/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်ကြောင့်ဖြစ်တဲ့-စိတ်ဖိစီးမှုတွေကို-ဘယ်လိုလျှော့ချမလဲ

အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုလိုကာလအတွင်းမှာ အလုပ်လုပ်နေတဲ့လူတိုင်းဟာ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုကို တစ်နည်းမဟုတ်တစ်နည်း ခံစားကြရမှာပါ။ ကိုယ်အရမ်းချစ်ပါတယ်ဆိုတဲ့ အလုပ်ကို လုပ်နေတဲ့လူတောင်မှပေါ့။ စိတ်ဖိစီးမှု သေးသေးလေးတွေဟာ ကိစ္စမရှိပေမယ့် ဒီစိတ်ဖိစီးမှုဟာ အမြဲတမ်း ဖြစ်နေပြီဆိုရင်တော့ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာမှာပါ။
အလုပ်လုပ်နေသရွေ့တော့ စိတ်ဖိစီးမှုတွေကို ရှောင်လွှဲလို့မရပေမယ့် အတတ်နိုင်ဆုံး ဘယ်လိုလျှော့ချကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

>>  အဓိက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အကြောင်းအရာတွေက -
●  အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ကရပ်နားခံလိုက်ရတာ
●  လုပ်ခလစာနည်းသွားတာ
●  အလုပ်တာဝန်များပြားတာ
●  ရာထူးတိုးဖို့ ကိုယ့်ရဲ့တိုးတက်မှုကိုရှာဖို့ အခွင့်အလမ်းနည်းတာ
●  အလုပ်ပတ်ဝန်းကျင်ဟာ နွေးထွေးမှုမရှိတာ
●  အထက်လူကြီးနဲ့ အဆင်မပြေတာတို့တွေ ပါတဲ့။

စိတ်ဖိစီးမှုတွေကို သေချာမလျှော့ချနိုင်ဘဲ အချိန်ကြာလာခဲ့ရင် ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ စိတ်တိုတတ်တာ၊ ညဘက်တွေ အိပ်မပျော်တာ၊ သွေးတိုးတာ၊ ကိုယ်ခံအားမကောင်းတာတွေက အစပြုပြီး စိတ်ကျရောဂါ၊ အဝလွန်ရောဂါနဲ့ နှလုံးရောဂါတွေအထိ ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကို ဖြေရှင်းကြတဲ့နေရာမှာ တချို့တွေက အစားများများစားတာ၊ ဆေးလိပ်သောက်၊ အရက်သောက်ပြီး ဖြေရှင်းရာကနေ နောက်ဆုံးမူးယစ်ဆေး သုံးမိတာအထိ ဖြစ်လာနိုင်တယ်။

Enervon-C Adult 1

အဲဒီလိုတွေမဖြစ်အောင် ဘယ်လိုနည်းလမ်းတကျ ဖြေရှင်းကြမလဲဆိုတာက အကြံပေးချင်ပါတယ်။
●  မှတ်တမ်းရေးပါ - ကိုယ် ဘယ်လိုအခြေအနေနဲ့ကြုံလာရင် စိတ်ဖိစီးလာလဲ။ အဲလိုအခါမျိုးမှာ ကိုယ် ဘယ်လိုဖြေရှင်းသလဲ။ ဘာတွေလုပ်မိလဲ၊ ဥပမာ - အော်ပြီးပြောမိလား လမ်းထွက်လျှောက်လိုက်တာမျိုးလား ဆိုတာတွေကို မှတ်တမ်းအနေနဲ့ ချရေးလိုက်ခြင်းက ကိုယ့်ကိုကိုယ်ပိုပြီး သတိထားမိလာပါလိမ့်မယ်။
●  ကောင်းမွန်တဲ့တုံ့ပြန်မှုကို မွေးမြူပါ - အားကစားလုပ်ပါ။ ယောဂဆော့တာကလည်း စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ အရာတွေကိုလုပ်ဖို့ အချိန်ပေးပါ။ အိပ်ရေးဝဝအိပ်ပါ။ အိပ်တာက စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချနိုင်တဲ့ဆေးပါပဲတဲ့။ ကောင်းကောင်း အိပ်နိုင်အောင်တော့ ညဘက်တွေမှာ ကော်ဖီ သောက်တာ၊ ဖုန်းသုံးတာကို ရှောင်ရမယ်။
●  အလုပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပါ - လူအများစုက Work from Home ဖြစ်နေသေးချိန်ဆိုတော့ အလုပ်ချိန်ကို သိပ်သတ်သတ်မှတ်မှတ်ထားလို့တော့ မရပါဘူး။ ဒါပေမဲ့ Sunday လိုနေ့မျိုးကိုတော့ စိတ်ရော၊ လူပါ ပြည့်ပြည့်၀၀ အနားယူလိုက်ပါ။
●  ကိုယ့်ကိုကိုယ် အချိန်ပေးပြီး အားပြန်မွေးပါ - အခုနက ပြောခဲ့သလို Sunday လိုနေ့မျိုး ရောက်ပြီဆိုတာနဲ့ အလုပ်နဲ့ပတ်သက်တာမတွေးဘဲ စိတ်အေးလက်အေး အနားယူပါ။ ဖုန်းကိုပိတ်ပြီး အလုပ်နဲ့မပတ်သက်တဲ့ ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုကို လုပ်ပါ။ အဲဒါမှပဲ နောက်တစ်ရက် လုပ်ငန်းခွင် ပြန်ဝင်ရင် စိတ်သစ်လူသစ်နဲ့ စိတ်ဖိစီးမှုကင်းကင်း အလုပ်လုပ်နိုင်မှာပါ။
●  တရားထိုင်ပါ - စစချင်းခက်ခဲပေမယ့် ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါ။
●  ကိုယ့်အထက်လူကြီးနဲ့ ဆွေးနွေးပါ - ကိုယ့်ဘက်က ကြုံတွေ့နေရတဲ့ အခက်အခဲတွေ စိတ်ဖိစီးမှုတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ သူ့ဘက်ကလည်း ကိုယ့်ဆီက ဘာတွေ မျှော်လင့်ထားလဲ။ ဘာတွေပြင်စေချင်လည်းဆိုတာ နားထောင်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာပါ။
●  အကူအညီယူပါ - စိတ်ဖိစီးမှုတွေ အရမ်းများနေပြီ မခံနိုင်တော့ဘူးထင်ရင် သူငယ်ချင်း၊ မိသားစုတွေကို ရင်ဖွင့်ပါ။ ဒီထက်ဆိုးလာပြီး အလုပ်ရော၊ အိမ်မှာပါ မပျော်တော့တာ ဘာမှမလုပ်ချင်တာမျိုး ဖြစ်လာရင်တော့ စိတ်ရောဂါဆရာဝန်တွေ၊ စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။

