/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးထဲတွင်-ရက်-၂၀-ထိ-အသက်ရှင်နိုင်သော-covid-19-ဗိုင်းရပ်စ်ပိုး

မျက်လုံးထဲတွင် ရက် ၂၀ ထိ အသက်ရှင်နိုင်သော Covid-19 ဗိုင်းရပ်စ်ပိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အီတလီနိုင်ငံရှိ Covid-19 ကူးစက်ခံရသူတစ်ဦးကို လေ့လာမှုတစ်ခု ပြုလုပ်ရာတွင် သူမရဲ့ နှာခေါင်းမှာထက် မျက်လုံးထဲမှာ Covid-19 ဟာ အချိန်ပိုမိုကြာမြင့်စွာနေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
●  အီတလီနိုင်ငံရဲ့ ပထမဆုံးသော Covid-19 positive လူနာဟာ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး သူမအား ရောမမြို့တွင်ရှိသော ကူးစက်ရောဂါဆေးရုံရဲ့ သီးသန့်ကုသဆောင်မှာထားပြီး စောင့်ကြည့်ခဲ့ပါတယ်။ သူမဟာ ချောင်းခြောက်ဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့အပြင် နှာခေါင်းအတွင်းခန်း ရောင်ရမ်းခြင်းနှင့် မျက်စိနှစ်ဖက်လုံးနာခြင်းတို့ကို ခံစားခဲ့ရပါတယ်။ ဒီနောက်မှာတော့ ဖျားနာခြင်းနှင့် ပျို့အန်ခြင်းတို့ကိုပါ ခံစားလာရပါတယ်။ သူမ ဆေးရုံတက်ပြီး ၃ ရက်မြောက်နေ့တွင် မျက်လုံးဆီကနေ တို့ဖတ်ယူပြီး စစ်ဆေးတဲ့အခါမှာတော့ မျက်လုံးတွင်လည်း ဗိုင်းရပ်စ်ကောင်ရေ အနည်းငယ်ရှိနေတာ တွေ့ရပါတယ်။
သူမ ဆေးရုံတက်ပြီး ၂၁ ရက်မြောက်ထိ မျက်စိတွင် ဗိုင်းရပ်စ်တွေ့ရဆဲ ဖြစ်ပါတယ်။ သူမရဲ့ မျက်စိရောင်ခြင်းကတော့ ၁၅ ရက်မြောက်တွင် စတင်သက်သာလာပြီး ရက် ၂၀ မြောက်မှာ ပျောက်ကင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၇ ရက်မြောက်နေ့မှာတော့ ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ ဆရာဝန်များအနေနှင့် နှာခေါင်းတို့ဖတ်များတွင် ပိုးတစ်ကောင်မှ မတွေ့တော့သည့်တိုင်အောင် မျက်စိမှရသော တို့ဖတ်များတွင် ပိုးများကို တွေ့ရှိဆဲဖြစ်တဲ့အတွက် Covid-19 ဟာ မျက်စိကထွက်သော အရည်တွေကနေလည်း ပျံ့နှံ့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
●  အမေရိကန်နိုင်ငံ Boston Medical Center ရှိ တွဲဖက်ပါမောက္ခတစ်ဦးကတော့ ကျွနု်ပ်တို့ရဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်တို့ဟာ ဆက်စပ်နေတာမို့ အသက်ရှူလမ်းကြောင်းဝေဒနာများတွင် မျက်စိရောင်ရမ်းခြင်းကလည်း အဖြစ်များသော ဝေဒနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
●  ဒါကြောင့်မို့ ကျန်းမာရေးဝန်ထမ်းများအနေနှင့်လည်း လူနာနှင့် ထိတွေ့ဆက်ဆံရပါက နှာခေါင်းစည်းတပ်ရုံတင်မကဘဲ မျက်စိကို ဖုံးအုပ်နိုင်မယ့် မျက်မှာ အကာအကွယ် (face shield) လိုမျိုးကိုပါ တပ်ဆင်ဖို့ အကြံပေးထားသလို လူတိုင်းအနေနဲ့လည်း အပြင်သွားတဲ့အခါ နှာခေါင်းစည်းတပ်ခြင်းအပြင် မျက်စိနှင့်မျက်နှာကိုပါ ကာကွယ်မှုများ ပြုလုပ်ပြီးသွားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)