/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်-50-ကျော်အရွယ်တွေမှာ-အထီးကျန်ခြင်းက-သွေးတိုးရောဂါကို

အသက် 50 ကျော်အရွယ်တွေမှာ အထီးကျန်ခြင်းက သွေးတိုးရောဂါကို ပိုဖြစ်စေနိုင်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          ချီကာဂိုမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ အသက်အရွယ် ကြီးသူများတွင် အထီးကျန်နေသူများမှာ သွေးပေါင်ချိန် 30 ခန့် ပိုများနိုင်ကြောင်း တွေ့ရှိရပါတယ်။ အထီးကျန်မှု များလေ သွေးပေါင်ချိန် ပိုမိုများတာကို တွေ့ရပါတယ်။

          ဒါကြောင့် အသက်ကြီးသူ အထီးကျန်သမားများမှာ သွေးတိုးရောဂါကို ထိန်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိပြီးတော့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်တက်ကြွစွာ နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)