Dr. Htar (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

အခုလိုကာလအတြင္းမွာ အလုပ္လုပ္ေနတဲ့လူတိုင္းဟာ အလုပ္နဲ႔ပတ္သက္တဲ့စိတ္ဖိစီးမႈကို တစ္နည္းမဟုတ္တစ္နည္း ခံစားၾကရမွာပါ။ ကိုယ္အရမ္းခ်စ္ပါတယ္ဆိုတဲ့ အလုပ္ကို လုပ္ေနတဲ့လူေတာင္မွေပါ့။ စိတ္ဖိစီးမႈ ေသးေသးေလးေတြဟာ ကိစၥမရွိေပမယ့္ ဒီစိတ္ဖိစီးမႈဟာ အၿမဲတမ္း ျဖစ္ေနၿပီဆိုရင္ေတာ့ ကိုယ္က်န္းမာေရးသာမက စိတ္က်န္းမာေရးကိုပါ ထိခိုက္လာမွာပါ။
အလုပ္လုပ္ေနသေ႐ြ႕ေတာ့ စိတ္ဖိစီးမႈေတြကို ေရွာင္လႊဲလို႔မရေပမယ့္ အတတ္ႏိုင္ဆုံး ဘယ္လိုေလွ်ာ့ခ်ၾကမလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

>>  အဓိက စိတ္ဖိစီးမႈကိုျဖစ္ေစတဲ့ အေၾကာင္းအရာေတြက -
●  အေျခအေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္ကရပ္နားခံလိုက္ရတာ
●  လုပ္ခလစာနည္းသြားတာ
●  အလုပ္တာဝန္မ်ားျပားတာ
●  ရာထူးတိုးဖို႔ ကိုယ့္ရဲ႕တိုးတက္မႈကိုရွာဖို႔ အခြင့္အလမ္းနည္းတာ
●  အလုပ္ပတ္ဝန္းက်င္ဟာ ေႏြးေထြးမႈမရွိတာ
●  အထက္လူႀကီးနဲ႔ အဆင္မေျပတာတို႔ေတြ ပါတဲ့။

စိတ္ဖိစီးမႈေတြကို ေသခ်ာမေလွ်ာ့ခ်ႏိုင္ဘဲ အခ်ိန္ၾကာလာခဲ့ရင္ ေခါင္းကိုက္တာ၊ ဗိုက္နာတာ၊ စိတ္တိုတတ္တာ၊ ညဘက္ေတြ အိပ္မေပ်ာ္တာ၊ ေသြးတိုးတာ၊ ကိုယ္ခံအားမေကာင္းတာေတြက အစျပဳၿပီး စိတ္က်ေရာဂါ၊ အဝလြန္ေရာဂါနဲ႔ ႏွလုံးေရာဂါေတြအထိ ျဖစ္လာႏိုင္ပါတယ္။
စိတ္ဖိစီးမႈေတြကို ေျဖရွင္းၾကတဲ့ေနရာမွာ တခ်ိဳ႕ေတြက အစားမ်ားမ်ားစားတာ၊ ေဆးလိပ္ေသာက္၊ အရက္ေသာက္ၿပီး ေျဖရွင္းရာကေန ေနာက္ဆုံးမူးယစ္ေဆး သုံးမိတာအထိ ျဖစ္လာႏိုင္တယ္။

