/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အားဖြည့်အချိုရည်နဲ့-ကျန်းမာရေး

အားဖြည့်အချိုရည်နဲ့ ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အားဖြည့်အချိုရည်တွေကို စိတ်ကိုလန်းဆန်းစေဖို့၊ ရွှင်လန်းတက်ကြွနေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်နေကြတာကို တွေ့ရပါတယ်။ ယေဘုယျအားဖြင့် ဒီလို အားဖြည့်အချိုရည်တစ်ဘူးမှာ ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်ဝန်းကျင်ပါပြီး သကြား ၄၀ ဂရမ်ဝန်းကျင် ပါဝင်ပါတယ်။
နောက်ထပ်ပါတဲ့ ပါဝင်ပစ္စည်းတွေကတော့ ဗီတာမင်ဘီတွေ၊ စိတ်ကိုလှုံ့ဆော်ပေးစေတဲ့ဓာတ်တွေဖြစ်တဲ့ ဂွာရာနာ၊ တော်ရင်း၊ အယ်လ် ကာနီတင်း စတာတွေပါဝင်ပါတယ်။ ဒီပါဝင်ပစ္စည်းတွေဟာ အားဖြည့်အချိုရည်တွေမှာ သဘာဝအစားအစာတွေမှာ ပါဝင်တဲ့ပမာဏထက် ပိုများပြီး ကဖိန်းနဲ့ပေါင်းလိုက်တဲ့အခါ အကျိုးသက်ရောက်မှုက အများကြီးပိုသွားပါတယ်။
ဒီအားဖြည့်အချိုရည်တွေမှာ သကြားနဲ့ကဖင်းပမာဏ ပါဝင်မှုအရမ်းများတာကြောင့် အဝလွန်တာ၊ ဆီးချိုအမျိုးအစား ၂ အဖြစ်များတာ၊ နှလုံးရောဂါနဲ့ ဂေါက်ရောဂါတွေ အဖြစ်များတာ စတဲ့ ဆိုးကျိုးတွေအပြင် သွေးတိုးစေတာ၊ နှလုံးရဲ့လျှပ်ဓာတ်လမ်းကြောင်းကို ကမောက်ကမဖြစ်စေပြီး နဂိုနှလုံးရောဂါအခံရှိသူ၊ တချို့သောဆေးတွေ သောက်နေသူတွေမှာ သောက်သုံးဖို့ မသင့်ပါဘူး။ ဒါကြောင့် အသက် ၁၈ နှစ်အောက် လူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကဖိန်းနဲ့မတည့်သူတွေ၊ ကဖင်းပုံမှန်သောက်လေ့မရှိသူတွေ၊ တချို့ဆေးသောက်နေရသူတွေမှာ မသင့်တော်ပါဘူးနော်။

>>  အားဖြည့်အချိုရည်နဲ့ လူငယ်လူရွယ်များ
သောက်လိုက်တာနဲ့ လန်းဆန်းသွားပြီး စိတ်အာရုံပိုစူးစိုက်လာနိုင်တာမို့ လူငယ်လူရွယ်တွေ စာမေးပွဲမဖြေခင်ည စာတွေကုန်းကျက်ချိန်နဲ့  အားကစားပြိုင်ပွဲမတိုင်ခင်တွေမှာ သောက်လေ့ရှိကြပါတယ်။ ဒီအချိုရည်တွေဟာ ကလေးတွေ၊ လူငယ်တွေနဲ့ မသင့်တော်ဘူး ဘယ်လောက်ပဲပြောပါစေ၊ ဈေးကွက်ထဲမှာ အရောင်းရဆုံးသောလူတွေကလည်း လူငယ်တွေပါပဲ။ တခဏအတွင်း လန်းဆန်းသွားစေလို့ ကောင်းတယ်ထင်ရပေမယ့် တကယ်တမ်းရေရှည်မှာ စိတ်ဖိစီးမှုကို ပိုများစေခြင်း၊ ခိုက်ရန်ဖြစ်ပွားမှုကို ပိုများစေခြင်း၊ ဆေးလိပ်အရက်ပိုစွဲလန်းစေခြင်း၊ အိပ်ရေးမဝဖြစ်စေခြင်း၊ အစာအိမ်ထိခိုက်စေခြင်း စတဲ့ ဆိုးကျိုးအမြောက်အများကို ခံစားရနိုင်ပါတယ်။

Enervon-C Adult 1

>>  နှလုံးသွေးကြောတွေကို ပိတ်သွားစေနိုင်ခြင်း
အားဖြည့်အချိုရည်တစ်ဘူးလောက် သောက်လိုက်ရုံနဲ့ နှလုံးခုန်တာ ပိုမြန်လာတာ ခံစားဖူးမှာပေါ့။ အားဖြည့်အချိုရည်တစ်ဘူးထက် ပိုသောက်သုံးခြင်းကြောင့် စိတ်ဖိစီးမှုတွေ များလာတာ၊ နှလုံးခုန်မြန်တာ၊ သွေးတိုးတာအပြင် သွေးပျစ်လာတာပါ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ဒါဟာ ကဖိန်းနဲ့တော်ရင်းတို့ရဲ့ ပေါင်းစပ်မှုကြောင့် ဖြစ်နိုင်ပါတယ်။

