/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမေရိကန်ကို-covid-19-ကူးစက်မှုအများဆုံးဖြစ်ပွားစေခဲ့တဲ့

အမေရိကန်ကို COVID-19 ကူးစက်မှုအများဆုံးဖြစ်ပွားစေခဲ့တဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

WHO ရဲ့ ပြောကြားချက်တွေအရ ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုလက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါရဲ့ ဗဟိုချက်မတစ်ခုဖြစ်လာပြီးလို့ သတိပေးသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိမှာတော့ လူဦးရေ ၈ သောင်းခွဲကျော် ရောဂါကူးစက်ခံနေရပြီး ဒါဟာ ရောဂါရဲ့ မှုလဇာစ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံထက်တောင် ၄ ထောင်ကျော်ပိုများတဲ့ အနေအထားမျိုးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ လက်ရှိမှာတော့ ပြည်သူများကို အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ရောဂါကြောင့်သေဆုံးမှုအနေနဲ့ လူဦးရေ ၁၃၀၀ ရှိနေပြီး အရေအတွက်မှာတော့ တခြားကူးစက်နှုန်းများတဲ့နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အီတလီနိုင်ငံတွေထက်စာရင် နည်းပါးနေပါသေးတယ်။
လူဦးရေ ၃၃၀ သန်းကျော် နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေအများဆုံးနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ လူဦးရေများပြားတာနဲ့အညီ စီးပွားရေးအရ တောင့်တင်းတဲ့နိုင်ငံတစ်ခု ဖြစ်ပေမယ့် လက်ရှိမှာတော့ ကူးစက်နှုန်းမြင့်မားတဲ့ COVID-19 က နိုင်ငံအနေအထားကို အကြီးအကျယ် ခြိမ်းခြောက်လျက်လည်း ရှိနေပါတယ်။
နိုင်ငံအတွင်းမှာရှိတဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ပြည်နယ်များအနေနဲ့ ရောဂါထိန်းချုပ်ရာမှာ တစ်ဦးချင်းစီသာ ပြည်နယ်အလိုက်ကွဲပြားတဲ့ ပုံစံမျိုးတွေနဲ့ ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အစိုးရအနေနဲ့ ပြည်သူကျန်မားရေးအတွက် စောင့်ရှောက်မှုတွေမှာတော့ တစ်ပြေးညီဖြစ်အောင် ညွှန်ကြားပေးထားတာမျိုးတော့ မရှိသေးပါဘူး။
ရောဂါထိန်းချုပ်မှုမသေသပ်ခြင်းတွေနဲ့ များပြားစွာသော အကြောင်းတရားတွေက နိုင်ငံကို ရောဂါဗဟိုချက်မဖြစ်အောင် တွန်းပို့လျက်ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ရောဂါပိုးပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ ဆက်သွယ်မှုရှိတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုတင်ကာကွယ်မှုတွေမှာ အားနည်းမှုတွေရှိခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကိုတိုက်ဖျက်နေရတဲ့ ကျန်မားရေဝန်ထမ်းတွေအတွက် Masks နဲ့ ကျန်မားရေးဆိုင်ရာ အကာကွယ်ပစ္စည်းများဟာ လုံလောက်မှုရှိမနေတာကို မြင်တွေ့ နေရပါတယ်။
