/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကိုယ့်ကိုယ်ကို-အရိုးရှင်းဆုံး-ဂရုစိုက်နည်း-၅-ချက်

ကိုယ့်ကိုယ်ကို အရိုးရှင်းဆုံး ဂရုစိုက်နည်း (၅) ချက်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

●  နေရောင်ခြည်ဒဏ်က ကာကွယ်ပါ
နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် အရေးအကြောင်းတွေ၊ အမည်းစက်တွေအပြင် အရေပြားကင်ဆာပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေရောင်ကာ လိမ်းဆေးလိမ်းပါ။ အနည်းဆုံး SPF15 ရှိတာကို ရွေးပါ။ ၂ နာရီခြားတစ်ခါ လိမ်းပါ။
အမိုးအကာအောက်မှာနေပါ။ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြားကနေဟာ အပြင်းထန်ဆုံးဖြစ်တာမို့ အဲဒီ့အချိန်တွေမှာ နေရောင်နဲ့ တိုက်ရိုက်မထိတွေ့မိအောင် နေပါ။
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ အသားထူတာမျိုး ရွေးဝတ်ပါ၊ ဦးထုပ်ဆောင်းပါ။

●  ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ
ဆေးလိပ်သောက်တာက အသားအရေကို အိုမင်းရင့်ရော်စေပြီး အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ အောက်ဆီဂျင်၊ အာဟာရတွေကိုလည်း မရရှိစေတဲ့အပြင် အသားအရေကို တင်းရင်းအောင် ပြုလုပ်ပေးတဲ့ ကော်လာဂျင်၊ အလက်စတစ်တွေကိုလည်း ပျက်စီးစေပါတယ်။ ဒါ့အပြင် အရေပြားကင်ဆာ ဖြစ်နှုန်းကိုလည်း တက်စေပါတယ်။

●  အသားအရေကို နူးနူးညံ့ညံ့ ကိုင်တွယ်ပါ
ရေပူနဲ့ ရေချိုးတာ၊ ရေအကြာကြီး ချိုးတာတွေက အသားအရေအတွက် ကောင်းတဲ့အဆီတွေကို ခမ်းခြောက်စေပါတယ်။

●  အရမ်းပြင်းလွန်းတဲ့ ဆပ်ပြာတွေကို မသုံးပါနဲ့
ရေသုတ်တဲ့အခါမှာ အရမ်းပွတ်တာမျိုးမလုပ်ဘဲ ပုတ်ပုတ်ပြီး သုတ်တာမျိုးက အစိုဓာတ်တွေကို အရေပြားမှာ ကျန်ခဲ့စေပါတယ်။
အသားအရေ ခြောက်သွေ့မှုမရှိအောင် အစိုဓာတ်ထိန်းခရင်မ် (moisturizer) သုံးပေးပါ။

pH Care 1

●  မိန်းမကိုယ် သန့်ရှင်းရေးလုပ်ဖို့လည်း မမေ့ပါနဲ့
အသားအရေကို ဂရုစိုက်တာအပြင် မိန်းမကိုယ် သန့်ရှင်းရေးကိုလည်း နေ့စဉ်ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါမှ အနံ့အသက်ဆိုးတွေ ကင်းဝေးပြီး ဘက်တီးရီးယားပိုးမွှားတွေ မပေါက်ဖွားနိုင်မှာ ဖြစ်ပါတယ်။ pH Care လိုမျိုး မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို အသုံးပြုပေးလို့ ရပါတယ်။

●  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပါ
အသီးအနှံ၊ အသီးအရွက် များများစားပါ။ ရေများများ သောက်ပါ။ ငါးကြီးဆီလို ပြည့်ဝဆီတွေကို စားပေးခြင်းက အသားအရေကို နုပျိုစေပါတယ်။

●  စိတ်ဖိစီးမှုတွေကို လျှော့ချပါ
စိတ်ဖိစီးမှု များပြားခြင်းက ဝက်ခြံပေါက်တာအပြင် တခြားအရေပြားပြဿနာတွေကိုပါ ဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ပါ၊ အိပ်ရေးဝဝအိပ်ပါ၊ ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ဖို့ အချိန်ပေးပါ။ အရမ်းသိသာတဲ့ရလဒ်ကို တွေ့ရပါလိမ့်မယ်။

Dr. Htar (www.drmyanmar.com)

pH Care 2

(Zawgyi)

