/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘတ်စ်ကားစီးရာကနေ-ရောဂါပိုးမကူးအောင်-ဘယ်လိုကာကွယ်ကြမလဲ

ဘတ်စ်ကားစီးရာကနေ ရောဂါပိုးမကူးအောင် ဘယ်လိုကာကွယ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကားစီးတဲ့အခါမှာလည်း သတိပြုကြဖို့ လိုပါတယ်။
ကားဟာလည်း အလုံပိတ်နေရာဖြစ်တာမို့ ကားပေါ်မတက်မီနဲ့ ကားပေါ်ကဆင်းတိုင်း hand sanitizer ကို အသုံးပြုပါ။ ယာဉ်မောင်းအနေနဲ့လည်း ခရီးသည်ဆင်းသွားတိုင်း မှန်တွေကိုချပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်သင့်ပါတယ်။
တကယ်လို့် အရှေ့က ခရီးသည်မှာ ရောဂါကူးစက်ခံထားရတယ် ဆိုပါစို့။ လွန်ခဲ့သောငါးမိနစ်လောက်က သူ ချောင်းဆိုးသွားတယ်ဆိုပါက ကားမှန်တွေကို ၃ မိနစ်လောက် ဖွင့်ပေးခြင်းဖြင့် လေထုကို ပြန်လည်သန့်စင်ရပါမယ်။ ဒီလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရောဂါရှိသူဆီက အမှုန်အမွှားတွေက ကြာရှည်စွာ မခိုအောင်းနိုင်ပါဘူး။
ထို့အပြင် တတ်နိုင်သမျှ အိမ်ထဲမှာနေခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လက်ဆေးခြင်း၊ အာဟာရပြည့်ဝအောင် စားခြင်းဖြင့် သင်နဲ့ သင့်မိသားစုကို ကပ်ဘေးကနေ ကာကွယ်ကြရအောင်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)