/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ထိပ်ခတ်နာကြောင့်-ခေါင်းကိုက်ခြင်း

ထိပ်ခတ်နာကြောင့် ခေါင်းကိုက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ထိတ်ခတ်နာဆိုတာ နဖူး၊ နှာခေါင်းနဲ့ ပါးဆုံရိုးတို့မှာ ရှိနေတဲ့ လေပေါက်ငယ်လေးများထဲသို့ ပိုးဝင်၍ဖြစ်စေ၊ ခန္ဓာကိုယ်တွင်း ဓာတ်မတည့်မှု တစ်ခုခုကြောင့်ဖြစ်စေ ထိုလေပေါက်ငယ်လေးများ ရောင်ရမ်းပိတ်ဆို့ခြင်းကြောင့် ဖျားနာခြင်း၊ နှာစေး၊ နှာမွှန်ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
      အဲ့ဒီလေပေါက်ငယ်လေးတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။
      ဒါကြောင့် ထိပ်ခတ်နာဖြစ်တဲ့အခါ အဲဒီ့နေရာတွေတစ်ဝိုက်မှာ နာကျင်ကိုက်ခဲရတာပဲ ဖြစ်ပါတယ်။

>>    ကာကွယ်နည်း
●      ဓာတ်မတည့်တာတွေကို ရှောင်ပါ။
●      နှာခေါင်းတွင်း စိုစွတ်မှုကို ထိန်းသိမ်းရန် နှာခေါင်းဖြန်းဆေး ဖြန်းခြင်း၊ ရေနွေးငွေ့ရှူခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။
●      ကိုယ်ခံအားကောင်းမွန်စေတဲ့ အစားအသောက်များကို စားပါ။
●      ရောဂါပိုးများ အလွယ်တကူ မဝင်နိုင်စေရန် အိပ်ရေးဝအောင်အိပ်ပါ။ လက်ကို မကြာခဏဆေးပါ။ ဆေးလိပ်၊ အရက် သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်ပါ။

>>    ကုသနည်း
●      လေပေါက်ငယ်များအတွင်းရှိ ပိတ်နေတဲ့ချွဲများ ပျော်သွားစေရန် ရေကို လုံလောက်စွာ သောက်ပါ။
●      ဆားရည်သန့်သန့်ကို နှာခေါင်းထဲ ဖြန်းပေးပါ။
●      လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ကုသပြီး နှာစေးပျောက်ဆေးနဲ့ ပိုးသတ်ဆေးများကို သောက်သုံးဖို့ လိုပါတယ်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)