>>  တစ်နေ့ကို သောက်သင့်တဲ့ ကဖင်းပမာဏ
အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားကလေးတွေမှာ တစ်နေ့ကို ကဖင်းပမာဏ ၁၀၀ မီလီဂရမ်ထက် ပိုမသောက်သင့်ဘူးလို့ ဆိုပါတယ်။
လူကြီးတော်တော်များများအတွက်တော့ တစ်နေ့ကို ကဖင်း ၄၀၀ မီလီဂရမ်လောက်အထိ သောက်နိုင်ပါတယ်။ အားဖြည့်အချိုရည်သောက်မယ်ဆိုရင် တစ်နေ့ ၁ ဘူး ထက်တော့ ပိုမသောက်သင့်ဘူးလို့ ဆိုပါတယ်။
မိဘတွေနဲ့ ကလေး အတော်များများဟာ အားဖြည့်အချိုရည်တွေရဲ့ ဆိုးကျိုးတွေကို မသိမမူမိကြဘဲ ရိုးရိုးရေတို့၊ လိမ္မော်ရည်ဖျော်ရည်တို့လိုပဲ တစွတ်စွတ် သောက်နေတတ်ကြပါတယ်။
တကယ်တော့ ရေဓာတ်ပြည့်ဝဖို့အတွက် ရိုးရိုးရေသောက်တာ အကောင်းဆုံး၊ ဘေးအကင်းဆုံးပါပဲ။ တချို့တွေက အားဖြည့်အချိုရည်ကို ကော်ဖီတို့၊ လက်ဖက်ရည်တို့ အစားထိုး သောက်တတ်ကြပါတယ်။ ဒါပေမဲ့ သူ့မှာ ကဖင်းဓာတ်အပြင် သကြားတွေပါ အများကြီး ပါဝင်နေတာကို မမေ့ကြဖို့ သတိပေးလိုက်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

အားျဖည့္အခ်ိဳရည္ေတြကို စိတ္ကိုလန္းဆန္းေစဖို႔၊ ႐ႊင္လန္းတက္ႂကြေနေစဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေသာက္ေနၾကတာကို ေတြ႕ရပါတယ္။ ေယဘုယ်အားျဖင့္ ဒီလို အားျဖည့္အခ်ိဳရည္တစ္ဘူးမွာ ကဖိန္းဓာတ္ ၂၀၀ မီလီဂရမ္ဝန္းက်င္ပါၿပီး သၾကား ၄၀ ဂရမ္ဝန္းက်င္ ပါဝင္ပါတယ္။
ေနာက္ထပ္ပါတဲ့ ပါဝင္ပစၥည္းေတြကေတာ့ ဗီတာမင္ဘီေတြ၊ စိတ္ကိုလႈံ႕ေဆာ္ေပးေစတဲ့ဓာတ္ေတြျဖစ္တဲ့ ဂြာရာနာ၊ ေတာ္ရင္း၊ အယ္လ္ ကာနီတင္း စတာေတြပါဝင္ပါတယ္။ ဒီပါဝင္ပစၥည္းေတြဟာ အားျဖည့္အခ်ိဳရည္ေတြမွာ သဘာဝအစားအစာေတြမွာ ပါဝင္တဲ့ပမာဏထက္ ပိုမ်ားၿပီး ကဖိန္းနဲ႔ေပါင္းလိုက္တဲ့အခါ အက်ိဳးသက္ေရာက္မႈက အမ်ားႀကီးပိုသြားပါတယ္။
ဒီအားျဖည့္အခ်ိဳရည္ေတြမွာ သၾကားနဲ႔ကဖင္းပမာဏ ပါဝင္မႈအရမ္းမ်ားတာေၾကာင့္ အဝလြန္တာ၊ ဆီးခ်ိဳအမ်ိဳးအစား ၂ အျဖစ္မ်ားတာ၊ ႏွလုံးေရာဂါနဲ႔ ေဂါက္ေရာဂါေတြ အျဖစ္မ်ားတာ စတဲ့ ဆိုးက်ိဳးေတြအျပင္ ေသြးတိုးေစတာ၊ ႏွလုံးရဲ႕လွ်ပ္ဓာတ္လမ္းေၾကာင္းကို ကေမာက္ကမျဖစ္ေစၿပီး နဂိုႏွလုံးေရာဂါအခံရွိသူ၊ တခ်ိဳ႕ေသာေဆးေတြ ေသာက္ေနသူေတြမွာ ေသာက္သုံးဖို႔ မသင့္ပါဘူး။ ဒါေၾကာင့္ အသက္ ၁၈ ႏွစ္ေအာက္ လူငယ္ေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ၊ ကဖိန္းနဲ႔မတည့္သူေတြ၊ ကဖင္းပုံမွန္ေသာက္ေလ့မရွိသူေတြ၊ တခ်ိဳ႕ေဆးေသာက္ေနရသူေတြမွာ မသင့္ေတာ္ပါဘူးေနာ္။

