘီကို အသုံးျပဳျခင္း၊ Pad မ်ားကို မလဲခင္ႏွင့္လဲၿပီးေနာက္ လက္ေဆးျခင္းတို႔ကို လိုက္နာၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)