/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ပင်းကျီးပေါင်းရောဂါ-မဖြစ်အောင်-ဘယ်လိုကာကွယ်ကြမလဲ

လည်ပင်းကျီးပေါင်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ကျွန်မတို့ ကိုယ်ခန္ဓာမှာရှိတဲ့ အရိုးနဲ့ကြွက်သားတွေဟာ နေစဉ်လှုပ်ရှားနေရတဲ့အတွက် တစ်ချိန်ချိန်မှာ ဒဏ်ဖြစ်လာတတ်ပြီး နာကျင်ကိုက်ခဲမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
         ဒီထဲမှာ လည်ပင်းရှိ အရိုးအဆစ်နဲ့ ကြွက်သားတွေလည်း အပါအဝင်ဖြစ်ပြီး ကျီးပေါင်းဆိုတဲ့ရောဂါတစ်မျိုး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
         ကျီးပေါင်းဝေဒနာ ခံစားနေရသူတွေအတွက် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)     ကိုယ်အလေးချိန် လျှော့ချပါ
         သင်ဟာ အဝလွန်နေသူဖြစ်ပါက ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေတာ တွေ့ရပါလိမ့်မယ်။ ဝိတ်ကျခြင်းဖြင့် လည်ပင်းပေါ်သို့ သက်ရောက်နေသော ဖိအားတွေ နည်းပါးသွားပြီး နာကျင်ကိုက်ခဲမှုတွေ ပြေလျော့လာမှာ ဖြစ်ပါတယ်။

(၂)     အာဟာရဓာတ်များ ညီညွတ်မျှတအောင် စားသုံးပါ
         နေ့စဉ်စားသောက်သော အစားအစာတွေမှာ ကယ်ဆီယမ်၊ ဖော့စ်ဖရတ်စ်၊ ဗီတာမင်ဒီတို့ ပါဝင်အောင် စားပေးခြင်းဖြင့် အရိုးနဲ့ကြွက်သားတွေကို သန်မာစေပြီး ကျီးပေါင်းရောဂါကို သက်သာစေပါတယ်။ ဒါကြောင့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

(၃)     ရေနွေးအိတ်နဲ့ ရေခဲအိတ်ကပ်ခြင်း
         ဇက်ကြောနာကျင်တဲ့ဝေဒနာကို အလွယ်ဆုံး သက်သာစေမယ့်နည်းတစ်ခုပါပဲ။ ရေနွေးအိတ်နဲ့ ရေခဲအိတ်ကို တစ်လှည့်စီ ကပ်ပေးခြငးဖြင့် သွေးလှည့်ပတ်မှုကိုကောင်းစေပြီး ဇက်ကြောကြွက်သားတွေကို ပြေလျော့စေပါတယ်။

(၄)     ဆားခါး
         မဂ္ဂနီဆီယမ်ပါဝင်တဲ့အတွက် ကိုယ်ထဲရှိ pH ကို မျှတအောင် ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် တင်းမာနေတဲ့ ကြွက်သားတွေ ပြေလျော့စေပြီး နာကျင်ခြင်းရောင်ရမ်းခြင်းတို့ကို ကျစေပါတယ်။ ကျီးပေါင်းရှိသူတွေအနေနဲ့ ချိုးမယ့်ရေထဲကို ဆားခါးထည့်ချိုးခြင်း ပြုလုပ်နိုင်ပါတယ်။

(၅)     ကြက်သွန်ဖြူ
         အစွမ်းထက် အရောင်ကျ အာနိသင်ပါဝင်လို့ လည်ပင်ကြွက်သားရောင်ယမ်းခြင်းကို သက်သာစေပါတယ်။
         ကြက်သွန်ဖြူနှစ်မွှာနဲ့ ပျားရည်တစ်ဇွန်းစာကိုရောပြီး မနက်တိုင်း ဝါးစားပေးပါ။ အုန်းဆီအနည်းငယ်ကို ကြက်သွန်အနည်းငယ်နဲ့ ရောစပ်ပြီး အပူပေးပါ။ ရလာသောအဆီကို လည်ပင်းနဲ့ ပခုံးတွေမှာ လိမ်းပေးနိုင်ပါတယ်။

(၆)     ချင်း
         သဘာဝအရောင်ကျဆေးလို့တောင် တင်စားနိုင်ပါတယ်။ လည်ပင်းကြွက်သားတွေဆီ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး နာကျင်တာတွေ သက်သာစေပါတယ်။
         ရေနွေးဆူဆူမှာ ချင်းတစ်လက်မလောက်ကို ထည့်ပြုတ်ပြီး နေ့စဉ်သောက်သုံးပါ။

(၇)     နနွင်း
         သွေးလည့်ပတ်မှုကောင်းစေပြီး နာကျင်တာတွေ လျော့ပါးစေပါတယ်။
         ရေတစ်ဇွန်းတွင် နနွင်းမှုန့် တစ်ဇွန်းရဲ့ လေးပုံတစ်ပုံစာ ထည့်ဖျော်ပြီး လည်ပင်းတွင် လိမ်းပေးပါ။

(၈)     Apple Cider Vinegar
         ကြွက်သားတွေရဲ့ pH ကို မျှတစေတဲ့အတွက် နာကျင်တဲ့ဝေဒနာ သက်သာစေမှာ ဖြစ်ပါတယ်။
         ပန်းသီးရှာလကာရည်ထဲသို့ အပူပေးထားသော တဘက်ကိုနှစ်ပြီး လည်ပင်းတစ်ဝိုက်ကိုသ ုတ်ပေးပါ။ သက်သာတဲ့အထိ အကြိမ်များစွာ ပြုလုပ်နိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)