တရုတ်ဒေသအာဏာပိုင်များအနေနဲ့ ၂၀၀၃ ခုနစ်က စတင်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ SARS တုန်းကလိုပဲ အခုအကြိမ်မှာလည်း COVID-19 စတင်ဖြစ်ပွားရာ ဝူဟန်မြို့ကို စောစီးစွာထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပါတယ်။
သို့သော်လည်း အစိုးရအနေနဲ့ နိုင်ငံတစ်ဝန်း ကူးစက်မှုမြင့်မားလာချိန်မှာ ‌ရောဂါကို အကောင်းဆုံး ထိန်းချုပ်နိုင်စွမ်း ရှိခဲ့ပါတယ်။ တရုတ်အစိုးရရဲ့  ပြည်သူကျန်မားရေးစနစ်ဟာ ရောဂါကာကွယ်ရာမှာတော့များစွာ အလုပ်ဖြစ်ခဲ့ပြီး တစ်ဆင့်ချင်းတစ်ဆင့် တစ်မြို့ချင်း တစ်မြို့ချင်းတစ်မြို့စီ ကာကွယ်ခဲ့တာဖြစ်ပါတယ်။  ဒါ့အပြင် အနီးနားနိုင်ငံတွေဖြစ်တဲ့ Singapore, Taiwan, South Korea နဲ့ Japan နိုင်ငံတွေအနေနဲ့လည်း ကြိုတင်ကာကွယ်မှုတွေဟာ ကောင်းမွန်ခဲ့ပါတယ်။

Bio Adult 1

အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုအချိန်မှာ သာမန်နိုင်ငံရေးကိစ္စတွေနဲ့သာ အလုပ်များနေပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်မှုတွေကိုတော့ မျက်ကွယ်ပြုထားခဲ့ပါတယ်။
တရုတ်က ထွက်ရှိလာခဲ့တဲ့ Video တွေအရ ကြမ်းပြင်ပေါ်မှာ အလောင်းတွေ များပြားနေခဲ့တာတွေ၊ ဆရာဝန်တွေ စိတ်ပျက်စွာ ငိုကြွေးနေခဲ့တာတွေ၊ မီးသင်္ဂြိုဟ်သည့်နေရာ အပြင်ဘက်တွေ အလောင်းတွေစုပုံနေတာကိုသာ မြင်တွေ့နေခဲ့ရပါတယ်။ သို့သော်လည်း ကင်မရာများမမြင်တွေ့နိုင်သည့် အခြားဘက်ခြမ်းမှာတော့ တရုတ်အစိုးရရဲ့  ကာကွယ်မှုတွေဟာ များစွာကောင်းမွန်နေခဲ့တာကို သေဆုံးမှုအချိုး ရလဒ်တွေအရ မြင်တွေ့ နေရမှာဖြစ်ပါတယ်။
တရုတ်ကို ရိုက်ခတ်မှုပြင်းထန်ပြီးနောက်မှာတော့ ကူးစက်မှုလျင်မြန်တဲ့ COVID-19 သည် ရောဂါပိုးသည် အီရန်၊ စပိန်၊ အီတလီနဲ့ ပြင်သစ်တို့ကို အကြီးအကျယ် ကူးစက်ပျံ့နှံ့လျက်ရှိနေပါတယ်။ အီတလီနိုင်ငံအနေနဲ့ အဆိုးရွားဆုံး အနေအထားနဲ့ ကြုံတွေ့နေရပြီး ကူးစက်ခံရသူလူဦးရေ အထူးများပြားတဲ့အပြင် ဆေးရုံများ ဆေးဖက်ဆိုင်ရာပစ္စည်းများ လုံလောက်စွာမရှိခြင်းကလည်း သေဆုံးမှုတွေကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
