/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဆယ်ကျော်သက်မိန်းကလေးတွေဟာ-သွေးလှူပြီးရင်-သွေးအားနည်းနိုင်ခြေ

ဆယ်ကျော်သက်မိန်းကလေးတွေဟာ သွေးလှူပြီးရင် သွေးအားနည်းနိုင်ခြေ များပါတယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဂျွန်ဟော့ကင်း (Johns Hopkins) သုတေသီတွေရဲ့ မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ အရွယ်ရောက်ကာစ မိန်းကလေးသွေးလှူရှင်တွေက သံဓာတ်အားနည်းပြီးတော့ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများတယ်လို့ တွေ့ရှိရပါတယ်။ လေ့လာမှုအရကတော့ အသက်ငယ်တာ အမျိုးသမီးဖြစ်တာနဲ့ သွေးလှူတဲ့အကြိမ်ရေ များတာတွေအားလုံးက သွေးတွင်းသံဓာတ်လျော့နည်းမှုနဲ့ ဆက်စပ်နေပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကုသလို့ရပေမယ့်လည်း မိန်းမငယ်လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ်မှာ မကောင်းတဲ့သက်ရောက်မှု ရှိနေနိုင်ပါတယ်။

မကြာခဏ သွေးလှူတဲ့သူတွေမှာဆိုရင် သံဓာတ်အားဆေးကို ကြာကြာစွဲသောက်ဖို့ လိုပါတယ်။ သွေးလှူဖို့အတွက် လိုအပ်ချက်တွေကတော့ အနည်းဆုံး အသက် ၁၆ နှစ်ပြည့်ပြီး ကိုယ်အလေးချိန် 50 kg (ပေါင် ၁၁၀) နဲ့ သွေးနီဥပမာဏ 12.5g/dl နဲ့အထက် ရှိရပါမယ်။

» သွေးလှူတဲ့အခါမှာ သွေးလှူရှင်မှာ သံဓာတ်အလုံအလောက်ရှိဖို့ လိုအပ်ပြီးတော့ အောက်ပါအချက်တွေကိုလည်း မေးမြန်းဖို့ လိုပါတယ်။
● လွန်ခဲ့တဲ့ ၆ လက ခွဲစိတ်မှုလုပ်ထားတယ် (သို့) နောက် ၆ ပတ်မှာ ခွဲစိတ်မှုလုပ်ဖို့ ရှိတယ်ဆိုရင်တော့ ခွဲစိတ်ပြီးနောက်ပိုင်းဖြစ်တတ်တဲ့ သွေးအားနည်းရောဂါ မဖြစ်စေဖို့အတွက် သံဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။
● ကိုယ်ဝန်ဆောင်နဲ့ နို့်တိုက်မိခင်
● အရင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်ဖူးပေမယ့်လည်း အခုတော့ သံဓာတ်ပုံမှန် ပြန်ဖြစ်နေပြီ
● အရွယ်ရောက်ပြီးကာစ မိန်းမငယ်တွေ စတဲ့ အချက်တွေကို သေချာမေးဖို့ လိုပါတယ်။

» အောက်ပါအချက်တွေ ကြုံနေရရင်တော့ သွေးလှူတဲ့နေရာမှာ သတိထားပါ။
● ရာသီသွေး အများကြီးဆင်းခြင်း
● ပင်ပန်းနွမ်းနယ်၊ ခေါင်းကိုက်ခြင်း စတဲ့ သံဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေကို ခံစားရရင်
● အရင်က သွေးအာနည်းရောဂါ ဖြစ်ဖူးရင်

Dr. Mya Myo Myo Swe (www.drmyanmar.com)