/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဆီးကျိတ်ကြီးသူတွေအတွက်-လူနေမှုပုံစံများ

ဆီးကျိတ်ကြီးသူတွေအတွက် လူနေမှုပုံစံများ

Category
အမျိုးသားများနှင့်ကျန်းမာရေး

●        လူကြားသူကြားထဲမှာ စိတ်ညစ်စရာ၊ ရှက်ရွံ့စရာ ဖြစ်လောက်အောင် ဆီးထွက်ကျတာမျိုး မဖြစ်ရစေဖို့ အိမ်က မထွက်ခင် ကြိုတင် ဆီးသွားထားသင့်ပါတယ်။

●        ဆီးအိမ်ထဲမှာ ဆီးကျန်တာမျိုး မဖြစ်ရလေအောင် အိမ်သာသွားတိုင်း ဆီးတစ်ကြိမ်သွားပြီး မိနစ်အနည်းငယ်မျှ ကြာတဲ့အခါ နောက်တစ်ကြိမ်သွားဖို့ ကြိုးစားသင့်ပါတယ်။

●        ညအိပ်တဲ့အခါ ဆီးအိမ် တင်းမနေအောင် ညအိပ်ချိန်မတိုင်မီ 2 နာရီခန့်ကတည်းက အရည်တွေ မသောက်သင့်တော့ပါဘူး။

●        ရေဓာတ် ပြည့်ဝနေအောင် တစ်နေ့ကို ရေ 2 လီတာခန့် ပုံမှန်သောက်ပေးသင့်ပါတယ်။

●        ကိုယ်အလေးချိန် ညီညွတ်အောင် နေထိုင်ပါ။

●        လေ့ကျင့်ခန်းကို တတ်နိုင်သမျှ ပုံမှန်လုပ်ပေးပါ။

●        တစ်ကျိုက်ထဲနဲ့ ရေ အများကြီး မသောက်ပါနဲ့။

●        ဆီးသွားချင်စိတ် နည်းအောင် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပါ။

●        အအေးမိ ဖျားနာ ပျောက်ဆေးများ၊ နှာစေးပျောက်ဆေးများကဲ့သို့ ရေဓာတ် ခန်းခြောက်စေတတ်တဲ့ အရာတွေကို တတ်နိုင်သလောက် မသုံးပါနဲ့။

●        ဆီးနည်းနည်းစီ ထွက်ကျတာကို စုပ်ယူပြီး စိုစိုစိစိ မဖြစ်စေဖို့ ရေစုပ် pad တွေ၊ ဆီးစုပ်ဘောင်းဘီတွေ ဝတ်ထားပါ။

●        ကွန်ဒုံးပုံစံရှိတဲ့ ဆီးအိတ်လေးတွေ ဝတ်ဆင်နိုင်ပါတယ်။ ဒီဆီးအိတ်တွေဟာ ခြေထောက်မှာ ကပ်ထားတဲ့အိတ်ထဲ ဆီးတွေ စွန့်ပစ်ပေးပါတယ်။

●        နောက်ပိုင်းမှာ ဆီးထွက်ကျတာမျိုး မဖြစ်ရလေအောင် ဆီးလမ်းကြောင်းထဲကျန်တဲ့ ဆီးတွေ အကုန်ထွက်လာဖို့ ကပ္ပာယ်အိတ်အရင်းကို လက်ချောင်းလေးနဲ့ အပေါ်ကို တွန်းတွန်းပေးပြီး နှိပ်နယ်ပေးရပါမယ်။

Dr. Emerald (www.drmyanmar.com)