အီတလီနိုင်ငံမှာ ဆိုးရွားစွာဖြစ်ပွားနေသည်တိုင်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆိုပါရောဂါအတွက် အဆင့်သင့်ဖြစ်မနေပါဘူး၊။ ထရီလီယံပေါင်းများစွာ ထောက်ပံ့ပေးထားတဲ့ ကျန်းမာရေးစနစ်ရှိပေမယ့် ရောဂါဝင်ရောက်လာချိန်မှာ ထိန်းချုပ်မှုအားနည်းခဲ့ပါတယ်။
အမေရိကန်မှာရှိတဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ရောဂါရှာဖွေထောက်လှမ်းရေး အေဂျင်စီများအနက်မှ တစ်ခုဖြစ်ပြီး ထိုစင်တာမှာရှိတဲ့ ဆရာဝန်များဟာ အီဘိုလာ၊ ဇီကာနဲ့ အခြားကူးစက်ရောဂါများကို နှိမ်နင်းရာမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့ကြတဲ့ အတွေ့အကြုံရင့် ဆရာဝန်များ ဖြစ်ကြပါတယ်။
သို့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လာချိန်မှာ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီအနေနဲ့ တိတ်ဆိတ်စွာ ရှုံးနိမ့်နေပါသေးတယ်။
နယူးယောက်မြို့ တည်ရှိတဲ့ လူဦးရေသန်း ၁၆၀ နေထိုင်သည့် ကယ်လီဖိုးနီးယားပြည်နယ်ဟာ အဆိုးရွားဆုံးအနေအထားနဲ့ ရင်ဆိုင်နေရပြီး သေဆုံးမှုများပြားတာကြောင့် အလောင်းများ ဆေးရုံနေရာ အနှံအပြားမှာ စုပြုံနေခဲ့ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ နေထိုင်သူများကို အိမ်မှာသာ နေဖို့ အမိန့်ပေးထားပြီး လူစုလူ‌ဝေးများတဲ့ ကျောင်းများ၊ ဘားများနဲ့ အခြားစီးပွား‌ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။ ‌ရောဂါကာကွယ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အကာကွယ်ပစ္စည်းကိရိယာများ နည်းပါးလာခြင်းနဲ့ ဆေးရုံများမှာ လူနာအရေအတွက် တိုးလာမှုတွေကြောင့် ထိန်းချုပ်ရ အလွန်ခက်ခဲနေပါတယ်။ အမေရိကန်မှာရှိတဲ့အခြား ဆေးရုံများသည်လည်း ထိုသို့ဖြစ်ပွားလာမှာကို ကြောက်ရွံနေကြနေပါတယ်။
ဒီကပ်ရောဂါကြီးပြီးနောက်မှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူဦးရေ ၁.၃ သန်းရှိတဲ့ အိန္ဒိယကို ကျော်လွန်ပြီး လူသေဆုံးမှုအများဆုံး ဖြစ်လာပါလိမ့်မယ်။ အိန္ဒိယနိုင်ငံ လူဦးရေများပြားစွာ နေထိုင်ပေမယ့် လက်ရှိအချိန်ထိတော့ COVID-19 ကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံသည် လက်ရှိမှာတော့ COVID-19 ကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး လူဦးရေ ၈၂၀၀ ကျော်ထိ သေဆုံးခဲ့ပါတယ်။ ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအနေနဲ့ ၃၀၀၀ ကျော်သေဆုံးခဲ့ပြီး လက်ရှိကူးစက်မှုနှုန်းဖြစ်ပွားနေတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သေဆုံးသူဦးရေဟာ ယခုထက်များစွာ မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။