>>  အားျဖည့္အခ်ိဳရည္နဲ႔ လူငယ္လူရြယ္မ်ား
ေသာက္လိုက္တာနဲ႔ လန္းဆန္းသြားၿပီး စိတ္အာ႐ုံပိုစူးစိုက္လာႏိုင္တာမို႔ လူငယ္လူရြယ္ေတြ စာေမးပြဲမေျဖခင္ည စာေတြကုန္းက်က္ခ်ိန္နဲ႔  အားကစားၿပိဳင္ပြဲမတိုင္ခင္ေတြမွာ ေသာက္ေလ့ရွိၾကပါတယ္။ ဒီအခ်ိဳရည္ေတြဟာ ကေလးေတြ၊ လူငယ္ေတြနဲ႔ မသင့္ေတာ္ဘူး ဘယ္ေလာက္ပဲေျပာပါေစ၊ ေဈးကြက္ထဲမွာ အေရာင္းရဆုံးေသာလူေတြကလည္း လူငယ္ေတြပါပဲ။ တခဏအတြင္း လန္းဆန္းသြားေစလို႔ ေကာင္းတယ္ထင္ရေပမယ့္ တကယ္တမ္းေရရွည္မွာ စိတ္ဖိစီးမႈကို ပိုမ်ားေစျခင္း၊ ခိုက္ရန္ျဖစ္ပြားမႈကို ပိုမ်ားေစျခင္း၊ ေဆးလိပ္အရက္ပိုစြဲလန္းေစျခင္း၊ အိပ္ေရးမဝျဖစ္ေစျခင္း၊ အစာအိမ္ထိခိုက္ေစျခင္း စတဲ့ ဆိုးက်ိဳးအေျမာက္အမ်ားကို ခံစားရႏိုင္ပါတယ္။

>>  ႏွလုံးေသြးေၾကာေတြကို ပိတ္သြားေစႏိုင္ျခင္း
အားျဖည့္အခ်ိဳရည္တစ္ဘူးေလာက္ ေသာက္လိုက္႐ုံနဲ႔ ႏွလုံးခုန္တာ ပိုျမန္လာတာ ခံစားဖူးမွာေပါ့။ အားျဖည့္အခ်ိဳရည္တစ္ဘူးထက္ ပိုေသာက္သုံးျခင္းေၾကာင့္ စိတ္ဖိစီးမႈေတြ မ်ားလာတာ၊ ႏွလုံးခုန္ျမန္တာ၊ ေသြးတိုးတာအျပင္ ေသြးပ်စ္လာတာပါ ျဖစ္တတ္တယ္လို႔ သိရပါတယ္။ ဒါဟာ ကဖိန္းနဲ႔ေတာ္ရင္းတို႔ရဲ႕ ေပါင္းစပ္မႈေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

>>  တစ္ေန႔ကို ေသာက္သင့္တဲ့ ကဖင္းပမာဏ
အသက္ ၁၂ ႏွစ္မွ ၁၈ ႏွစ္ၾကားကေလးေတြမွာ တစ္ေန႔ကို ကဖင္းပမာဏ ၁၀၀ မီလီဂရမ္ထက္ ပိုမေသာက္သင့္ဘူးလို႔ ဆိုပါတယ္။
လူႀကီးေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ တစ္ေန႔ကို ကဖင္း ၄၀၀ မီလီဂရမ္ေလာက္အထိ ေသာက္ႏိုင္ပါတယ္။ အားျဖည့္အခ်ိဳရည္ေသာက္မယ္ဆိုရင္ တစ္ေန႔ ၁ ဘူး ထက္ေတာ့ ပိုမေသာက္သင့္ဘူးလို႔ ဆိုပါတယ္။
မိဘေတြနဲ႔ ကေလး အေတာ္မ်ားမ်ားဟာ အားျဖည့္အခ်ိဳရည္ေတြရဲ႕ ဆိုးက်ိဳးေတြကို မသိမမူမိၾကဘဲ ႐ိုး႐ိုးေရတို႔၊ လိေမၼာ္ရည္ေဖ်ာ္ရည္တို႔လိုပဲ တစြတ္စြတ္ ေသာက္ေနတတ္ၾကပါတယ္။
တကယ္ေတာ့ ေရဓာတ္ျပည့္ဝဖို႔အတြက္ ႐ိုး႐ိုးေရေသာက္တာ အေကာင္းဆုံး၊ ေဘးအကင္းဆုံးပါပဲ။ တခ်ိဳ႕ေတြက အားျဖည့္အခ်ိဳရည္ကို ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ အစားထိုး ေသာက္တတ္ၾကပါတယ္။ ဒါေပမဲ့ သူ႔မွာ ကဖင္းဓာတ္အျပင္ သၾကားေတြပါ အမ်ားႀကီး ပါဝင္ေနတာကို မေမ့ၾကဖို႔ သတိေပးလိုက္ပါတယ္ေနာ္။

Dr. Mya Phoo Ngon (www.drmyanmar.com)