အဲဒီလိုေတြမျဖစ္ေအာင္ ဘယ္လိုနည္းလမ္းတက် ေျဖရွင္းၾကမလဲဆိုတာက အႀကံေပးခ်င္ပါတယ္။
●  မွတ္တမ္းေရးပါ - ကိုယ္ ဘယ္လိုအေျခအေနနဲ႔ႀကဳံလာရင္ စိတ္ဖိစီးလာလဲ။ အဲလိုအခါမ်ိဳးမွာ ကိုယ္ ဘယ္လိုေျဖရွင္းသလဲ။ ဘာေတြလုပ္မိလဲ၊ ဥပမာ - ေအာ္ၿပီးေျပာမိလား လမ္းထြက္ေလွ်ာက္လိုက္တာမ်ိဳးလား ဆိုတာေတြကို မွတ္တမ္းအေနနဲ႔ ခ်ေရးလိုက္ျခင္းက ကိုယ့္ကိုကိုယ္ပိုၿပီး သတိထားမိလာပါလိမ့္မယ္။
●  ေကာင္းမြန္တဲ့တုံ႔ျပန္မႈကို ေမြးျမဴပါ - အားကစားလုပ္ပါ။ ေယာဂေဆာ့တာကလည္း စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ကိုယ္ဝါသနာပါတဲ့ အရာေတြကိုလုပ္ဖို႔ အခ်ိန္ေပးပါ။ အိပ္ေရးဝဝအိပ္ပါ။ အိပ္တာက စိတ္ဖိစီးမႈကို အေကာင္းဆုံး ေလွ်ာ့ခ်ႏိုင္တဲ့ေဆးပါပဲတဲ့။ ေကာင္းေကာင္း အိပ္ႏိုင္ေအာင္ေတာ့ ညဘက္ေတြမွာ ေကာ္ဖီ ေသာက္တာ၊ ဖုန္းသုံးတာကို ေရွာင္ရမယ္။
●  အလုပ္ခ်ိန္ကို သတ္သတ္မွတ္မွတ္ထားပါ - လူအမ်ားစုက Work from Home ျဖစ္ေနေသးခ်ိန္ဆိုေတာ့ အလုပ္ခ်ိန္ကို သိပ္သတ္သတ္မွတ္မွတ္ထားလို႔ေတာ့ မရပါဘူး။ ဒါေပမဲ့ Sunday လိုေန႔မ်ိဳးကိုေတာ့ စိတ္ေရာ၊ လူပါ ျပည့္ျပည့္၀၀ အနားယူလိုက္ပါ။
●  ကိုယ့္ကိုကိုယ္ အခ်ိန္ေပးၿပီး အားျပန္ေမြးပါ - အခုနက ေျပာခဲ့သလို Sunday လိုေန႔မ်ိဳး ေရာက္ၿပီဆိုတာနဲ႔ အလုပ္နဲ႔ပတ္သက္တာမေတြးဘဲ စိတ္ေအးလက္ေအး အနားယူပါ။ ဖုန္းကိုပိတ္ၿပီး အလုပ္နဲ႔မပတ္သက္တဲ့ ကိုယ္ႏွစ္သက္တဲ့အရာတစ္ခုခုကို လုပ္ပါ။ အဲဒါမွပဲ ေနာက္တစ္ရက္ လုပ္ငန္းခြင္ ျပန္ဝင္ရင္ စိတ္သစ္လူသစ္နဲ႔ စိတ္ဖိစီးမႈကင္းကင္း အလုပ္လုပ္ႏိုင္မွာပါ။
●  တရားထိုင္ပါ - စစခ်င္းခက္ခဲေပမယ့္ ျဖည္းျဖည္းခ်င္း ေလ့က်င့္ယူပါ။
●  ကိုယ့္အထက္လူႀကီးနဲ႔ ေဆြးေႏြးပါ - ကိုယ့္ဘက္က ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြ စိတ္ဖိစီးမႈေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပပါ။ သူ႔ဘက္ကလည္း ကိုယ့္ဆီက ဘာေတြ ေမွ်ာ္လင့္ထားလဲ။ ဘာေတြျပင္ေစခ်င္လည္းဆိုတာ နားေထာင္ၿပီး ႏွစ္ဦးႏွစ္ဖက္ ညႇိႏႈိင္းအေျဖရွာပါ။
●  အကူအညီယူပါ - စိတ္ဖိစီးမႈေတြ အရမ္းမ်ားေနၿပီ မခံႏိုင္ေတာ့ဘူးထင္ရင္ သူငယ္ခ်င္း၊ မိသားစုေတြကို ရင္ဖြင့္ပါ။ ဒီထက္ဆိုးလာၿပီး အလုပ္ေရာ၊ အိမ္မွာပါ မေပ်ာ္ေတာ့တာ ဘာမွမလုပ္ခ်င္တာမ်ိဳး ျဖစ္လာရင္ေတာ့ စိတ္ေရာဂါဆရာဝန္ေတြ၊ စိတ္ပညာရွင္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ပါ။

Dr. Htar (www.drmyanmar.com)