www.drmyanmar.com

Bio Adult 2

(Zawgyi)

WHO ရဲ႕ ေျပာၾကားခ်က္ေတြအရ ကမာၻအင္အားႀကီးႏိုင္ငံတစ္ခုျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အခုလက္ရွိျဖစ္ပြားေနတဲ့ COVID-19 ေရာဂါရဲ႕ ဗဟိုခ်က္မတစ္ခုျဖစ္လာၿပီးလို႔ သတိေပးသြားခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုအေနနဲ႔ လက္ရွိမွာေတာ့ လူဦးေရ ၈ ေသာင္းခြဲေက်ာ္ ေရာဂါကူးစက္ခံေနရၿပီး ဒါဟာ ေရာဂါရဲ႕ မႈလဇာစ္ျမစ္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံထက္ေတာင္ ၄ ေထာင္ေက်ာ္ပိုမ်ားတဲ့ အေနအထားမ်ိဳးကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္အစိုးရအေနနဲ႔ လက္ရွိမွာေတာ့ ျပည္သူမ်ားကို အိမ္ထဲကေန အိမ္အျပင္ကို မထြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။
ေရာဂါေၾကာင့္ေသဆုံးမႈအေနနဲ႔ လူဦးေရ ၁၃၀၀ ရွိေနၿပီး အေရအတြက္မွာေတာ့ တျခားကူးစက္ႏႈန္းမ်ားတဲ့ႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္နဲ႔ အီတလီႏိုင္ငံေတြထက္စာရင္ နည္းပါးေနပါေသးတယ္။
လူဦးေရ ၃၃၀ သန္းေက်ာ္ ေနထိုင္တဲ့ အေမရိကန္ျပည္ေထာင္စုဟာ ကမာၻေပၚမွာ တတိယေျမာက္ လူဦးေရအမ်ားဆုံးႏိုင္ငံတစ္ခုလည္း ျဖစ္ပါတယ္။ လူဦးေရမ်ားျပားတာနဲ႔အညီ စီးပြားေရးအရ ေတာင့္တင္းတဲ့ႏိုင္ငံတစ္ခု ျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ကူးစက္ႏႈန္းျမင့္မားတဲ့ COVID-19 က ႏိုင္ငံအေနအထားကို အႀကီးအက်ယ္ ၿခိမ္းေျခာက္လ်က္လည္း ရွိေနပါတယ္။
ႏိုင္ငံအတြင္းမွာရွိတဲ့ ကိုယ္ပိုင္လြတ္လပ္တဲ့ျပည္နယ္မ်ားအေနနဲ႔ ေရာဂါထိန္းခ်ဳပ္ရာမွာ တစ္ဦးခ်င္းစီသာ ျပည္နယ္အလိုက္ကြဲျပားတဲ့ ပုံစံမ်ိဳးေတြနဲ႔ ထိန္းခ်ဳပ္ေနတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အစိုးရအေနနဲ႔ ျပည္သူက်န္မားေရးအတြက္ ေစာင့္ေရွာက္မႈေတြမွာေတာ့ တစ္ေျပးညီျဖစ္ေအာင္ ၫႊန္ၾကားေပးထားတာမ်ိဳးေတာ့ မရွိေသးပါဘူး။
ေရာဂါထိန္းခ်ဳပ္မႈမေသသပ္ျခင္းေတြနဲ႔ မ်ားျပားစြာေသာ အေၾကာင္းတရားေတြက ႏိုင္ငံကို ေရာဂါဗဟိုခ်က္မျဖစ္ေအာင္ တြန္းပို႔လ်က္ရွိေနပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ေရာဂါပိုးျပင္းထန္ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံနဲ႔ စီးပြားေရးအရ ဆက္သြယ္မႈရွိတဲ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ႀကိဳတင္ကာကြယ္မႈေတြမွာ အားနည္းမႈေတြရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ ေရာဂါကိုတိုက္ဖ်က္ေနရတဲ့ က်န္မားေရဝန္ထမ္းေတြအတြက္ Masks နဲ႔ က်န္မားေရးဆိုင္ရာ အကာကြယ္ပစၥည္းမ်ားဟာ လုံေလာက္မႈရွိမေနတာကို ျမင္ေတြ႕ ေနရပါတယ္။
