/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/covid-19-ရောဂါပိုးတွေ-ပျံ့နှံ့နေချိန်မှာ-ဗီတာမင်-c-က

COVID-19 ရောဂါပိုးတွေ ပျံ့နှံ့နေချိန်မှာ ဗီတာမင် C က ဘာကြောင့်အရေးကြီးတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင် C ဓာတ်ပာာ ကိုယ်ခံအားမြင့်တက်ဖို့၊ ကျန်းမာဖို့၊ စိတ်ဖိစီးမှုလျှော့ဖို့ အဓိကကျတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့ အချဉ်ဓာတ်ပါတဲ့အသီးတွေမှာ ဗီတာမင် C ပေါကြွယ်ဝစွာ ပါဝင်လျက်ရှိပါတယ်။
ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကတော့ လိမ္မော်သီး၊ ကီဝီသီး၊ မာလကာသီး၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ပန်းမုန်လာ၊ သင်္ဘောသီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွတောင့်တို့ ဖြစ်ပါတယ်။
●  ဗီတာမင် C ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
●  ဗီတာမင် C က ဆဲလ်တွေကို ပျက်စီးတာကနေ ကာကွယ်ပါတယ်။ စီးကရက်ငွေ့တွေ၊ လေထုညစ်ညမ်းတာတွေ၊ နေလောင်တာတွေကြောင့် ပျက်စီးနေတဲ့ အိုမင်းလာတဲ့ ဆဲလ်တွေမဖြစ်အောင် ကာကွယ်တဲ့အပြင် နုပျိုစေတဲ့ ရောဂါကာကွယ်တဲ့ဓာတ်အဖြစ် လူသိများပါတယ်။
●  ကော်လဂျင်ဓာတ်ဖွဲ့စည်းမှုမှာ ပါဝင်တာကြောင့် အသားအရေကို တင်းရင်းကျန်းမာစေသလို ကြွက်သား၊ အရိုး၊ သွားဖုံး သွေးကြောတွေကိုပါ ကျန်းမာလာစေပါတယ်။
●  သွေးအားကောင်းစေတဲ့သံဓာတ်ကို ကိုယ်တွင်းက စုပ်ယူတာကိုလည်း ကောင်းစေပါတယ်။
●  ဒါပေမဲ့ ပောာ်မုန်းအစားထိုးကုသမှု ခံယူနေရင် ဗီတာမင် C ကို မျှတရုံသာ သုံးသင့်ပါတယ်။ သိပ်များရင် အီစထိုဂျင်ပမာဏကို လျော့နည်းစေလို့ပါ။

Vicee 1

ဗီတာမင် C ချို့တဲ့ လက္ခဏာတွေကတော့ သွားဖုံးသွေးယိုမယ်၊ အသားအရေ ခြောက်သွေ့ကြမ်းတမ်းမယ်၊ ကြွက်သားတွေ အားနည်းမယ်၊ မကြာခဏ ကိုက်ခဲနာကျင်တာတွေ ဖြစ်တတ်ပါတယ်။
သိပ်ဆိုးလွန်းရင် သွားဖုံးသွေးယိုပြီး သွေးအားနည်းရောဂါတွေပါ ဖြစ်စေပါတယ်။ ဒါ့အပြင် အနာကျက်နှေးစေတဲ့အတွက် ခွဲစိတ်ကုသမှုခံယူထားသူတွေ မီးလောင်ဒဏ်ရာရသူတွေ ထိခိုက်ဒဏ်ရာရသူတွေပာာ ဗီတာမင် C သောက်သုံးခြင်းကြောင့် အနာကျက်မြန်ပြီး နေကောင်းစေမှာပါ။
ဒီလို အားသာချက်တွေများတဲ့ ဗီတာမင် C ကို နေ့စဉ်အစားအသောက်တွေထဲမှာ မဖြစ်မနေ ပါဝင်အောင် စားပေးပါလို့ အကြံပြုလိုပါတယ်။ တကယ်လို့ ဗီတာမင် C ပါဝင်တဲ့ အစားအသောက်တွေကို မှန်မှန်မစားဖြစ်ဘူး ဆိုရင်တော့ ဗီတာမင် C ပါဝင်တဲ့ အားဆေးတွေကို နေ့စဉ်မှန်မှန် သောက်သုံးပေးလို့ ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Vicee 2

(Zawgyi)

