/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်သည်းမှိုစွဲခြင်းရောဂါအကြောင်း-သိကောင်းစရာ

လက်သည်းမှိုစွဲခြင်းရောဂါအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လက်သည်းတွေ ထူထူဝါဝါကြီးဖြစ်လာပြီး အလွယ်တကူ ကျိုးပဲ့နေတတ်ပါသလား။ ဒါဟာ လက်သည်းမှိုစွဲခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို လက်သည်းမှိုစွဲခြင်းကို ဆေးပညာအရ Onychomycosis လို့ခေါ်ပြီး လက်သည်းတွင်သာမက ခြေသည်းများတွင်လည်း ဖြစ်လေ့ရှိပါတယ်။

» လက္ခဏာများ
● လက်သည်း အရောင်ပြောင်းခြင်း
● လက်သည်း ထူလာခြင်း
● ကျိုးပဲ့လွယ်ခြင်း
● လက်သည်းမှိုစွဲခြင်းဟာ အလွန်မဆိုးရွားလျှင် မနာကျင်ပါဘူး။

» ဘာကြောင့် လက်သည်းမှိုစွဲရသလဲ ?
● ပတ်ဝန်းကျင်မှာရှိတဲ့ မှိုပိုးအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ လက်သည်းရှိ ကွဲအက်နေတဲ့အကြောင်း ဒါမှမဟုတ် လက်သည်းနားရှိ အရေပြားကနေ ပိုးတွေဝင်ရောက်ပြီး မှိုစွဲရခြင်း ဖြစ်ပါတယ်။

» ဘယ်လိုလူတွေမှာ အဖြစ်များသလဲ ?
● လက်သည်း ဒဏ်ရာရှိသူ၊ လက်သည်း ခွဲစိတ်ထားသူ
● ဆီးချိုရောဂါရှိသူ
● ကိုယ်ခံအားနည်းသူ
● သွေးလှည့်ပတ်မှု မကောင်းသူများ
● ခြေချောင်းများကြား သဲဝဲစားနေသူများ

» ကာကွယ်နည်း
● လက်နှင့်ခြေထောက်များကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
● လက်သည်း၊ ခြေသည်းများကို တိုတိုညှပ်ပါ။ သန့်ရှင်းရေး ဂရုပြုပါ။
● အများသုံး ရေချိုးခန်းများနှင့် အားကစားခန်းမတွေမှာ ဖိနပ်မစီးဘဲ လမ်းမလျှောက်ပါနှင့်။
● လက်သည်းညှပ်ကို သူများနှင့် မျှဝေသုံးစွဲခြင်း မပြုလုပ်ပါနှင့်။

» ကုသနည်း
● ဆရာဝန်ညွန်ကြားချက်ဖြင့် ပိုးသတ်ဆေးများ သောက်သုံးခြင်း
● လိုအပ်ပါက လက်သည်းခွံကို ချွတ်ပစ်ခြင်းနည်းများဖြင့် ကုသနိုင်ပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)