တ႐ုတ္ေဒသအာဏာပိုင္မ်ားအေနနဲ႔ ၂၀၀၃ ခုနစ္က စတင္ျဖစ္ပြားတဲ့ ကူးစက္ေရာဂါတစ္ခုျဖစ္တဲ့ SARS တုန္းကလိုပဲ အခုအႀကိမ္မွာလည္း COVID-19 စတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕ကို ေစာစီးစြာထိန္းခ်ဳပ္ရန္ ပ်က္ကြက္ခဲ့ပါတယ္။
သို႔ေသာ္လည္း အစိုးရအေနနဲ႔ ႏိုင္ငံတစ္ဝန္း ကူးစက္မႈျမင့္မားလာခ်ိန္မွာ ‌ေရာဂါကို အေကာင္းဆုံး ထိန္းခ်ဳပ္ႏိုင္စြမ္း ရွိခဲ့ပါတယ္။ တ႐ုတ္အစိုးရရဲ႕  ျပည္သူက်န္မားေရးစနစ္ဟာ ေရာဂါကာကြယ္ရာမွာေတာ့မ်ားစြာ အလုပ္ျဖစ္ခဲ့ၿပီး တစ္ဆင့္ခ်င္းတစ္ဆင့္ တစ္ၿမိဳ႕ခ်င္း တစ္ၿမိဳ႕ခ်င္းတစ္ၿမိဳ႕စီ ကာကြယ္ခဲ့တာျဖစ္ပါတယ္။  ဒါ့အျပင္ အနီးနားႏိုင္ငံေတြျဖစ္တဲ့ Singapore, Taiwan, South Korea နဲ႔ Japan ႏိုင္ငံေတြအေနနဲ႔လည္း ႀကိဳတင္ကာကြယ္မႈေတြဟာ ေကာင္းမြန္ခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ထိုအခ်ိန္မွာ သာမန္ႏိုင္ငံေရးကိစၥေတြနဲ႔သာ အလုပ္မ်ားေနၿပီး COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္မႈေတြကိုေတာ့ မ်က္ကြယ္ျပဳထားခဲ့ပါတယ္။
တ႐ုတ္က ထြက္ရွိလာခဲ့တဲ့ Video ေတြအရ ၾကမ္းျပင္ေပၚမွာ အေလာင္းေတြ မ်ားျပားေနခဲ့တာေတြ၊ ဆရာဝန္ေတြ စိတ္ပ်က္စြာ ငိုေႂကြးေနခဲ့တာေတြ၊ မီးသၿဂႋဳဟ္သည့္ေနရာ အျပင္ဘက္ေတြ အေလာင္းေတြစုပုံေနတာကိုသာ ျမင္ေတြ႕ေနခဲ့ရပါတယ္။ သို႔ေသာ္လည္း ကင္မရာမ်ားမျမင္ေတြ႕ႏိုင္သည့္ အျခားဘက္ျခမ္းမွာေတာ့ တ႐ုတ္အစိုးရရဲ႕  ကာကြယ္မႈေတြဟာ မ်ားစြာေကာင္းမြန္ေနခဲ့တာကို ေသဆုံးမႈအခ်ိဳး ရလဒ္ေတြအရ ျမင္ေတြ႕ ေနရမွာျဖစ္ပါတယ္။
တ႐ုတ္ကို ႐ိုက္ခတ္မႈျပင္းထန္ၿပီးေနာက္မွာေတာ့ ကူးစက္မႈလ်င္ျမန္တဲ့ COVID-19 သည္ ေရာဂါပိုးသည္ အီရန္၊ စပိန္၊ အီတလီနဲ႔ ျပင္သစ္တို႔ကို အႀကီးအက်ယ္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္။ အီတလီႏိုင္ငံအေနနဲ႔ အဆိုး႐ြားဆုံး အေနအထားနဲ႔ ႀကဳံေတြ႕ေနရၿပီး ကူးစက္ခံရသူလူဦးေရ အထူးမ်ားျပားတဲ့အျပင္ ေဆး႐ုံမ်ား ေဆးဖက္ဆိုင္ရာပစၥည္းမ်ား လုံေလာက္စြာမရွိျခင္းကလည္း ေသဆုံးမႈေတြကို ျမင့္တက္ေစခဲ့တာ ျဖစ္ပါတယ္။