ဗီတာမင္ C ဓာတ္ပာာ ကိုယ္ခံအားျမင့္တက္ဖို႔၊ က်န္းမာဖို႔၊ စိတ္ဖိစီးမႈေလွွ်ာ့ဖို႔ အဓိကက်တဲ့ ဓာတ္တစ္မ်ိဳး ျဖစ္ပါတယ္။ လတ္ဆတ္ၿပီး အရည္႐ႊမ္းတဲ့ အခ်ဥ္ဓာတ္ပါတဲ့အသီးေတြမွာ ဗီတာမင္ C ေပါႂကြယ္ဝစြာ ပါဝင္လ်က္ရွိပါတယ္။
ဗီတာမင္ C ႂကြယ္ဝတဲ့ အစားအစာေတြကေတာ့ လိေမၼာ္သီး၊ ကီဝီသီး၊ မာလကာသီး၊ ပန္းေဂၚဖီစိမ္း (Broccoli)၊ ပန္းမုန္လာ၊ သေဘၤာသီး၊ စေတာ္ဘယ္ရီ၊ င႐ုတ္ပြေတာင့္တို႔ ျဖစ္ပါတယ္။
●  ဗီတာမင္ C ဟာ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ေပးပါတယ္။
●  ဗီတာမင္ C က ဆဲလ္ေတြကို ပ်က္စီးတာကေန ကာကြယ္ပါတယ္။ စီးကရက္ေငြ႕ေတြ၊ ေလထုညစ္ညမ္းတာေတြ၊ ေနေလာင္တာေတြေၾကာင့္ ပ်က္စီးေနတဲ့ အိုမင္းလာတဲ့ ဆဲလ္ေတြမျဖစ္ေအာင္ ကာကြယ္တဲ့အျပင္ ႏုပ်ိဳေစတဲ့ ေရာဂါကာကြယ္တဲ့ဓာတ္အျဖစ္ လူသိမ်ားပါတယ္။
●  ေကာ္လဂ်င္ဓာတ္ဖြဲ႕စည္းမႈမွာ ပါဝင္တာေၾကာင့္ အသားအေရကို တင္းရင္းက်န္းမာေစသလို ႂကြက္သား၊ အ႐ိုး၊ သြားဖုံး ေသြးေၾကာေတြကိုပါ က်န္းမာလာေစပါတယ္။
●  ေသြးအားေကာင္းေစတဲ့သံဓာတ္ကို ကိုယ္တြင္းက စုပ္ယူတာကိုလည္း ေကာင္းေစပါတယ္။
●  ဒါေပမဲ့ ေပာာ္မုန္းအစားထိုးကုသမႈ ခံယူေနရင္ ဗီတာမင္ C ကို မွ်တ႐ုံသာ သုံးသင့္ပါတယ္။ သိပ္မ်ားရင္ အီစထိုဂ်င္ပမာဏကို ေလ်ာ့နည္းေစလို႔ပါ။
ဗီတာမင္ C ခ်ိဳ႕တဲ့ လကၡဏာေတြကေတာ့ သြားဖုံးေသြးယိုမယ္၊ အသားအေရ ေျခာက္ေသြ႕ၾကမ္းတမ္းမယ္၊ ႂကြက္သားေတြ အားနည္းမယ္၊ မၾကာခဏ ကိုက္ခဲနာက်င္တာေတြ ျဖစ္တတ္ပါတယ္။
သိပ္ဆိုးလြန္းရင္ သြားဖုံးေသြးယိုၿပီး ေသြးအားနည္းေရာဂါေတြပါ ျဖစ္ေစပါတယ္။ ဒါ့အျပင္ အနာက်က္ေႏွးေစတဲ့အတြက္ ခြဲစိတ္ကုသမႈခံယူထားသူေတြ မီးေလာင္ဒဏ္ရာရသူေတြ ထိခိုက္ဒဏ္ရာရသူေတြပာာ ဗီတာမင္ C ေသာက္သုံးျခင္းေၾကာင့္ အနာက်က္ျမန္ၿပီး ေနေကာင္းေစမွာပါ။
ဒီလို အားသာခ်က္ေတြမ်ားတဲ့ ဗီတာမင္ C ကို ေန႔စဥ္အစားအေသာက္ေတြထဲမွာ မျဖစ္မေန ပါဝင္ေအာင္ စားေပးပါလို႔ အႀကံျပဳလိုပါတယ္။ တကယ္လို႔ ဗီတာမင္ C ပါဝင္တဲ့ အစားအေသာက္ေတြကို မွန္မွန္မစားျဖစ္ဘူး ဆိုရင္ေတာ့ ဗီတာမင္ C ပါဝင္တဲ့ အားေဆးေတြကို ေန႔စဥ္မွန္မွန္ ေသာက္သုံးေပးလို႔ ရပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)