●  ေနေရာင္ျခည္ဒဏ္က ကာကြယ္ပါ
ေနေရာင္ျခည္နဲ႔ ထိေတြ႕မႈမ်ားရင္ အေရးအေၾကာင္းေတြ၊ အမည္းစက္ေတြအျပင္ အေရျပားကင္ဆာပါ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေနေရာင္ကာ လိမ္းေဆးလိမ္းပါ။ အနည္းဆုံး SPF15 ရွိတာကို ေရြးပါ။ ၂ နာရီျခားတစ္ခါ လိမ္းပါ။
အမိုးအကာေအာက္မွာေနပါ။ မနက္ ၁၀ နာရီနဲ႔ ညေန ၄ နာရီၾကားကေနဟာ အျပင္းထန္ဆုံးျဖစ္တာမို႔ အဲဒီ့အခ်ိန္ေတြမွာ ေနေရာင္နဲ႔ တိုက္႐ိုက္မထိေတြ႕မိေအာင္ ေနပါ။
အက်ႌလက္ရွည္၊ ေဘာင္းဘီရွည္၊ အသားထူတာမ်ိဳး ေရြးဝတ္ပါ၊ ဦးထုပ္ေဆာင္းပါ။

●  ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ပါ
ေဆးလိပ္ေသာက္တာက အသားအေရကို အိုမင္းရင့္ေရာ္ေစၿပီး အေရးအေၾကာင္းေတြ ျဖစ္ေစပါတယ္။ အေရျပားအတြက္ လိုအပ္တဲ့ ေအာက္ဆီဂ်င္၊ အာဟာရေတြကိုလည္း မရရွိေစတဲ့အျပင္ အသားအေရကို တင္းရင္းေအာင္ ျပဳလုပ္ေပးတဲ့ ေကာ္လာဂ်င္၊ အလက္စတစ္ေတြကိုလည္း ပ်က္စီးေစပါတယ္။ ဒါ့အျပင္ အေရျပားကင္ဆာ ျဖစ္ႏႈန္းကိုလည္း တက္ေစပါတယ္။

●  အသားအေရကို ႏူးႏူးညံ့ညံ့ ကိုင္တြယ္ပါ
ေရပူနဲ႔ ေရခ်ိဳးတာ၊ ေရအၾကာႀကီး ခ်ိဳးတာေတြက အသားအေရအတြက္ ေကာင္းတဲ့အဆီေတြကို ခမ္းေျခာက္ေစပါတယ္။

●  အရမ္းျပင္းလြန္းတဲ့ ဆပ္ျပာေတြကို မသုံးပါနဲ႔
ေရသုတ္တဲ့အခါမွာ အရမ္းပြတ္တာမ်ိဳးမလုပ္ဘဲ ပုတ္ပုတ္ၿပီး သုတ္တာမ်ိဳးက အစိုဓာတ္ေတြကို အေရျပားမွာ က်န္ခဲ့ေစပါတယ္။
အသားအေရ ေျခာက္ေသြ႕မႈမရွိေအာင္ အစိုဓာတ္ထိန္းခရင္မ္ (moisturizer) သုံးေပးပါ။

●  မိန္းမကိုယ္ သန႔္ရွင္းေရးလုပ္ဖို႔လည္း မေမ့ပါနဲ႔
အသားအေရကို ဂ႐ုစိုက္တာအျပင္ မိန္းမကိုယ္ သန႔္ရွင္းေရးကိုလည္း ေန႔စဥ္ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။ ဒါမွ အနံ႔အသက္ဆိုးေတြ ကင္းေဝးၿပီး ဘက္တီးရီးယားပိုးမႊားေတြ မေပါက္ဖြားႏိုင္မွာ ျဖစ္ပါတယ္။ pH Care လိုမ်ိဳး မိန္းမကိုယ္သန႔္စင္ေဆးရည္ေတြကို အသုံးျပဳေပးလို႔ ရပါတယ္။

●  က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာ စားပါ
အသီးအႏွံ၊ အသီးအရြက္ မ်ားမ်ားစားပါ။ ေရမ်ားမ်ား ေသာက္ပါ။ ငါးႀကီးဆီလို ျပည့္ဝဆီေတြကို စားေပးျခင္းက အသားအေရကို ႏုပ်ိဳေစပါတယ္။

●  စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ပါ
စိတ္ဖိစီးမႈ မ်ားျပားျခင္းက ဝက္ၿခံေပါက္တာအျပင္ တျခားအေရျပားျပႆနာေတြကိုပါ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ပါ၊ အိပ္ေရးဝဝအိပ္ပါ၊ ကိုယ္ဝါသနာပါတာေလးေတြကို လုပ္ဖို႔ အခ်ိန္ေပးပါ။ အရမ္းသိသာတဲ့ရလဒ္ကို ေတြ႕ရပါလိမ့္မယ္။

Dr. Htar (www.drmyanmar.com)