အီတလီႏိုင္ငံမွာ ဆိုး႐ြားစြာျဖစ္ပြားေနသည္တိုင္ေအာင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အဆိုပါေရာဂါအတြက္ အဆင့္သင့္ျဖစ္မေနပါဘူး၊။ ထရီလီယံေပါင္းမ်ားစြာ ေထာက္ပံ့ေပးထားတဲ့ က်န္းမာေရးစနစ္ရွိေပမယ့္ ေရာဂါဝင္ေရာက္လာခ်ိန္မွာ ထိန္းခ်ဳပ္မႈအားနည္းခဲ့ပါတယ္။
အေမရိကန္မွာရွိတဲ့ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာသည္ ကမာၻေပၚရွိ အႀကီးမားဆုံး ေရာဂါရွာေဖြေထာက္လွမ္းေရး ေအဂ်င္စီမ်ားအနက္မွ တစ္ခုျဖစ္ၿပီး ထိုစင္တာမွာရွိတဲ့ ဆရာဝန္မ်ားဟာ အီဘိုလာ၊ ဇီကာနဲ႔ အျခားကူးစက္ေရာဂါမ်ားကို ႏွိမ္နင္းရာမွာ အင္တိုက္အားတိုက္ပါဝင္ခဲ့ၾကတဲ့ အေတြ႕အႀကဳံရင့္ ဆရာဝန္မ်ား ျဖစ္ၾကပါတယ္။
သို႔ေသာ္လည္း COVID-19 ေရာဂါျဖစ္ပြားမႈ ျမင့္တက္လာခ်ိန္မွာ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရး ေအဂ်င္စီအေနနဲ႔ တိတ္ဆိတ္စြာ ရႈံးနိမ့္ေနပါေသးတယ္။
နယူးေယာက္ၿမိဳ႕ တည္ရွိတဲ့ လူဦးေရသန္း ၁၆၀ ေနထိုင္သည့္ ကယ္လီဖိုးနီးယားျပည္နယ္ဟာ အဆိုး႐ြားဆုံးအေနအထားနဲ႔ ရင္ဆိုင္ေနရၿပီး ေသဆုံးမႈမ်ားျပားတာေၾကာင့္ အေလာင္းမ်ား ေဆး႐ုံေနရာ အႏွံအျပားမွာ စုၿပဳံေနခဲ့ပါတယ္။ ျပည္နယ္အစိုးရအေနနဲ႔ ေနထိုင္သူမ်ားကို အိမ္မွာသာ ေနဖို႔ အမိန႔္ေပးထားၿပီး လူစုလူ‌ေဝးမ်ားတဲ့ ေက်ာင္းမ်ား၊ ဘားမ်ားနဲ႔ အျခားစီးပြား‌ေရးလုပ္ငန္းေတြကို ရပ္ဆိုင္းထားပါတယ္။ ‌ေရာဂါကာကြယ္ရာမွာ မရွိမျဖစ္လိုအပ္တဲ့ အကာကြယ္ပစၥည္းကိရိယာမ်ား နည္းပါးလာျခင္းနဲ႔ ေဆး႐ုံမ်ားမွာ လူနာအေရအတြက္ တိုးလာမႈေတြေၾကာင့္ ထိန္းခ်ဳပ္ရ အလြန္ခက္ခဲေနပါတယ္။ အေမရိကန္မွာရွိတဲ့အျခား ေဆး႐ုံမ်ားသည္လည္း ထိုသို႔ျဖစ္ပြားလာမွာကို ေၾကာက္႐ြံေနၾကေနပါတယ္။
ဒီကပ္ေရာဂါႀကီးၿပီးေနာက္မွာေတာ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ လူဦးေရ ၁.၃ သန္းရွိတဲ့ အိႏၵိယကို ေက်ာ္လြန္ၿပီး လူေသဆုံးမႈအမ်ားဆုံး ျဖစ္လာပါလိမ့္မယ္။ အိႏၵိယႏိုင္ငံ လူဦးေရမ်ားျပားစြာ ေနထိုင္ေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ COVID-19 ကို အေကာင္းဆုံး ထိန္းခ်ဳပ္ထားႏိုင္ဆဲ ျဖစ္ပါတယ္။ အီတလီႏိုင္ငံသည္ လက္ရွိမွာေတာ့ COVID-19 ေၾကာင့္ ေသဆုံးသူအမ်ားဆုံးျဖစ္ၿပီး လူဦးေရ ၈၂၀၀ ေက်ာ္ထိ ေသဆုံးခဲ့ပါတယ္။ ေရာဂါစတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံအေနနဲ႔ ၃၀၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး လက္ရွိကူးစက္မႈႏႈန္းျဖစ္ပြားေနတဲ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေသဆုံးသူဦးေရဟာ ယခုထက္မ်ားစြာ ျမင့္တက္လာႏိုင္ေျခ ရွိေနပါတယ္။

www.drmyanmar.com