/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နွေရာသီမှာ-ပိုမိုကျန်းမာကြံ့ခိုင်စေဖို့-လေ့ကျင့်ခန်းများ

နွေရာသီမှာ ပိုမိုကျန်းမာကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပူပြင်းခြောက်သွေ့တဲ့နွေရာသီမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေက မသင့်တော်တာတော့ အမှန်ပါပဲနော်။ ဒါပေမဲ့ ကျန်းမာဖို့ဆိုတာကလည်း မျှတကောင်းမွန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လိုအပ်သေးတာမို့ ခန္ဓာကိုယ်လည်း ကြံ့ခိုင်၊ လူလည်း ပိုကျန်းမာလာဖို့ နွေရာသီမှာ ဘယ်လိုလေ့ကျင့်ခန်းလေးတွေလုပ်ရင် ကောင်းမလဲ။
●  မနှေးမမြန် အပြေးကလေး လမ်းလျှောက်ခြင်းက ပင်လည်းမပင်ပန်း၊ ခြေကျင်းဝတ်ကိုလည်း ဒဏ်မပါတဲ့အပြင် သိပ်လည်းမပင်ပန်းတာကြောင့် ချွေးလေးစိုရုံလောက်လေးနဲ့ နေလို့ကောင်းသွားစေမှာပါ။
●  တောင်တက်တာက ကျန်းမာရေးကောင်းစေတဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့လည်း ကြုံဆုံရတာကြောင့် မနက်စောစော တောင်တက်ကြည့်ပါဦး။ ဖြည်းဖြည်းချင်း ရပ်လိုက်၊ တက်လိုက် လုပ်ခြင်းကြောင့် သိပ်မပန်းတဲ့ ကိုယ်လက်လှုပ်ရှားမှုဖြစ်တဲ့အပြင် ကောင်းကောင်းလည်း အိပ်ပျော်စေသတဲ့။
●  အားနေရင် တီဗီဖွင့်၊ အင်တာနက်ကနေ ယောဂလေ့ကျင့်ခန်းလေးတွေ လိုက်လုပ်ကြည်ပါ။ အိမ်တွင်းမှာပဲ အေးအေးလူလူ မပင်မပန်းလုပ်ရတာပေါ့။
●  အကြောဖြေလျှော့ လေ့ကျင့်ခန်းတွေက မပြင်းထန်တဲ့အပြင် အကြောတွေလည်းပြေ သွေးလည်ပတ်မှုကောင်းတာကြောင့် အကြောဆန့်ထုတ်တာ၊ ဖြေလျှော့တာတွေ ဖျာလေးခင်းပြီး လုပ်ကြည့်ပါဦး။
●  ထိုင်ထ၊ ခုံလေးကိုကိုင်ပြီး အကွေးအဆန့်၊ မဆုံးထိမထိုင်ဘဲ တစ်ဝက်မှာသာ ထိုင်ပြီးပြန်ထတာနဲ့ အိပ်ထမတင် စတာတွေက သိပ်လည်းမပြင်းထန် အိမ်တွင်းမှာသာ၊ အရိပ်ထဲမှာသာ သက်သောင့်သက်သာ လုပ်လို့ရတာကြောင့် ကြိုးစားကြည့်ကြပါနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)