/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဖြစ်များတဲ့-ခေါင်းကိုက်ခြင်း-ဝေဒနာ-၃-မျိုး

အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း ဝေဒနာ (၃) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       မနက်ဖြန် စာမေးပွဲ ရှိတယ် ... ညဘက်ထိ စာတွေမရသေးဘူး ... ခေါင်းတွေတောင် ထိုးကိုက်လာပြီ။ ဒီလို စိတ်ဖိစီးမှုတွေ များပြားလာတဲ့အချိန်မှာ ခေါင်းထဲက ထိုးကိုက်လာတတ်တယ်ဆိုပါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
       ဒါဆို စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်ခြင်းက ဆက်စပ်မှုရှိလေသလား? ခေါင်းကိုက်ခြင်းအားလုံးကကော စိတ်ဖိစီးမှုကြောင့်သာ ဖြစ်ပေါ်တတ်လားဆိုတာကို သိရှိချင်ကြမယ် ထင်ပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း (၃) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1.     ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine Headaches)
       ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် အလွန်ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ၄ နာရီကနေ ၇၂ နာရီလောက် ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ခေါင်းတစ်ခြမ်းတွင်သာ နာကျင်ကိုက်ခဲတတ်ပြီး လမ်းလျှောက်ခြင်းကဲ့သို့သော လှုပ်ရှားခြင်းပြုလုပ်သည့်အခါ ပိုမိုနာကျင်တတ်ပါတယ်။ ပျို့အန်ခြင်း၊ အလင်း သို့မဟုတ် အသံကို ခံနိုင်ရည်မရှိခြင်းတို့လည်း တွဲဖက်ဖြစ်ပေါ်နိုင်ပါတယ်။
       စိတ်ဖိစီးမှုသက်သက်ကြောင့်တော့ ခေါင်းတစ်ခြမ်းကိုက်ခြင်း မဖြစ်ပေါ်စေပေမယ့် ဖြစ်ဖို့အလားအလာကိုတော့ များစေပါတယ်။

2.     ရောဂါတစ်ခုခုကြောင့် ခေါင်းကိုက်ခြင်း (Secondary Headaches)
       ဦးနှောက်အကျိတ်များနှင့် လေဖြတ်ခြင်းကြောင့် ခေါင်းကိုက်ခြင်းဝေဒနာ ခံစားရတတ်ပါတယ်။ ထိုသို့သော ခေါင်းကိုက်ခြင်းမျိုးကတော့ စိတ်ဖိစီးမှုနဲ့ ဆက်စပ်ခြင်းမရှိပေမယ့် စိတ်ဖိစီးမှုရှိနေချိန်များတွင် ခေါင်းကိုက်စေဖို့ ပိုအလားအလာများတာ တွေ့ရပါတယ်။

Bio Adult 1

3.     စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Tension Headaches)
       အရွယ်ရောက်ပြီးသူများရဲ့ သုံးပုံတစ်ပုံတွင် ဖြစ်ပေါ်လေ့ရှိသော ခေါင်းကိုက်ခြင်းဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်ကြောင်း လေ့လာချက်များအရ သိရှိရပါတယ်။ စိတ်ဖိစီးခြင်းဖြစ်ပေါ်ပါက ခေါင်းနှစ်ဖက်အပါအဝင် နှဖူးနဲ့ဇက်ကြောနေရာတွင် တင်းကြပ်ကိုက်ခဲခြင်းကို ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဟာ တစ်လတွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမပျက်လုပ်ဆောင်နိုင်ပါတယ်။

>>    ခေါင်းကိုက်ခြင်းကို ဘယ်လိုကာကွယ်နိုင်သလဲ?
        ခေါင်းကိုက်ခြင်းများအနက် စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဟာ အဖြစ်များဆုံးဖြစ်တဲ့အလျောက် စိတ်ဖိစီးမှုလျော့နည်းအောင် ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းခြင်းဖြင့် ကျန်သော ခေါင်းကိုက်ဝေဒနာနှစ်မျိုးကိုပါ အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေတာမို့ စိတ်ဖိစီးမှုများနေသူများအနေဖြင့် ဆရာဝန်နှင့်ပြသဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။
    တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ သူငယ်ချင်းများနှင့် တွေ့ဆုံခြင်းစသည့် စိတ်အပန်းပြေစေတဲ့ နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းကို သက်သာအောင် ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Bio Adult 2

(Zawgyi)

       မနက္ျဖန္ စာေမးပြဲ ရွိတယ္ ... ညဘက္ထိ စာေတြမရေသးဘူး ... ေခါင္းေတြေတာင္ ထိုးကိုက္လာၿပီ။ ဒီလို စိတ္ဖိစီးမႈေတြ မ်ားျပားလာတဲ့အခ်ိန္မွာ ေခါင္းထဲက ထိုးကိုက္လာတတ္တယ္ဆိုပါက သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။
       ဒါဆို စိတ္ဖိစီးမႈနဲ႔ ေခါင္းကိုက္ျခင္းက ဆက္စပ္မႈရွိေလသလား? ေခါင္းကိုက္ျခင္းအားလုံးကေကာ စိတ္ဖိစီးမႈေၾကာင့္သာ ျဖစ္ေပၚတတ္လားဆိုတာကို သိရွိခ်င္ၾကမယ္ ထင္ပါတယ္။ ဒါေၾကာင့္ အျဖစ္မ်ားတဲ့ ေခါင္းကိုက္ျခင္း (၃) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

