/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/covid-19-ကနေ-ကာကွယ်ဖို့-ဘယ်လို-သန့်သန့်ရှင်းရှင်းနေကြမလဲ

Covid-19 ကနေ ကာကွယ်ဖို့ ဘယ်လို သန့်သန့်ရှင်းရှင်းနေကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●  တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။
●  မျက်နှာ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို လက်နဲ့ မကိုင်ပါနဲ့။
●  နှာချေ၊ ချောင်းဆိုးတဲ့အခါ လက်နဲ့မအုပ်ပါနဲ့။ တစ်ရှူး ဒါမှမဟုတ် တတောင်ကွေးနဲ့ အုပ်ပါ။ အသုံးပြုပြီး တစ်ရှူးကို ချက်ချင်းပစ်ပါ။
●  တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေပါ။ အနည်းဆုံး ၃ ပေ ခွာပါ။
●  လက်ဆေးပါ။
အနည်းဆုံး စက္ကန့် ၂၀-၃၀ ကြာအောင်ဆေးပါ။ အစာမစားခင်၊ စားပြီး၊ အိမ်သာတက်ပြီးတိုင်း၊ အပြင်က ပြန်လာတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း လက်ဆေးပါ။ လက်သန့်ဆေးရည်ကို အနည်းဆုံး alcohol 60% ပါတာ အသုံးပြုပါ။
●  အိမ်ကို သန့်သန့်ရှင်းရှင်း ထားပါ။
●  အိမ်မှာ ထိတွေ့ကိုင်တွယ်မှုများတဲ့နေရာတွေကို သန့်ရှင်းပါ၊ ပိုးသတ်ပါ။
တံခါးလက်ကိုင်တွေ၊ ထိုင်ခုံ၊ မီးဖိုချောင်၊ အိမ်သာ၊ ရေဘုံဘိုင်၊ မီးခလုတ်၊ ဖုန်း၊ ကွန်ပျူတာ၊ အရုပ် စတာတွေကို သန့်ရှင်းရေးလုပ်ပါ။ ပထမဆုံး ရေ၊ ဆပ်ပြာနဲ့ အရင်ဆေးပါ။ ပြီးရင် alcohol 70% ပါတဲ့ သန့်စင်ဆေးရည်ကို အသုံးပြုပါ။ တချို့နေရာတွေမှာ ကြေးချွတ်ဆေးရည်ကို ရေနဲ့ရောပြီး အသုံးပြုလို့ရပါတယ်။ ဆေးရည်တွေနဲ့ ပွတ်တိုက်ပြီးရင် ပြန်မသုတ်ပါနဲ့။ ဒီတိုင်း မိနစ်အနည်းငယ် ထားပေးပါ။ လျှပ်စစ်ပစ္စည်းတွေကိုတော့ ပိုးသတ်ဆေးပါပြီးသား အဝတ်တွေကို အသုံးပြုပြီး သန့်စင်ပါ။
●  အဝတ်တွေမှာ ဗိုင်းရပ်စ်ပိုးဟာ တော်တော်ကြာကြာ နေနိုင်ပါတယ်။ ဒါကြောင့် အပြင်က ပြန်လာလာချင်း အဝတ်အစားလဲ၊ လက်ဆေးပါ။ အဝတ်တွေကို ခါတာမျိုး မလုပ်ပါနဲ့၊ ပိုးတွေ ပြန့်သွားနိုင်လို့ပါ။ ချက်ချင်း လျှော်ပါ။ သေချာအခြောက်ခံပါ။ အဝတ်လျှော်ပြီးရင် လက်ကို ဆပ်ပြာနဲ့ သေချာပြန်ဆေးပါ။
●  အစားအသောက်ကနေတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရှိသေးပါဘူး။ ဒါပေမဲ့ သတိထားရပါမယ်။ အပြင်က ထုတ်ပိုးထားတဲ့အရာတွေကို ပစ်ပါ။ အစားအသောက် ထည့်ထားတဲ့ဘူး၊ အိတ်ကို ထုတ်ပြီးတာနဲ့ ပစ်ပါ။ အအေးဘူးလိုအရာတွေကို အရင်ပိုးသတ်တာနဲ့ သန့်ရှင်းပါ။ အသီးအရွက်၊ အသီးအနှံတွေကို ရေနဲ့ သေချာဆေးပါ။ ကိုင်တွယ်ပြီးတာနဲ့ လက်ဆေးပါ။
●  အစားအသောက်တွေကို မချက်ပြုတ်ခင် လက် သေချာဆေးပါ။ အသား၊ ငါးတွေကို လှီးဖြတ်ရင် သပ်သပ်ဆီ လှီးဖြတ်ပါ။ ဓား၊ စဉ့်တီတုံး စတာတွေကို သီးသန့်သုံးပါ။ သေချာကျက်အောင် ချက်ပြုတ်ပါ။ အစားအစာတွေကို ကိုင်တွယ်ပြီးတိုင်း လက်ကို သေချာဆေးပါ။ စွန့်ပစ်ရင်လည်း ခြင်၊ ယင် မနားအောင် သေချာစွန့်ပစ်ပါ။

Dr. Htar (www.drmyanmar.com)