/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်-ခေါင်းကိုက်ခြင်း၊-ဟောက်ခြင်းနဲ့-ညအိပ်မပျော်ခြင်း

နာတာရှည် ခေါင်းကိုက်ခြင်း၊ ဟောက်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဆက်စပ်မှုရှိသလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ညဘက် ဟောက်တတ်တဲ့သူတွေများ ရှိကြမလား။ ဒါဆိုရင်တော့ ညဘက်ဟောက်တတ်သူ အများစု ဟာ နေ့စဉ်ခေါင်းကိုက်ခြင်းနဲ့ကြုံတွေ့စေဖို့ အလားအလာများတယ်လို့ ပညာရှင်များ ရှာဖွေတွေ့ရှိ ထားပါတယ်။ ဒီလိုပဲ ညဘက်အိပ်မပျော်သူတွေမှာလည်း ခေါင်းကိုက်ခြင်းဖြစ်ပေါ်ဖို့ အခွင့်အလမ်းများ ပါတယ်။

ညအိပ်မပျော်ခြင်းက ဟောက်ခြင်းထက်တောင်မှ ခေါင်းကိုက်ခြင်းနဲ့ ရင်ဆိုင်ရဖို့ အလားအလာပိုများ သေးတယ်လို့ ၂၀၁၀ က လေ့လာချက်တစ်ခုတွင် ဖော်ပြထားပါသေးတယ်။

ထိုလေ့လာချက်မှာဆိုရင် ကာလကြာရှည်စွာ နေ့စဉ်ခေါင်းကိုက်သူများရဲ့ သုံးပုံနှစ်ပုံဟာဆိုရင် ညအိပ် မပျော်သူများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

>> ခေါင်းကိုက်ပုံအမျိူးအစား

နာတာရှည်ခေါင်းကိုက်ခြင်းဟုဆိုရာတွင် တစ်လလျှင် အနည်းဆုံး၁၅ရက်ခန့် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်းကို ဆိုလိုပါတယ်။ နာတာရှည်ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းတွေက တော့-

-စိတ်ဖိစီးမှုကြောင့် နာတာရှည်ခေါင်းကိုက်ခြင်း

-နာတာရှည်ခေါင်းတစ်ခြမ်းကိုက်ခြင်း

-နေ့စဉ်ခေါင်းကိုက်ခြင်းနဲ့အတူ အလင်းစူးမခံနိုင်ခြင်း၊ ပျို့အန်ခြင်း

Bio Adult 1

>> ဘယ်လိုကုသမလဲ

ကြက်ဥနဲ့ ကြက် ဥပမာလိုပါပဲ။ နာတာရှည်ခေါင်းကိုက်ခြင်းကြောင့် ညအိပ်မပျော်စေသလို ညအိပ်မ ပျော်ခြင်းကြောင့်လည်း နာတာရှည်ခေါင်းကိုက်စေပါတယ်။ ထိုအချက်နှစ်ချက်လုံးကလည်း ခေါင်းတစ် ခြမ်းကိုက်ခြင်းခေါ် မိုင်ဂရိမ်းကိုဖြစ်ပေါ်စေမယ့် အကြောင်းရင်းဆိုလည်း မမှားပါဘူး။ ဒါကြောင့် ညအိပ် မပျော်ခြင်း၊ နာတာရှည်ခေါင်းကိုက်ခြင်းတို့နဲ့ ရင်ဆိုင်နေရပါက အာရုံကြောဆရာဝန်နဲ့ အမြန်ဆုံးပြသ ဆွေးနွေးဖို့ အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

Bio Adult 2

ညဘက္ ေဟာက္တတ္တဲ့သူေတြမ်ား ရွိၾကမလား။ ဒါဆိုရင္ေတာ့ ညဘက္ေဟာက္တတ္သူ အမ်ားစု ဟာ ေန႔စဥ္ေခါင္းကိုက္ျခင္းနဲ႔ႀကံဳေတြ႕ေစဖို႔ အလားအလာမ်ားတယ္လို႔ ပညာရွင္မ်ား ရွာေဖြေတြ႕ရွိ ထားပါတယ္။ ဒီလိုပဲ ညဘက္အိပ္မေပ်ာ္သူေတြမွာလည္း ေခါင္းကိုက္ျခင္းျဖစ္ေပၚဖို႔ အခြင့္အလမ္းမ်ား ပါတယ္။

ညအိပ္မေပ်ာ္ျခင္းက ေဟာက္ျခင္းထက္ေတာင္မွ ေခါင္းကိုက္ျခင္းနဲ႔ ရင္ဆိုင္ရဖို႔ အလားအလာပိုမ်ား ေသးတယ္လို႔ ၂၀၁၀ က ေလ့လာခ်က္တစ္ခုတြင္ ေဖာ္ျပထားပါေသးတယ္။

ထိုေလ့လာခ်က္မွာဆိုရင္ ကာလၾကာရွည္စြာ ေန႔စဥ္ေခါင္းကိုက္သူမ်ားရဲ႕ သံုးပံုႏွစ္ပံုဟာဆိုရင္ ညအိပ္ မေပ်ာ္သူမ်ားျဖစ္တယ္လုိ႔ ေဖာ္ျပထားပါတယ္။

>> ေခါင္းကိုက္ပံုအမ်ိဴးအစား

နာတာရွည္ေခါင္းကိုက္ျခင္းဟုဆိုရာတြင္ တစ္လလွ်င္ အနည္းဆံုး၁၅ရက္ခန္႔ ေခါင္းကိုက္ေ၀ဒနာ ခံစားရျခင္းကို ဆိုလိုပါတယ္။ နာတာရွည္ေခါင္းကိုက္ျခင္းကို ျဖစ္ေပၚေစေသာ အေျကာင္းရင္းေတြက ေတာ့-

-စိတ္ဖိစီးမွုေျကာင့္ နာတာရွည္ေခါင္းကိုက္ျခင္း

-နာတာရွည္ေခါင္းတစ္ျခမ္းကိုက္ျခင္း

-ေန႔စဥ္ေခါင္းကိုက္ျခင္းနဲ႔အတူ အလင္းစူးမခံႏုိင္ျခင္း၊ ပ်ဳိ႕အန္ျခင္း

 

>> ဘယ္လိုကုသမလဲ

ၾကက္ဥနဲ႔ ၾကက္ ဥပမာလိုပါပဲ။ နာတာရွည္ေခါင္းကိုက္ျခင္းေၾကာင့္ ညအိပ္မေပ်ာ္ေစသလို ညအိပ္မ ေပ်ာ္ျခင္းေၾကာင့္လည္း နာတာရွည္ေခါင္းကိုက္ေစပါတယ္။ ထိုအခ်က္ႏွစ္ခ်က္လံုးကလည္း ေခါင္းတစ္ ျခမ္းကိုက္ျခင္းေခၚ မိုင္ဂရိမ္းကိုျဖစ္ေပၚေစမယ့္ အေၾကာင္းရင္းဆိုလည္း မမွားပါဘူး။ ဒါေၾကာင့္ ညအိပ္ မေပ်ာ္ျခင္း၊ နာတာရွည္ေခါင္းကိုက္ျခင္းတို႔နဲ႔ ရင္ဆုိင္ေနရပါက အာ႐ံုေၾကာဆရာ၀န္နဲ႔ အျမန္ဆံုးျပသ ေဆြးေႏြးဖို႔ အႀကံေပး တင္ျပလုိက္ပါတယ္။

ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)