/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝိတ်ကျချင်သလား-ပရိုတင်းဓာတ်ကြွယ်ဝတဲ့-အစားအစာ-များများစား

ဝိတ်ကျချင်သလား ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာ များများစား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပရိုတင်းဓာတ်မြင့်မားတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန်ကျစေဖို့ အဓိက ကျကြောင်း လေ့လာမှုအသစ်တစ်ခုက အတည်ပြုထားပြီး ပရိုတင်းဓာတ်များတဲ့ အစားအစာတွေဟာ စားသုံးသူကို ပြည့်အင့်စေပြီး တော်ရုံနဲ့ ဗိုက်ထပ်မဆာစေတာကြောင့် ဝိတ်ကျစေဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ Indiana ရှိ Purdue University မှ သိပ္ပံပညာရှင်တို့က ဆိုပါတယ်။

လေ့လာမှုရဲ့ခေါင်းဆောင်ဖြစ်သူ Dr. Richard Mattes က ပရိုတင်းဓာတ်ဟာ Satiety Hormone (ကျေနပ်တင်းတိမ်ခြင်းကို ဖြစ်စေတဲ့ဟော်မုန်း) တစ်နည်းအားဖြင့် အချိန်ကြာကြာ ဗိုက်ပြည့်နေစေအောင် ကူညီပေးတဲ့ဟော်မုန်းကို ထွက်စေနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားထားပါတယ်။ ပရိုတင်းမြင့်မားစွာပါဝင်လေလေ Satiety Hormone အထွက် များလေလေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာ ဗိုက်ပြည့်နေစေဖို့ ပရိုတင်းပမာဏ ဘယ်လောက်လိုသလဲဆိုတာကိုတော့ အတိအကျ မဆုံးဖြတ်နိုင်သေးပါဘူး။

ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် ပရိုတင်းဓာတ်မြင့်မားစွာပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ အဆီဖယ်ထားတဲ့ အမဲသား၊ ဥအမျိုးမျိုး၊ အခွံမာအသီးနှင့် အစေ့အဆန်များ၊ အရေခွံ မပါတဲ့ ကြက်သား၊ ဒိန်ခဲ၊ Greek ဒိန်ချဉ်၊ ငါး၊ နို့၊ ဝက်ပေါင်သား ၊ တို့ဟူး စတာတွေကို ရွေးချယ်စားသင့်ကြောင်း လေ့လာသူတွေက အကြံပြုထားပါတယ်။

CMS (www.drmyanmar.com)