/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူစုလူဝေးပွဲတွေကြောင့်-ရောဂါမပြန့်ပွားရအောင်

လူစုလူဝေးပွဲတွေကြောင့် ရောဂါမပြန့်ပွားရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(၁) ပွဲတက်ရောက်မည့်သူများကို ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း၊ မိမိကိုယ်တိုင်နှင့် အခြားသူများကိုပါ ရောဂါမကူးစက်စေရန် ကာကွယ်နည်းများကို ကြိုတင်ပြောပြထားခြင်း
(၂) တစ်ဦးချင်းသာမက မိမိတို့ပတ်ဝန်းကျင်ကိုပါ ရောဂါကာကွယ်ဖို့ တိုက်တွန်းရန် အားပေးရှင်းပြခြင်း
(၃) တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ဝေးဝေးနေရန် (အနည်းဆုံး နှစ်မီတာအကွာ)၊ လက်ဆွဲနှုတ်ဆက်မှုကို ရှောင်ကြဉ်ရန်၊ အများသုံးပစ္စည်းတွေကို တတ်နိုင်သမျှ မထိတွေ့ရန် သတိပေးထားခြင်း
(၅) မြင်သာသောနေရာများတွင် ရေမလို လက်သန့်ဆေးရည်များ အလုံအလောက် ထားရှိပေးထားခြင်း
(၆) အစားအသောက်များကို တစ်ဦးနှင့်တစ်ဦး ဝေမျှစားသောက်ခြင်းကို တားမြစ်ခြင်း
(၇) ဖျားနာနေသူများနှင့် ရောဂါကူးစက်ခံရရန် အခွင့်အလမ်းများသူများကို ပွဲမတက်ရောက်ရန် အသိပေး အကြောင်းကြားထားခြင်း၊
(၈) တက်ရောက်လာသူများတွင် ဖျားနာနေသူ ရှိလာပါက သီးသန့်နေရာပြင်ဆင်၍ ရောဂါအခြေအနေကို ဆက်လက်စစ်ဆေးခြင်း
(၉) လိုအပ်ပါက ပွဲကို ဖျက်သိမ်းခြင်း၊ ခေတ္တရွှေ့ဆိုင်းခြင်းနဲ့ ပြန်လည်ပြင်ဆင်ခြင်းတို့ ပြုလုပ်ခြင်း (Live လွှင့်ခြင်း၊ တစ်ဦးချင်း တက်ရောက်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ဝေးဝေးနေ၍ တက်ရောက်စေခြင်း) တို့ကို ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)