1.     ေခါင္းတစ္ျခမ္းကိုက္ျခင္း (Migraine Headaches)
       ေခါင္းတစ္ျခမ္းကိုက္ျခင္းေၾကာင့္ အလြန္ျပင္းထန္ေသာ ေခါင္းကိုက္ေဝဒနာကို ၄ နာရီကေန ၇၂ နာရီေလာက္ ခံစားရႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ ေခါင္းတစ္ျခမ္းတြင္သာ နာက်င္ကိုက္ခဲတတ္ၿပီး လမ္းေလွ်ာက္ျခင္းကဲ့သို႔ေသာ လႈပ္ရွားျခင္းျပဳလုပ္သည့္အခါ ပိုမိုနာက်င္တတ္ပါတယ္။ ပ်ိဳ႕အန္ျခင္း၊ အလင္း သို႔မဟုတ္ အသံကို ခံႏိုင္ရည္မရွိျခင္းတို႔လည္း တြဲဖက္ျဖစ္ေပၚႏိုင္ပါတယ္။
       စိတ္ဖိစီးမႈသက္သက္ေၾကာင့္ေတာ့ ေခါင္းတစ္ျခမ္းကိုက္ျခင္း မျဖစ္ေပၚေစေပမယ့္ ျဖစ္ဖို႔အလားအလာကိုေတာ့ မ်ားေစပါတယ္။

2.     ေရာဂါတစ္ခုခုေၾကာင့္ ေခါင္းကိုက္ျခင္း (Secondary Headaches)
       ဦးေႏွာက္အက်ိတ္မ်ားႏွင့္ ေလျဖတ္ျခင္းေၾကာင့္ ေခါင္းကိုက္ျခင္းေဝဒနာ ခံစားရတတ္ပါတယ္။ ထိုသို႔ေသာ ေခါင္းကိုက္ျခင္းမ်ိဳးကေတာ့ စိတ္ဖိစီးမႈနဲ႔ ဆက္စပ္ျခင္းမရွိေပမယ့္ စိတ္ဖိစီးမႈရွိေနခ်ိန္မ်ားတြင္ ေခါင္းကိုက္ေစဖို႔ ပိုအလားအလာမ်ားတာ ေတြ႕ရပါတယ္။

3.     စိတ္ဖိစီးမႈေၾကာင့္ ေခါင္းကိုက္ျခင္း (Tension Headaches)
       အ႐ြယ္ေရာက္ၿပီးသူမ်ားရဲ႕ သုံးပုံတစ္ပုံတြင္ ျဖစ္ေပၚေလ့ရွိေသာ ေခါင္းကိုက္ျခင္းဟာ စိတ္ဖိစီးမႈေၾကာင့္ျဖစ္ေၾကာင္း ေလ့လာခ်က္မ်ားအရ သိရွိရပါတယ္။ စိတ္ဖိစီးျခင္းျဖစ္ေပၚပါက ေခါင္းႏွစ္ဖက္အပါအဝင္ ႏွဖူးနဲ႔ဇက္ေၾကာေနရာတြင္ တင္းၾကပ္ကိုက္ခဲျခင္းကို ခံစားရတတ္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ ေခါင္းကိုက္ျခင္းဟာ တစ္လတြင္ တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္သာ ျဖစ္ေပၚေလ့ရွိၿပီး ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို ပုံမပ်က္လုပ္ေဆာင္ႏိုင္ပါတယ္။

>>    ေခါင္းကိုက္ျခင္းကို ဘယ္လိုကာကြယ္ႏိုင္သလဲ?
        ေခါင္းကိုက္ျခင္းမ်ားအနက္ စိတ္ဖိစီးမႈေၾကာင့္ ေခါင္းကိုက္ျခင္းဟာ အျဖစ္မ်ားဆုံးျဖစ္တဲ့အေလ်ာက္ စိတ္ဖိစီးမႈေလ်ာ့နည္းေအာင္ ျပဳလုပ္ျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈေလ်ာ့နည္းျခင္းျဖင့္ က်န္ေသာ ေခါင္းကိုက္ေဝဒနာႏွစ္မ်ိဳးကိုပါ အထိုက္အေလ်ာက္ ကာကြယ္ၿပီးသား ျဖစ္ေစတာမို႔ စိတ္ဖိစီးမႈမ်ားေနသူမ်ားအေနျဖင့္ ဆရာဝန္ႏွင့္ျပသေဆြးေႏြးၿပီး ကုသမႈခံယူသင့္ပါတယ္။
    တရားထိုင္ျခင္း၊ စာအုပ္ဖတ္ျခင္း၊ သူငယ္ခ်င္းမ်ားႏွင့္ ေတြ႕ဆုံျခင္းစသည့္ စိတ္အပန္းေျပေစတဲ့ နည္းလမ္းမ်ားကို ရွာေဖြလုပ္ေဆာင္ျခင္းျဖင့္လည္း စိတ္ဖိစီးမႈေၾကာင့္ ေခါင္းကိုက္ျခင္းကို သက္သာေအာင္ ျပဳလုပ္သင့္ေၾကာင္း တင္ျပလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)